နေ့စဥ်သတင်း

ဘန်ကောက်တွင် မီးရထားလိုင်းလုပ်ငန်းခွင် မြေကျွံမှုကြောင့် အနီးရှိလူပေါင်း ၆၀ ကို အရေးပေါ် ရွှေ့ပြောင်း

မဲခေါင် 10 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၀ ဘန်ကောက်မြို့၊ ကလောင်ဆန်ခရိုင်တွင် ဆောက်လုပ်နေသည့် ခရမ်းရောင်မီးရထားလိုင်း မြေအောက်လိုဏ်ခေါင်းလုပ်ငန်းခွင်အနီး ရေယိုစိမ့်မှုဖြစ်ခဲ့သော နေရာအနီး အဆောက်အအုံများတွင် နေထိုင်သူများကို ဘန်ကောက်မြို့အာဏာပိုင်များက ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။ ရေယိုစိမ့်မှုကြောင့် မြေကျွံမှုဖြစ်ခဲ့သော ဝမ်ဝီယန်လမ်းဆုံအနီးမှ အ‌ဆောက်အအုံများအား အသုံးပြုခြင်းကို ဆိုင်းငံ့ထားရန် ကလောင်ဆန်ခရိုင်အကြီးအကဲ ဆိုရာဆစ် လွမ်ဂရွန်ကီယက်က ယမန်နေ့ညက ပြောကြားခဲ့သည်။ ရေယိုစိမ့်မှုမှာ မြေအောက် မီတာ ၃၀ တွင် ဖြစ်ပေါ်ခဲ့သည်။ ဝမ်ဝီယန်အဝိုင်းနှင့် ကပ်လျက် ပရာချာသီပေါ့လမ်းအောက်တွင် ဖြစ်ပေါ်ခဲ့သော မြေအောက် ရထားလမ်းလိုဏ်ခေါင်းထဲသို့ ရေယိုစိမ့်မှုသည် လိုဏ်ခေါင်းအဆောက်အဦနှင့် အနီးအနား အဆောက်အအုံများကို ပျက်စီးမှု ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် လမ်းပိတ်ထားခြင်းမှာ ပြည်သူလူထု လုံခြုံရေးအတွက်

မဲခေါင်၊ ဇူလိုင် ၁၀

ဘန်ကောက်မြို့၊ ကလောင်ဆန်ခရိုင်တွင် ဆောက်လုပ်နေသည့် ခရမ်းရောင်မီးရထားလိုင်း မြေအောက်လိုဏ်ခေါင်းလုပ်ငန်းခွင်အနီး ရေယိုစိမ့်မှုဖြစ်ခဲ့သော နေရာအနီး အဆောက်အအုံများတွင် နေထိုင်သူများကို ဘန်ကောက်မြို့အာဏာပိုင်များက ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

ရေယိုစိမ့်မှုကြောင့် မြေကျွံမှုဖြစ်ခဲ့သော ဝမ်ဝီယန်လမ်းဆုံအနီးမှ အ‌ဆောက်အအုံများအား အသုံးပြုခြင်းကို ဆိုင်းငံ့ထားရန် ကလောင်ဆန်ခရိုင်အကြီးအကဲ ဆိုရာဆစ် လွမ်ဂရွန်ကီယက်က ယမန်နေ့ညက ပြောကြားခဲ့သည်။ ရေယိုစိမ့်မှုမှာ မြေအောက် မီတာ ၃၀ တွင် ဖြစ်ပေါ်ခဲ့သည်။

ဝမ်ဝီယန်အဝိုင်းနှင့် ကပ်လျက် ပရာချာသီပေါ့လမ်းအောက်တွင် ဖြစ်ပေါ်ခဲ့သော မြေအောက် ရထားလမ်းလိုဏ်ခေါင်းထဲသို့ ရေယိုစိမ့်မှုသည် လိုဏ်ခေါင်းအဆောက်အဦနှင့် အနီးအနား အဆောက်အအုံများကို ပျက်စီးမှု ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် လမ်းပိတ်ထားခြင်းမှာ ပြည်သူလူထု လုံခြုံရေးအတွက် ဖြစ်ကြောင်း ခရိုင်အကြီးအကဲက ပြောသည်။

Purple Line ကို ပိုင်ဆိုင်သော Mass Rapid Transit Authority (MRTA) အဖွဲ့က ရွှေ့ပြောင်းခဲ့ရသော ဒေသခံများအတွက် နေထိုင်စရာ စီစဉ်ပေးရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်က ဒူဆစ်ခရိုင်၊ ဆမ်ဆင်လမ်းမပေါ်တွင် ကြီးမားသော မြေကျွှံကျင်းကြီး ဖြစ်စေခဲ့သော Purple Line သည်ပင် ယခု ရေယိုစိမ့်၍ မြေကျွှံသည့် ဖြစ်ရပ်တွင် ထပ်မံ၍ ပါဝင်ပတ်သက်ခြင်း ဖြစ်ကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ချတ်ဆစ်တီပန့်က ယမန်နေ့တွင် ပြောသည်။

ယခု နောက်ဆုံးဖြစ်ရပ်တွင် မြေအောက်လိုဏ်ခေါင်း၏ အောက်ဆုံးအပိုင်းသို့ ရေများစိမ့်ဝင်သွားခဲ့ရာမှ မြေကျွှံမှု ဖြစ်ပွားကာ အနီးအနားမှ အဆောက်အအုံများကိုပါ ထိခိုက်ခဲ့ကြောင်း ချက်ချတ်က ပြောသည်။

ယင်းလုပ်ငန်းခွင်၏ မီတာ ၃၀ ပတ်လည် ဧရိယာတွင် ရေယိုစိမ့်မှု၊ မြေကြီးအနိမ့်အမြင့် နှင့် အဆောက်အဦးများ အခြေအနေကို ဘန်ကောက်မြို့တော်အုပ်ချုပ့်ရေးအဖွဲ့ – BMA နှင့် MRTA တို့က စောင့်ကြည့်နေကြောင်းနှင့် အနီးအနား အဆောက်အဦးများတွင် နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။

တုန်ခါမှုလျော့ပါးစေရန် ပရာချာသီပေါ့လမ်းကိုလည်း ဝမ်ဝီယမ်အဝိုင်းမှ ဘန်ကာယက်လမ်းဆုံအထိ မီတာ ၂၀၀ ခန့် ပိတ်ထားကြောင်း သိရသည်။

တည်ဆောက်မှုပိုင်းဆိုင်ရာ အန္တရာယ်များကို သိရှိနိုင်ရန် အခင်းဖြစ်ပွားသည့် နေရာ အနီးအနား အဆောက်အအုံများတွင် ဆင်ဆာများ တပ်ဆင်၍ အချိန်နှင့်တပြေးညီ စောင့်ကြည့်နေကြောင်း သိရသည်။

အေးကျော်
Ref:Bangkok Post /The Nation
#MeKongNews
#ဘန်ကောက်
#မီးရထားလိုင်းလုပ်ငန်းခွင်
#မြေကျွံမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now