မဲခေါင်၊ ဇူလိုင် ၂
သေနတ်ရှည်များ ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၄ဦးက ကျိုင်းတုံမြို့၊ အမှတ် ၄ ရပ်ကွက် နွဲနော်ရပ်ရှိ ကိုစိုင်းလွတ် ပရိဘောဂနှင့်အိမ်သုံးပစ္စည်းအရောင်းဆိုင်သို့ ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ အမျိုးသမီးငယ်ကို ပြန်ပေးဆွဲသွားကြောင်း ကနဦးသိရသည်။
ယနေ့ ဇူလိုင်လ ၂ရက်၊ နေ့လယ်ပိုင်းက ဝင်ရောက်ပြန်ပေးဆွဲသွားခြင်း ဖြစ်ကြောင်း၊ ပြန်ပေးဆွဲသူများမှာ အိမ်စီးကားတစ်စီးဖြင့် ရောက်လာခြင်းဖြစ်ပြီး ၄ဦးစလုံး သေနတ်အရှည်များ ကိုင်ဆောင်ထားကြောင်း သိရသည်။
“၄ ယောက်လုံး အရှည်တွေ ကိုင်ထားတာ။ ကောင်မလေးက ဆိုင်ရှင်ရဲ့ သမီးလို့ သိရတယ်။ အတင်းဆွဲခေါ်ပြီး ကားပေါ်တင်သွားကြတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း ကျိုင်းတုံမြို့ပေါ်တွင် ရွှေဆိုင်ပိုင်ရှင်ကို နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ကာ ရွှေထည်များ လုယက်မှု ဖြစ်ပွါးခဲ့သေးသည်။
#MeKongNews
#ကျိုင်းတုံ
#ပြန်ပေးဆွဲ
#လက်နက်ကိုင်
#ပရိဘောဂဆိုင်








