ကမ္ဘာ့သတင်း

ကာ့ချ်တံတားစောင့် ရုရှား စစ်သင်္ဘောများကို ယူကရိန်း တိုက်ခိုက်

မဲခေါင် 30 Apr - 2026
မဲခေါင်၊ ဧပြီ ၃၀ ယူကရိန်းရေတပ်သည် သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသရှိ ကာ့ချ်တံတားကို စောင့်ကြပ်နေသော ရုရှားရေယာဉ်များကို ယနေ့ ဧပြီလ ၃၀ ရက်၊ ကြာသပတေးနေ့ အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ယူကရိန်းရေတပ်၏ အင်အားစုများနှင့် လက်နက်ကိရိယာများသည် ကာ့ချ်ရေလက်ကြားအတွင်းရှိ ရုရှားရေတပ် တပ်ဖွဲ့ဝင်များကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်” ဟု ယူကရိန်းရေတပ်က ၎င်းတို့၏ တီလီဂရမ် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ၏ ကင်းလှည့်ရေယာဉ် ဆိုဘိုလ် နှင့် ဟန့်တားရေးရေယာဉ် ဂရာချိုနော့တို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ “ယင်းတိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်တွင် ပြန်လည်ကုစား၍ မရနိုင်သော အသေအပျောက်များနှင့်

မဲခေါင်၊ ဧပြီ ၃၀

ယူကရိန်းရေတပ်သည် သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသရှိ ကာ့ချ်တံတားကို စောင့်ကြပ်နေသော ရုရှားရေယာဉ်များကို ယနေ့ ဧပြီလ ၃၀ ရက်၊ ကြာသပတေးနေ့ အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ယူကရိန်းရေတပ်၏ အင်အားစုများနှင့် လက်နက်ကိရိယာများသည် ကာ့ချ်ရေလက်ကြားအတွင်းရှိ ရုရှားရေတပ် တပ်ဖွဲ့ဝင်များကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်” ဟု ယူကရိန်းရေတပ်က ၎င်းတို့၏ တီလီဂရမ် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ၏ ကင်းလှည့်ရေယာဉ် ဆိုဘိုလ် နှင့် ဟန့်တားရေးရေယာဉ် ဂရာချိုနော့တို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ယင်းတိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်တွင် ပြန်လည်ကုစား၍ မရနိုင်သော အသေအပျောက်များနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

၎င်းရေယာဉ်များသည် FSB နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရုရှားရေတပ်တို့၏ ကမ်းခြေစောင့်တပ်ဖွဲ့တွင် အဓိကကျသော ယူနစ်များဖြစ်ပြီး၊ ကာ့ချ်တံတားကို စောင့်ကြပ်ရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများကို တားဆီးရန်အတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း ယူကရိန်းရေတပ်က ဆိုသည်။

“ဒါဟာ ယူကရိန်းရေတပ်ရဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်ဖြစ်သလို ပင်လယ်နက်အတွင်း ရန်သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အစဉ်တစိုက် လျှော့ချနေနိုင်တယ်ဆိုတဲ့ နောက်ထပ် သာဓကတစ်ခုပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းရေတပ်မှ ထုတ်ပြန်သည့် ဗီဒီယိုအတိုတစ်ခုတွင် ရေတပ်သုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် အခိုက်အတန့်ကို တွေ့မြင်ရသော်လည်း ယင်းရုပ်သံမှတ်တမ်း၏ အချိန်နှင့် တည်နေရာကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Kyiv Post က ဖော်ပြထားသည်။

ယူကရိန်းစစ်ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ယူကရိန်းရေတပ်သည် ဧပြီ ၂၉ ရက်က တူအပ်ဆဲ အနီးတွင် ပိတ်ဆို့အရေးယူခံထားရသည့် မားကွစ် ရေနံတင်သင်္ဘောကို ရေတပ်သုံးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တန်ချိန် ၃၇၀၀၀ ကျော် တင်ဆောင်နိုင်သော ယင်းကင်မရွန်းနိုင်ငံအလံတင် သင်္ဘောသည် ရုရှားနိုင်ငံ တူအပ်ဆဲမြို့မှ ကီလိုမီတာ ၂၁၀ (၁၃၀ မိုင်) ခန့်အကွာတွင် ကုန်ပစ္စည်း တင်ဆောင်ထားခြင်း မရှိဘဲ ကျောက်ချ ရပ်နားထားခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရချိန်တွင် ၎င်းသင်္ဘောသည် အလိုအလျောက် သင်္ဘောခြေရာခံစနစ် (AIS) ကို ပိတ်ထားခဲ့ပြီး သင်္ဘောအချင်းချင်း ကုန်စည်လွှဲပြောင်းရန် စောင့်ဆိုင်းနေပုံ ရသည်ဟုလည်း သတင်းက ဆိုသည်။

တိုက်ခိုက်မှုသည် သင်္ဘောအမြီးပိုင်းကို ထိမှန်ခဲ့ရာ ပန်ကာနှင့် အင်ဂျင်ခန်းဧရိယာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက် ဆန်းစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ အစောပိုင်းတွင်လည်း ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးဌာန (HUR) ၏ အထူးတပ်ဖွဲ့များသည် ကာ့ချ်ရေလက်ကြားတွင်ရှိသော ရုရှား၏ နောက်ဆုံးကျန်ရှိသည့် ရထားတင်ကူးတို့သင်္ဘော ဆလဗ်ယာနင် ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

HUR ၏ ပြောကြားချက်အရ ယင်းသင်္ဘောသည် သိမ်းပိုက်ခံ ခရိုင်းမီးယားရှိ ရုရှားတပ်ဖွဲ့များအတွက် လောင်စာဆီ၊ လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ ပို့ဆောင်ပေးနေသည့် ရုရှား၏ ကာ့ချ်ကူးတို့လမ်းကြောင်းတွင် အဓိကကျသော သင်္ဘောတစ်စင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဧပြီ ၆ ရက် အစောပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး HUR ၏ လှုပ်ရှားမှုဌာနက ဒရုန်းများ အသုံးပြုကာ ကူးတို့သင်္ဘောကို အသုံးမပြုနိုင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းသင်္ဘောသည် ယခုတစ်ကြိမ်သာ တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် မတ်လအတွင်းက လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးတစ်ခုတွင်လည်း ထိခိုက် ပျက်စီးခဲ့ဖူးသော်လည်း နစ်မြုပ်သွားခြင်း မရှိဘဲ ဆက်လက် ရှိနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ကလည်း ယူကရိန်းရေတပ်သည် အခြားသော စစ်ဘက်ဆိုင်ရာယူနစ်များနှင့် ပူးပေါင်းကာ ရုရှားနိုင်ငံ၊ ကော့ကပ်စ်ဆိပ်ကမ်း၌ ယင်းကူးတို့သင်္ဘောကို တိုက်ခိုက်ခဲ့ဖူးပြီး ထိုစဉ်က တိုက်ရိုက်ထိမှန်မှု အများအပြား ရှိခဲ့ကြောင်း သိရသည်။

Ref: Kyive Post
#MeKongNews
#ကာ့ချ်တံတား
#ရုရှား
#စစ်သင်္ဘော
#ယူကရိန်း
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now