မဲခေါင်၊ မေ၁
ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်ကို အကြမ်းဖက်လုယက်သူ MNDAA တပ်ဖွဲ့ဝင်ကို ရွာလူထုရှေ့မှာပင် မိခင်တပ်က ပြင်းထန်စွာ ရိုက်နှက် အပြစ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းက ယင်းဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်သည်။
သတင်းရင်းမြစ်ထံမှ ရရှိသည့် ရုပ်သံများအရ ရိုက်နှက် လုယက်ခံရသူ အိမ်ရှင်အဖိုးအိုမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာမှ သွေးထွက်နေသည်ကို တွေ့ရသည်။
လုယက်သူကို ကျေးရွာတွင်း အိမ်တစ်အိမ်ရှေ့ ထုပ်တန်းတွင်ကြိုးဆွဲ၍ အခြား MNDAA တပ်ဖွဲ့ဝင်များက ပြင်းထန်စွာ ရိုက်နှက်နေရာ ၎င်းက ရှမ်းဘာသာဖြင့် မိခင်ကိုတ၍ အမှားလုပ်မိသဖြင့်တောင်းပန်ကြောင်း အော်ဟစ်နေသည်ကို တွေ့မြင်ရသည်။
ကွတ်ခိုင်မြို့ကို MNDAA က ပြီးခဲ့သည့် မတ် ၁၅ ရက်တွင် TNLA ထံမှ တိုက်ခိုက် သိမ်းပိုက်ကာ လက်ရှိ ထိန်းချုပ်လျက်ရှိသည်။
#MeKongNews
#ကွတ်ခိုင်
#လုယက်မှု
#ကျူးလွန်သူ
#MNDAA
#အပြစ်ပေး








