ကမ္ဘာ့သတင်း

ယူကရိန်းအတွက် အမေရိကန် စစ်ရေးကူညီမှု လျော့ကျသွားသော်လည်း ကမ္ဘာ့စစ်အသုံးစရိတ်များ မြင့်တက်

မဲခေါင် 27 Apr - 2026
မဲခေါင်၊ ဧပြီ ၂၇ ယူကရိန်းအတွက် စစ်ရေးဆိုင်ရာဘဏ္ဍာ‌‌ရေး ကူညီမှုကို သမ္မတထရမ့်က လျှော့ချခဲ့၍ အမေရိကန်တွင် စစ်စရိတ် ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ကမ္ဘာတစ်ဝန်းစစ်ရေးအတွက် သုံးစွဲမှုများသည် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပဋိပက္ခဆိုင်ရာ ပညာရှင်အဖွဲ့တစ်ဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စစ်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်းထုတ်ကုန်တန်ဖိုး(GDP)၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုဒ်(SIPRI) က ပြောသည်။

မဲခေါင်၊ ဧပြီ ၂၇

ယူကရိန်းအတွက် စစ်ရေးဆိုင်ရာဘဏ္ဍာ‌‌ရေး ကူညီမှုကို သမ္မတထရမ့်က လျှော့ချခဲ့၍ အမေရိကန်တွင် စစ်စရိတ် ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ကမ္ဘာတစ်ဝန်းစစ်ရေးအတွက် သုံးစွဲမှုများသည် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပဋိပက္ခဆိုင်ရာ ပညာရှင်အဖွဲ့တစ်ဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် စစ်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်းထုတ်ကုန်တန်ဖိုး(GDP)၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုဒ်(SIPRI) က ပြောသည်။

လက်ရှိ ကမ္ဘာ့ပြဿနာများနှင့် နိုင်ငံအများစု၏ ရေရှည် စစ်ရေးသုံးစွဲမှု ပစ်မှတ်များကို ထောက်ရှုပါက စစ်အသုံးစရိတ် ကြီးထွားလာမှုသည် ၂၀၂၆ ခုနှစ်ထက် ကျော်လွန်သွားနိုင်သည်ဟု SIPRI ၏ အစီရင်ခံစာက ဖော်ပြသည်။

စစ်ရေးသုံးစွဲမှု အများဆုံးဖြစ်သော အမေရိကန်၊ တရုတ်နှင့် ရုရှားတို့၏ အသုံးစရိတ်သည် ဒေါ်လာ ၁ ဒသမ ၄၈ ထရီလီယံ ရှိပြီး ကမ္ဘာ့ စစ်အသုံးစရိတ် စုစုပေါင်း၏ ထက်ဝက်ကျော် ၅၁ ရာခိုင်နှုန်းရှိသည်။

၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ စစ်ရေးသုံးစွဲမှုသည် ဒေါ်လာ ၉၅၄ ဘီလီယံသာ ရှိပြီး အဓိကအားဖြင့် ယူကရိန်းအတွက် ဘဏ္ဍာရေး၊ စစ်ရေးအကူအညီ အသစ်များ ခွင့်မပြုခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ၂၀၂၆ ခုနှစ်တွင် ယူကရိန်းအတွက် စစ်ရေးအကူအညီကို ဒေါ်လာ တစ်ထရီလီယံ ကျော်အထိ အမေရိကန်က ခွင့်ပြုထားကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲ ရိုက်ခတ်မှုနှင့်အတူ ဥရောပတွင်လည်း စစ်‌ဘက်အတွက် သုံးစွဲမှု ၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၈၆၄ ဘီလီယံအထိ ရှိလာခဲ့သည်။

စစ်ပွဲ ၄ နှစ်ထဲ ဝင်ရောက်လာချိန်တွင် ရုရှားနှင့် ယူကရိန်းတို့၏ စစ်ရေးအသုံးစရိတ်များလည်း မြင့်တက်သထက် မြင့်တက်လာခဲ့ကာ ဥရောပအနောက်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများ၏ စစ်အသုံးစရိတ်မှာလည်း စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအမှတ်သို့ ရောက်လာခဲ့သည်။

၂၀၂၅ တွင် ဂါဇာစစ်ပွဲ အဆုံးသတ်သွားခြင်းကြောင့် အစ္စ‌ရေးတွင် စစ်ရေးအတွက် သုံးစွဲမှု ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံသာရှိသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ယူကရိန်း
#အမေရိကန်
#စစ်ရေးကူညီမှု
#ကမ္ဘာ့စစ်အသုံးစရိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now