နေ့စဥ်သတင်း

လားရှိုးတွင် စစ်ကောင်စီနှင့် MNDAA တွေ့ဆုံရာ လောက်ကိုင် ကင်းထောက်မှုနှင့် နမ္မတူ၊ နမ့်ခမ်း ကိစ္စများ ဆွေးနွေး

မဲခေါင် 12 May - 2026
မဲခေါင်၊ မေ ၁၂ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ ပြီးခဲ့သည့် မေလ ၁၀ ရက်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းတွေ့ဆုံမှုကို လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်တွေ့ဆုံမှုဟု ဆိုသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများမှာ ထူးခြားချက်များရှိနေကြောင်း သိရသည်။ “လောက်ကိုင်ဘက်မှာ စစ်ကောင်စီ ကင်းထောက်လေယာဉ် ဝဲတာတွေ၊ နယ်စပ်ခြံစည်းရိုးကိစ္စတွေ ပါတယ်လို့ ကြားတယ်။ ပြီးတော့ BRI လမ်းကြောင်းက တပ်တွေရှင်းဖို့ကိစ္စလည်း ပါတယ်။ ထူးခြားတာက နမ္မတူနဲ့ နမ့်ခမ်းမြို့တွေအတွက် ထွေအုပ် အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို လားရှိုးမှာ စုဖွဲ့ထားတဲ့ကိစ္စတွေလည်း

မဲခေါင်၊ မေ ၁၂

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ ပြီးခဲ့သည့် မေလ ၁၀ ရက်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းတွေ့ဆုံမှုကို လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်တွေ့ဆုံမှုဟု ဆိုသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများမှာ ထူးခြားချက်များရှိနေကြောင်း သိရသည်။

“လောက်ကိုင်ဘက်မှာ စစ်ကောင်စီ ကင်းထောက်လေယာဉ် ဝဲတာတွေ၊ နယ်စပ်ခြံစည်းရိုးကိစ္စတွေ ပါတယ်လို့ ကြားတယ်။ ပြီးတော့ BRI လမ်းကြောင်းက တပ်တွေရှင်းဖို့ကိစ္စလည်း ပါတယ်။ ထူးခြားတာက နမ္မတူနဲ့ နမ့်ခမ်းမြို့တွေအတွက် ထွေအုပ် အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေကို လားရှိုးမှာ စုဖွဲ့ထားတဲ့ကိစ္စတွေလည်း ပါဝင်တယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

တွေ့ဆုံမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသလို၊ ဆွေးနွေးမှု ရလဒ်များကိုလည်း အသေးစိတ် စုံစမ်း၍ မရသေးပေ။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကမူ ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းဆတ် စကခ ၁၄ နှင့် မိုင်းဖြတ် စကခ ၁၈ တပ်များ ပြန်လည်စုဖွဲ့နေမှု၊ ကြည်းဒီချုပ် ရှမ်းပြည်အရှေ့ပိုင်းသို့ လာရောက်ခဲ့မှု၊ RCSS တပ်များ၏ လှုပ်ရှားမှုနှင့် UWSA တပ်များ ကျားဖြန့်အကြောင်းပြကာ မိုင်းလားအထိ လှုပ်ရှားလာမှုများသည် သတိထားရမည့် ဖြစ်စဉ်များ ဖြစ်သည်ဟု ထောက်ပြသည်။

“ရှမ်းပြည်အရှေ့ပိုင်းမှာ အင်အားတွေ စုဖွဲ့လာတာဟာ တပ်တွေ နားတယ်လို့ အကြောင်းပြပေမဲ့ စစ်ရေးသဘောအရတော့ အင်အားဖြည့်တင်းတာပဲ။ အခု ‘ဝ’ တောင်ပိုင်း ၁၇၁ ဘက်ကို စောင့်ကြည့်ရမယ်။ အဲဒီဘက်က တပ်တွေ လှုပ်ရှားလာရင် ရှမ်းပြည်အရှေ့ပိုင်း စစ်ရေးအခြေအနေကို သတိထားဖို့ လိုလာလိမ့်မယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ၊ UWSA၊ MNDAA၊ TNLA နှင့် SSPP အဖွဲ့များအပြင် ရှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီ၊ UWSA နှင့် RCSS တို့၏ အခြေအနေများမှာ စစ်ရေးအရ ထူးခြားမှုများ ရှိလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

#MeKongNews
#လားရှိုး
#ဆင်နှစ်ကောင်ဟိုတယ်
#စစ်ကောင်စီ
#ကိုးကန့်တပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now