ကမ္ဘာ့သတင်း

နယူးယောက်တွင် ခိုးဖွင့်ထားသော တရုတ်ရဲစခန်းအတွက် စပိုင်လုပ်ပေးသူ အမေရိကန်နိုင်ငံသားကို ဖော်ထုတ်နိုင်ခဲ့

မဲခေါင် 15 May - 2026
မဲခေါင်၊ မေ ၁၅ အမေရိကန်နိုင်ငံတွင် ပထမဆုံးဖော်ထုတ်နိုင်ခဲ့သော တရုတ်အစိုးရကိုယ်စား ခိုးဖွင့်ထားသည့် တရုတ်ရဲစခန်းတစ်ခုအား ကူညီလည်ပတ်ပေးခဲ့သည်ဆိုသော အမှုတွင် အမေရိကန်နိုင်ငံသားတစ်ဦးတွင် အပြစ်ရှိကြောင်း တရားရုံးက ဖော်ထုတ်နိုင်ခဲ့သည်။ အသက် ၆၄ နှစ်ရှိ လူကျန်ဝမ်း သည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအတွက် နယူးယောက်မြို့၊ မန်ဟက်တန် တရုတ်တန်းရှိ ရဲစခန်းကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြောင်း ဂျူရီလူကြီးအဖွဲ့က တွေ့ရှိခဲ့သည်။ ရဲစခန်းနှင့်ဆက်စပ်၍ တရုတ်အစိုးရ၏ တရားမဝင်စုံထောက်တစ်ဦး အဖြစ်လုပ်ကိုင်ခြင်း စွဲချက်တွင် လူကျန်ဝမ်းအပြစ်ရှိကြောင်း တွေ့ရှိခဲ့သလို ဆက်စပ်အထောက်အထားများကို ဖျက်ဆီးပစ်ခဲ့ခြင်းအတွက် တရားရေးလုပ်ငန်းအား တားဆီးပိတ်ဆို့မှု အတွက်လည်း ၎င်းတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ တရားမဝင်အေးဂျင့်အဖြစ် လုပ်ကိုင်ပေးခဲ့ခြင်းအတွက် တရားစွဲဆိုခံရပြီးနောက်

မဲခေါင်၊ မေ ၁၅

အမေရိကန်နိုင်ငံတွင် ပထမဆုံးဖော်ထုတ်နိုင်ခဲ့သော တရုတ်အစိုးရကိုယ်စား ခိုးဖွင့်ထားသည့် တရုတ်ရဲစခန်းတစ်ခုအား ကူညီလည်ပတ်ပေးခဲ့သည်ဆိုသော အမှုတွင် အမေရိကန်နိုင်ငံသားတစ်ဦးတွင် အပြစ်ရှိကြောင်း တရားရုံးက ဖော်ထုတ်နိုင်ခဲ့သည်။

အသက် ၆၄ နှစ်ရှိ လူကျန်ဝမ်း သည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအတွက် နယူးယောက်မြို့၊ မန်ဟက်တန် တရုတ်တန်းရှိ ရဲစခန်းကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြောင်း ဂျူရီလူကြီးအဖွဲ့က တွေ့ရှိခဲ့သည်။

ရဲစခန်းနှင့်ဆက်စပ်၍ တရုတ်အစိုးရ၏ တရားမဝင်စုံထောက်တစ်ဦး အဖြစ်လုပ်ကိုင်ခြင်း စွဲချက်တွင် လူကျန်ဝမ်းအပြစ်ရှိကြောင်း တွေ့ရှိခဲ့သလို ဆက်စပ်အထောက်အထားများကို ဖျက်ဆီးပစ်ခဲ့ခြင်းအတွက် တရားရေးလုပ်ငန်းအား တားဆီးပိတ်ဆို့မှု အတွက်လည်း ၎င်းတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံ၏ တရားမဝင်အေးဂျင့်အဖြစ် လုပ်ကိုင်ပေးခဲ့ခြင်းအတွက် တရားစွဲဆိုခံရပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်မှ မြို့တော်ဝန်တစ်ဦး နုတ်ထွက်သွားခဲ့သည့် သီတင်းပတ်အတွင်းမှာပင် လူကျန်ဝမ်းအမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

လူကျန်းဝမ်၏ အမှုအား နယူးယောက်မြို့ ဖက်ဒရယ်တရားရုံး၌ သီတင်းတစ်ပတ်ကြာ ဂျူရီအဖွဲ့ကြားနာမှု လုပ်ဆောင်ခဲ့ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့ကာ ဟယ်ရီလူဟုလည်း လူသိများသော လူကျန်းဝမ်သည် ထောင်ဒဏ်အနှစ် ၃၀ ကျခံရနိုင်ကြောင်း အစိုးရေရှေ့နေများက ပြောကြားကြသည်။

၎င်းနှင့်အတူ အရေးယူခံခဲ့ရသော ၆၂ နှစ်အရွယ် ချင်ကျင်ပင်းသည် နိုင်ငံရပ်ခြားရဲစခန်းနှင့်ဆက်စပ်၍ တရုတ်နိုင်ငံ၏ အေးဂျင့်အဖြစ် လုပ်ကိုင်ရန် ပူးပေါင်းကြံစည်ခဲ့မှုတွင် အပြစ်ရှိကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ခံခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်မှုအတွက် စောင့်ဆိုင်းနေရကြောင်း သိရသည်။

နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် အလားတူ ရဲစခန်းပေါင်း ၁၀၀ ကျော် တည်ရှိနေကြောင်း သတင်းများက ဖော်ပြကြပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများကို ခြိမ်းခြောက်ရန်နှင့် စောင့်ကြည့်ရန် တရုတ်က ယင်းစခန်းများကို အသုံးပြုနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြသည်။

ယင်းစခန်းများမှာ ရဲစခန်းများ ဖြစ်သည်ဆိုခြင်းကို တရုတ်က ငြင်းဆိုပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများအတွက် အုပ်ချုပ်ရေးရာ ဝန်ဆောင်မှုပေးသော ဝန်ဆောင်မှုစဌာနများသာ ဖြစ်ကြောင်း ပြောသည်။

အေးကျော်
Ref:BBC
#MeKongNews
#နယူးယောက်
#တရုတ်ရဲစခန်း
#စပိုင်
#အမေရိကန်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now