နေ့စဥ်သတင်း

ရက် ၁၀၀ စီမံကိန်းဖြင့် ဖမ်းဆီးနေ၍ ရှမ်းမြောက်တွင် တရုတ်ကုန်စည် တင်ပို့သည့် လုပ်ငန်းများ ရပ်ဆိုင်းထားရ

မဲခေါင် 7 May - 2026
မဲခေါင်၊ ဧပြီ ၇ စစ်ကောင်စီက ရက် ၁၀၀ စီမံကိန်းအဖြစ် ရှမ်းမြောက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် နမ့်လမ် – သီပေါလမ်းတွင် တရုတ်ထုတ် ကုန်စည်များကို ဖမ်းဆီးနေသဖြင့် ကုန်စည်တင်ပို့သည့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။ မေ ၁ ရက်မှ စတင်ကာ လားရှိုး – သီပေါ – နမ့်လမ် – မိုင်းကိုင် – ကျောက်ဂူ စသည့် လမ်းများပေါ်တွင် တရုတ်ကုန်စည် တင်ဆောင်လာသည့် ကားများကို စစ်ကောင်စီက စစ်ဆေးရေး တင်းကျပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။ “အခု တရုတ်ကုန်စည်တွေကို လက်ခံပို့ပေးတာတွေကို အကုန်ရပ်နားထားပါတယ်ရှင့်။ လားရှိုး – မန္တလေး

မဲခေါင်၊ ဧပြီ ၇

စစ်ကောင်စီက ရက် ၁၀၀ စီမံကိန်းအဖြစ် ရှမ်းမြောက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် နမ့်လမ် – သီပေါလမ်းတွင် တရုတ်ထုတ် ကုန်စည်များကို ဖမ်းဆီးနေသဖြင့် ကုန်စည်တင်ပို့သည့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

မေ ၁ ရက်မှ စတင်ကာ လားရှိုး – သီပေါ – နမ့်လမ် – မိုင်းကိုင် – ကျောက်ဂူ စသည့် လမ်းများပေါ်တွင် တရုတ်ကုန်စည် တင်ဆောင်လာသည့် ကားများကို စစ်ကောင်စီက စစ်ဆေးရေး တင်းကျပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။

“အခု တရုတ်ကုန်စည်တွေကို လက်ခံပို့ပေးတာတွေကို အကုန်ရပ်နားထားပါတယ်ရှင့်။ လားရှိုး – မန္တလေး အော်ဒါကိုလည်း အခု ရပ်နားထားတယ်။ ရက် ၁၀၀ စီမံကိန်းနဲ့ ဖမ်းနေလို့ ဘယ်ဂိတ်မှ ပစ္စည်းတင်လို့လည်း မရလို့ အကုန်ရပ်နားထားရတယ်ရှင့်”ဟု လားရှိုးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ အိမ်သုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများအပြင် အဝတ်အစားများကအစ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနေခြင်းဖြစ်သည်။

“အခုက စစ်ကောင်စီဂိတ်ကနေ ဖမ်းတာ၊ အခြားအဖွဲ့က ဖမ်းတာတော့ မရှိဘူး။ တရုတ်ပစ္စည်း အကုန်လုံး သိမ်းနေတာ၊ အဝတ်အစား မုန့်ကအစ မီးဖိုးချောင်သုံးပစ္စည်းအဆုံး ဖမ်းတယ်။ တခြားတင်လို့ရတဲ့ ပစ္စည်းတွေကျတော့လည်း တန်ဆာခက ဈေးကြီးတယ်”ဟု လားရှိုး သတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီ ယင်းကဲ့သို့ တရုတ်ကုန်စည်များကို တင်းကျပ်စွာ စစ်ဆေး ဖမ်းဆီးလာခြင်းကြောင့် ပြည်တွင်းတွင် ရောက်ရှိပြီးသည့် တရုတ်ကုန်စည်များ ဈေးနှုန်း မြင့်တက်လာနိုင်သည်ဟုလည်း ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းမြောက် နယ်စပ်အသီးသီးမှ ဝင်ရောက်လာကြသည့် တရုတ်ကုန်စည်များသည် လမ်းတလျောက်ရှိ စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဂိတ်များစွာကို ဖြတ်ကျော်ပြီး လားရှိုးမှတစ်ဆင့် နိုင်ငံအနှံ့အပြားသို့ ထပ်မံ ဖြန့်ချိကြသည်။

MeKongNews
#ရှမ်းမြောက်
#တရုတ်ကုန်စည်
#တင်ပို့
#လုပ်ငန်းများ
#ရပ်ဆိုင်း
ဓာတ်ပုံ – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now