ကမ္ဘာ့သတင်း

ရုရှား လေကြောင်းတိုက်ခိုက်မှုအတွင်း ကိဗ်မြို့တွင် ၈ ဦး သေဆုံး၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ

မဲခေါင် 2 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂ ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော် ကိဗ်ကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းများနှင့် ဒုံးကျည်များက လူနေအဆောက်အဦးများကို ထိမှန်ပြီး မြို့လယ်လမ်းမကြီးတစ်ခုရှိ ဟိုတယ်တစ်လုံး မီးလောင်ခဲ့ပြီးနောက် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကာ ၃ ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ညဘက်တွင် တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်းကို ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလန်စကီးက အစောပိုင်းတွင် သတိပေးခဲ့ကာ အိုင်ယာလန်က အီးယူအဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကို ၆ လ စတင်တာဝန်ယူချိန်၌ ဒပ်ဘလင်မြို့တော်တို့ ၎င်းသွား‌ရောက်သည့် ခရီးစဉ်ကာလကို လျှော့ချလိုက်ကြောင်းလည်း ဇီလန်စကီးက ပြောသည်။ ရုရှားတို့၏ တိုက်ခိုက်မှုအတွင်း လူ ၈ ဦး သေဆုံးသွားခဲပြီး မြို့တော်တစ်ဝန်း

မဲခေါင်၊ ဇူလိုင် ၂

ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော် ကိဗ်ကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းများနှင့် ဒုံးကျည်များက လူနေအဆောက်အဦးများကို ထိမှန်ပြီး မြို့လယ်လမ်းမကြီးတစ်ခုရှိ ဟိုတယ်တစ်လုံး မီးလောင်ခဲ့ပြီးနောက် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကာ ၃ ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညဘက်တွင် တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်းကို ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလန်စကီးက အစောပိုင်းတွင် သတိပေးခဲ့ကာ အိုင်ယာလန်က အီးယူအဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကို ၆ လ စတင်တာဝန်ယူချိန်၌ ဒပ်ဘလင်မြို့တော်တို့ ၎င်းသွား‌ရောက်သည့် ခရီးစဉ်ကာလကို လျှော့ချလိုက်ကြောင်းလည်း ဇီလန်စကီးက ပြောသည်။

ရုရှားတို့၏ တိုက်ခိုက်မှုအတွင်း လူ ၈ ဦး သေဆုံးသွားခဲပြီး မြို့တော်တစ်ဝန်း နေရာပေါင်း ၃၀ ကျော်၌ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့တော်စစ်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ တိုင်မာကာချင်ကိုက ပြောကြားပြီး အသေးစိတ်ကိုတော့ မပြော‌ပေ။

တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက တယ်လီဂရမ်ပေါ်တွင် သီးခြားပြောကြားခဲ့ကာ တိုက်ရိုက်ထိမှန်သောကြောင့် လူနေအ‌ဆောက်အဦးတစ်ခု ပထမထပ်မှ ဆဌမထပ်အထိ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဆက်ပြောသည်။

မနက်မိုးလင်းချိန်တွင် ၉ ထပ်မြင့်သော အဆောက်အဦး၏ အပျက်အစီးများအတွင်း အ‌ရေးပေါ်ဌာနမှ ဝန်ထမ်းများ အလုပ်လုပ်နေကြသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ဒဏ်ရာရရှိသူများတွင် အရေးပေါ်ဌာနတစ်ခုမှ ‌ဆေးဘက်ပညာသည်များနှင့် ယာဉ်မောင်းများ ပါဝင်ကြောင်းနှင့် အချို့လူများမှာ ပြိုကျသွားသော လူနေအဆောက်အဦးများအောက်တွင် ပိတ်မိနေကြဆဲ ဖြစ်ကြောင်း မြို့တော်ဝန်ကလစ်ချ်ကိုက အစောပိုင်းပို့စ်တစ်ခုတွင် ပြောကြားသည်။

မြို့လယ်ချက်ဖ်ချင်ကိုလမ်းမကြီးပေါ်ရှိ အဆောက်အအုံတစ်ခု၏ အပေါ်ပိုင်းတွင် အထိန်းအကွပ်မဲ့စွာ မီးများ လောင်ကျွမ်းနေသည်ကို အွန်လိုင်းမှ ရုပ်ပုံများတွင် မြင်တွေ့ရပြီး မြို့၏အခြားနေရာများ၌ ပြတင်းပေါက်များ ပွင့်ထွက်ပြီး ကားများ ပျက်စီးနေသည်ကို မြင်ရသည်။

မြို့တော်တွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းဌာန မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ဇွန်လလယ်နောက်ပိုင်း ယူကရိန်းအပေါ် ရုရှား၏ အဆိုးရွားဆုံး တိုက်ခိုက်မှုတွင် ယမန်နေ့က ယူကရိန်းနိုင်ငံ၏ ဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်များ ဆူညံနေခဲ့ကာ လူအများအပြားကလည်း ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များ ပစ္စည်းပစ္စယများ၊ ယာယီတဲများကိုယူ၍ ခိုလှုံရာနေရာများ မြေအောက်ဘူတာရုံများသို့ သွားနေသည်ကို မြင်တွေ့ရသည်။

အေးကျော်
Ref:Reuters
#MeKongNews
#ရုရှား
#လေကြောင်းတိုက်ခိုက်မှု
#ကိဗ်မြို့
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now