နေ့စဥ်သတင်း

ရှမ်းတောင်တွင် နာနတ်သီး အထွက်နည်းသဖြင့် ဈေးကောင်းရနေ

မဲခေါင် 7 Jul - 2026
မဲခေါင်၊ ဇူလိုင် ၇ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသရှိ တောင်သူများက ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိနေကြောင်း မဲခေါင်သို့ ပြောကြားသည်။ တောင်သူများ၏ ပြောကြားချက်အရ လက်ရှိတွင် နာနတ်သီးများကို အဝယ်ဒိုင်ပွဲစားများက ကျေးရွာအထိ လာရောက်ဝယ်ယူနေပြီး ဒေသတွင်းဈေးများတွင်လည်း ရောင်းချနိုင်သဖြင့် ဈေးကွက်အခြေအနေမှာ ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ ယခုနှစ် နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း စိုက်ပျိုးပြုစုမှု ကောင်းမွန်သည့်ခြံများတွင် အသီးအရွယ်အစားကြီးမားပြီး အရသာချိုမြိန်ကာ ဈေးကွက်ဝင်အရည်အသွေး ရရှိနေကြောင်း တောင်သူများက ဆိုသည်။ “မနှစ်က နာနတ်သီးတစ်လုံးကို ကျပ် ၁,၃၀၀ ကနေ ၁,၅၀၀ လောက်ပဲ

မဲခေါင်၊ ဇူလိုင် ၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသရှိ တောင်သူများက ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးနှုန်းမြင့်တက်လာပြီး ဈေးကောင်းရရှိနေကြောင်း မဲခေါင်သို့ ပြောကြားသည်။

တောင်သူများ၏ ပြောကြားချက်အရ လက်ရှိတွင် နာနတ်သီးများကို အဝယ်ဒိုင်ပွဲစားများက ကျေးရွာအထိ လာရောက်ဝယ်ယူနေပြီး ဒေသတွင်းဈေးများတွင်လည်း ရောင်းချနိုင်သဖြင့် ဈေးကွက်အခြေအနေမှာ ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

ယခုနှစ် နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း စိုက်ပျိုးပြုစုမှု ကောင်းမွန်သည့်ခြံများတွင် အသီးအရွယ်အစားကြီးမားပြီး အရသာချိုမြိန်ကာ ဈေးကွက်ဝင်အရည်အသွေး ရရှိနေကြောင်း တောင်သူများက ဆိုသည်။

“မနှစ်က နာနတ်သီးတစ်လုံးကို ကျပ် ၁,၃၀၀ ကနေ ၁,၅၀၀ လောက်ပဲ ရခဲ့ပေမယ့် အခုတော့ ကျပ် ၂,၀၀၀ ကနေ ၂,၃၀၀ အထိ ရောင်းချနိုင်နေပါတယ်။ အထွက်နည်းတာကြောင့် ဈေးကောင်းရနေတာပါ” ဟု ဒေသခံစိုက်ပျိုးတောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

နာနတ်သီးသည် တစ်နှစ်လျှင် မိုးရာသီနှင့် နွေရာသီဟူ၍ နှစ်ကြိမ်ထွက်ရှိလေ့ရှိပြီး နွေရာသီတွင် အထွက်များပါက မိုးရာသီတွင် အထွက်နည်းတတ်ကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ခန့်အထိ အထွက်ကောင်းမွန်သော်လည်း သက်တမ်းရင့်လာသည်နှင့်အမျှ အထွက်နှုန်း လျော့နည်းလာကြောင်း သိရသည်။

လက်ရှိထွက်ရှိသည့် နာနတ်သီးများကို ပြည်တွင်းဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေပြီး ရန်ကုန်မြို့သို့ အဝယ်ဒိုင်ပွဲစားများမှ တင်ပို့ရောင်းချသည့်အပြင် တောင်ကြီးမြို့နှင့် ဒေသတွင်းဈေးဆိုင်များတွင်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

တောင်သူများက သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း လက်ရှိဈေးနှုန်းဖြင့် တွက်ခြေကိုက်နေကြောင်း၊ သို့သော် အခြားဒေသများတွင် နာနတ်သီးအထွက် များလာပါက ဈေးနှုန်းကျဆင်းနိုင်သဖြင့် ဈေးကွက်တည်ငြိမ်မှုကို မျှော်လင့်ထားကြောင်း ပြောသည်။

ထို့ပြင် နာနတ်သီးအထွက်များသည့် ကာလများတွင် အသီးသေးငယ်ခြင်း၊ နေပူဒဏ်ကြောင့် ပုပ်ပွခြင်းများကြောင့် ရောင်းချရန် အခက်အခဲများ ကြုံတွေ့ရသဖြင့် ယို၊ ဖျော်ရည်နှင့် အခြားတန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အိမ်တွင်းမှုလုပ်ငန်းဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးစေလိုကြောင်း တောင်သူများက တိုက်တွန်းခဲ့သည်။

ထို့ပြင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကုန်သည်ပွဲစားများ ပိုမိုဝင်ရောက်လာရန် လိုအပ်နေပြီး စားသုံးသူနှင့် စိုက်ပျိုးသူ နှစ်ဖက်စလုံးအတွက် မျှတ၍ တည်ငြိမ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်စေရန် လိုအပ်ကြောင်း ဒေသခံတောင်သူများက ပြောကြားခဲ့သည်။

#MeKongNews
#ရှမ်းတောင်
#နာနတ်သီး
#အထွက်နည်း
#ဈေးကောင်းရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now