ကမ္ဘာ့သတင်း

ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် အိုပက်အဖွဲ့မှ ယူအေအီး နုတ်ထွက်

မဲခေါင် 29 Apr - 2026
မဲခေါင်၊ ဧပြီ ၂၉ နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီးနောက် ရေနံထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့- OPEC မှ မေ ၁ ရက်မှ စ၍ နုတ်ထွက်‌တော့မည်ဟု ယူအေအီးနိုင်ငံက ယမန်နေ့က ပြောကြားခဲ့ရာ ကြီးမားသော ရေနံထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသော ဩဇာကြီးမားသည့် အဖွဲ့အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။ ယူအေအီးနိုင်ငံသည် အိုပက်အဖွဲ့၏ တတိယအကြီးဆုံး ရေနံထုတ်လုပ်သူ ဖြစ်သောကြောင့်လည်း ၎င်းနုတ်ထွက်သွားခြင်းကြောင့် ရေနံထုတ်လုပ်မှု နှင့် ဈေးနှုန်းကို ထိန်းချုပ်ရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။ အိုပက်အဖွဲ့၏ ဈေးကွက်စီမံခန့်ခွဲ‌ရေး မဟာဗျူဟာအရ ထုတ်လုပ်မှုများ အချိုးကျ ကန့်သတ်ထားခြင်းကို အတိတ်ကာလတွင် မကျေမနပ် ဖြစ်ခဲ့‌သော်လည်း အဖွဲ့မှနုတ်ထွက်ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အလယ်အလတ်ကာလနှင့်

မဲခေါင်၊ ဧပြီ ၂၉

နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီးနောက် ရေနံထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့- OPEC မှ မေ ၁ ရက်မှ စ၍ နုတ်ထွက်‌တော့မည်ဟု ယူအေအီးနိုင်ငံက ယမန်နေ့က ပြောကြားခဲ့ရာ ကြီးမားသော ရေနံထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသော ဩဇာကြီးမားသည့် အဖွဲ့အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။

ယူအေအီးနိုင်ငံသည် အိုပက်အဖွဲ့၏ တတိယအကြီးဆုံး ရေနံထုတ်လုပ်သူ ဖြစ်သောကြောင့်လည်း ၎င်းနုတ်ထွက်သွားခြင်းကြောင့် ရေနံထုတ်လုပ်မှု နှင့် ဈေးနှုန်းကို ထိန်းချုပ်ရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။

အိုပက်အဖွဲ့၏ ဈေးကွက်စီမံခန့်ခွဲ‌ရေး မဟာဗျူဟာအရ ထုတ်လုပ်မှုများ အချိုးကျ ကန့်သတ်ထားခြင်းကို အတိတ်ကာလတွင် မကျေမနပ် ဖြစ်ခဲ့‌သော်လည်း အဖွဲ့မှနုတ်ထွက်ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

အလယ်အလတ်ကာလနှင့် ရေရှည်အတွက် လောင်စာဝယ်လိုအား မြင့်တက်နေခြင်းကို ယူအေအီးက ထောက်ပြခဲ့သည်။

၎င်းတို့၏ ဆုံးဖြတ်ချက်သည် ပြည်တွင်းစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းအပေါ် တိုးမြှင့်ရင်းနှီးမြုပ်နှံခြင်း အပါအဝင် ယူအေအီးနိုင်ငံ၏ မဟာဗျူဟာမြောက်နှင့် စီးပွားရေးဆိုင်ရာ မျှော်မှန်းချက်နှင့် ပြောင်းလဲလာသော စွမ်းအင်ကဏ္ဍကို ထင်ဟပ်နေကြောင်း ယူအေအီး စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။

ကမ္ဘာ့စွမ်းအင် ဈေးကွက်များတွင် တာဝန်ယူမှုရှိသော၊ ယုံကြည်စိတ်ချရသော၊ ရှေ့သို့မျှော်မှန်းသော အခန်းကဏ္ဍအတွက် ယူအေအီးနိုင်ငံ၏ ပိုင်းဖြတ်မှုကို ယခုလုပ်ရပ်က အားဖြည့်ပေးလိုက်သည်ဟုလည်း ယူအေအီးက ထုတ်ပြန် ပြောကြားသည်။

ဈေးကွက်တည်ငြိမ်ရေးကို ဆက်လက် အာရုံစိုက်သွားမည်ဟုလည်း ၎င်းတို့က သန္နိဌာန်ပြုသည်။

အီရန်စစ်ပွဲ မတိုင်မီတွင် ယူအေအီးက တစ်နေ့လျှင် ရေနံစည်ပေါင်း ၃ သန်းအထိ ထုတ်လုပ်ခဲ့သော်လည်း စစ်ပွဲကြောင့် ထုတ်လုပ်မှုများ လျှော့ချထားရသည်။

ယူအေအီးက တစ်နေ့လျှင် ရေနံစည်ပေါင်း ၄ ဒသမ ၈ သန်းအထိ ထုတ်လုပ်နိုင်ပြီး ဆက်လက်၍လည်း ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့နေသည်။
“ဒါဟာ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ထုတ်လုပ်မှုအဆင့်နဲ့ ပတ်သက်ပြီး လက်ရှိနဲ့ အနာဂါတ် မူဝါဒတွေကို သေသေချာချာ သုံးသပ်ပြီးနောက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ယူအေအီးစွမ်းအင်ဝန်ကြီး ဆူဟေးလ်မိုဟာမက် အယ်လ်အာဇူအီ က ရိုက်တာသတင်းဌာနကို ပြောကြားသည်။

အေးကျော်
Ref: Axios/ Reuters
#MeKongNews
#ရေနံထုတ်လုပ်မှု
#တိုးမြှင့်
#အိုပက်အဖွဲ့
#ယူအေအီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now