မဲခေါင်၊ မေ ၂၂
ဟော်မုဇ်ရေလက်ကြား ပိတ်ထားခြင်းသည် မဟာမိတ်များအားလုံးကို ထိခိုက်နေသောကြောင့် ၎င်းရေလက်ကြားပြန်ဖွင့်ရေး မစ်ရှင်တွင် ဥရောပနိုင်ငံများက ပါဝင်ကူညီသွားကြမည် ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် မာ့ခ်ရူတေးက ပြောကြားသည်။
ထိုနေရာတွင် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် လွတ်လပ်စွာ ရေကြောင်းသွားလာမှု သေချာစေအောင် မိမိတို့က လုပ်ဆောင်နေချိန် နောက်တစ်ဆင့်၌ ဥရောပမဟာမိတ်များအနေဖြင့် အမေရိကန်အား အမြင့်ဆုံး ကူညီနိုင်ရန် မိုင်းရှင်လင်းရေးပစ္စည်းများ၊ မိုင်းရှင်းသင်္ဘောများနှင့် မိုင်းရှင်းရေးနှင့် ဆက်စပ်သော စနစ်များအား ရေလက်ကြားနှင့် အနီးဆုံးနေရာတွင် ကြိုတင်ပြင်ဆင် ပို့ဆောင်ထားခြင်းများကို ဥရောပနိုင်ငံများက လုပ်ဆောင်နေကြသည်ဟု ရူတေးက ပြောကြားသည်။
“လောလောဆယ်မှာ ဟော်မုဇ်ရေလက်ကြားက လည်မျိုညှစ်ခံထားရပါတယ်။ လွတ်လပ်စွာရေကြောင်း သွားလာမှုက ဒီနေရာမှာ အကြီးအကျယ် ခြိမ်းခြောက်ခံနေပါတယ်”ဟု ရူတေးက ပြောသည်။
ယင်းရေလမ်းကြောင်း ပြန်ဖွင့်ရေးသည် နေတိုးအတွက် အဖွဲ့တစ်ခုအနေဖြင့် မဖြစ်မနေ လိုအပ်ခြင်း မဟုတ်သော်လည်း ၎င်းကိစ္စမှာ မဟာမိတ်များအားလုံးအတွက် အရေးပါသောကြောင့် နေတိုးအဖွဲ့က တတ်နိုင်သမျှ ပါဝင်ကူညီသွားမည်ဟု နေတိုးအတွင်းရေးမှူးချုပ်က ဆက်ပြောသည်။
အေးကျော်
Ref:Breakingnews
#MeKongNews
#ဟော်မုဇ်
#ဥရောပမဟာမိတ်
#နေတိုးအတွင်းရေးမှူးချုပ်








