ကမ္ဘာ့သတင်း

နျူကလီးယားစစ်နှင့် ကမ္ဘာပျက်ကိန်း တကယ်ဖြစ်လာနိုင်ဟု ပူတင်လက်ပါးစေ မက်ဗီဒက်ဗ် ခြိမ်းခြောက်

မဲခေါင် 2 May - 2026
မဲခေါင်၊ မေ ၁ နေတိုးအဖွဲ့ဝင် ၄ နိုင်ငံကို နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားသည် နျူကလီးယားလက်နက် ထုတ်သုံးကာ ကမ္ဘာပျက်ကိန်းကို ဆိုက်စေနိုင်ကြောင်း ပူတင်၏ လက်ပါးစေ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က ခြိမ်းခြောက်ခဲ့သည်။ စိန့်ပီတာစဘာ့ဂ်မြို့အနီး အရေးပါသော ရေနံသိုလှောင်စက်ရုံ ပစ်မှတ်များကို ယူကရိန်းဘက်မှ ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ရာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှီအိုဂူက ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံများသည် ယူကရိန်းဒရုန်းများကို ၎င်းတို့ လေပိုင်နက်များအား ဖြတ်သန်းခွင့် ပြုခဲ့သဖြင့် နောက်ဆုံးအကြိမ် သတိပေးကာ စစ်ရေးအရ တိုက်ခိုက်သွားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုအခြေအနေတွင် ယူကရိန်းကျူးကျော်စစ်၌ ရုရှားတပ်များ ရှေ့ဆက် နယ်မြေသိမ်းပိုက်နိုင်မှုမရှိ ဖြစ်နေရ သောကြောင့်

မဲခေါင်၊ မေ ၁

နေတိုးအဖွဲ့ဝင် ၄ နိုင်ငံကို နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားသည် နျူကလီးယားလက်နက် ထုတ်သုံးကာ ကမ္ဘာပျက်ကိန်းကို ဆိုက်စေနိုင်ကြောင်း ပူတင်၏ လက်ပါးစေ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က ခြိမ်းခြောက်ခဲ့သည်။

စိန့်ပီတာစဘာ့ဂ်မြို့အနီး အရေးပါသော ရေနံသိုလှောင်စက်ရုံ ပစ်မှတ်များကို ယူကရိန်းဘက်မှ ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ရာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှီအိုဂူက ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံများသည် ယူကရိန်းဒရုန်းများကို ၎င်းတို့ လေပိုင်နက်များအား ဖြတ်သန်းခွင့် ပြုခဲ့သဖြင့် နောက်ဆုံးအကြိမ် သတိပေးကာ စစ်ရေးအရ တိုက်ခိုက်သွားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထိုအခြေအနေတွင် ယူကရိန်းကျူးကျော်စစ်၌ ရုရှားတပ်များ ရှေ့ဆက် နယ်မြေသိမ်းပိုက်နိုင်မှုမရှိ ဖြစ်နေရ သောကြောင့် ပူတင်သည် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာဖွယ်ရှိနေသည်ဟု ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ပက်ဘလိုယီလီဇာရော့ဗ်က တွေးဆပြောဆိုခဲ့ပြီး ထိုသို့ နျူကလီးယားလက်နက် သုံးလာလျှင် ကမ္ဘာတစ်ခုလုံးအရေးဖြစ်သွားနိုင်ခြင်းကြောင့် ကြိုတင်ဆွေးနွေးကြရန်လိုအပ်ပြီဟု ပြောဆိုသွားခဲ့ သည်။

ရုရှားအဏုမြူစွမ်းအင် ကော်ပိုရေးရှင်းမှ အကြီးအကဲ အလက်ဇီလစ်ခ်ဟာချက်ဗ်ကလည်း သမ္မတပူတင်ကိုယ်တိုင် နျူကလီးယားဒိုင်းများ၊ နျူကလီးယားဓားများ၊ အဆင့်မြှင့်တင်နေသော နျူကလီးယား လက်နက်များ စွမ်းဆောင်ရည်ကို ပိုကောင်းသထက် ကောင်းလာစေရန် အနီးကပ် ကြီးကြပ်နေသည်ဟု ပြောခဲ့သည်။

ထိုအခြေအနေတွင် ယခင်ကတည်းက နျူကလီးယားလက်နက် သုံးရန် တိုက်တွန်း ခြိမ်းခြောက်နေခဲ့သော မက်ဗီဒက်ဗ်က အနောက်ကမ္ဘာနှင့် ရုရှားတို့အကြား စစ်ပွဲသည် သဘာ၀အတိုင်း ယနေ့တွင် အမြဲတည်ရှိနေခဲ့ပြီ ဖြစ်ရာ နျူကလီးယားလက်နက်များ အသုံးပြု တိုက်ခိုက်ခြင်းနှင့် ကမ္ဘာပျက်ကိန်းက လက်တွေ့ ဖြစ်လာနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်သံတမန် အန်ဒရေးဘီလျူဆော့ဗ်ကမူ မက်ဗီဒက်ဗ်စကားကို လက်သင့်မခံဘဲ ရုရှားသည် မည်သည့်အခါတွင်မှ နျူကလီးယားလက်နက်များကို ထုတ်သုံးရန် မရှိကြောင်း၊ ၎င်းတို့ကဲ့သို့ပင် နျူကလီးယားရှိသည့် နိုင်ငံများနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ရမှု မရှိရန် ရှောင်ရှားကြောင်း၊ ယူကရိန်းစစ်တွင်လည်း နျူကလီးယားလက်နက် သုံးစရာအကြောင်း မရှိဟု ငြင်းဆိုခဲ့သည်။

ကိုကလင်း
Ref:thesun
#MeKongNews
#နျူကလီးယားစစ်
#ကမ္ဘာပျက်ကိန်း
#မက်ဗီဒက်ဗ်
#ခြိမ်းခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now