နိုင်ငံတကာသတင်း

ထိုင်းမြောက်ပိုင်း နေအိမ်တစ်လုံးတွင် ပုန်းအောင်းနေသည့် မြန်မာ ၆၃ ဦး ဖမ်းမိ

မဲခေါင် 24 Apr - 2026
မဲခေါင်၊ ဧပြီ ၂၄ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်းခရိုင်ရှိ ငှားရမ်းထားသော နေအိမ်တစ်လုံးအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၃ ဦးကို တာဝန်ရှိသူများက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ဒေသတွင်း ရဲတပ်ဖွဲ့၏ ကနဦး ဖမ်းဆီးမိမှုများမှတစ်ဆင့် လူမှောင်ခိုဂိုဏ်းကြီးတစ်ခုနှင့် ဆက်နွှယ်နေသည့် သဲလွန်စများ ရရှိခဲ့ပြီးနောက်၊ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် မူအန်းခရိုင်၊ မယ်တမ်တိုက်နယ်ရှိ ယင်းနေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဖယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ယင်းစစ်ဆင်ရေးတွင် ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။ တာဝန်ရှိသူများသည် ယခုဖြစ်စဉ်တွင် အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုဆိုင်ရာ ဆက်နွှယ်မှုများ ရှိ၊ မရှိကိုပါ

မဲခေါင်၊ ဧပြီ ၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်းခရိုင်ရှိ ငှားရမ်းထားသော နေအိမ်တစ်လုံးအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၃ ဦးကို တာဝန်ရှိသူများက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့၏ ကနဦး ဖမ်းဆီးမိမှုများမှတစ်ဆင့် လူမှောင်ခိုဂိုဏ်းကြီးတစ်ခုနှင့် ဆက်နွှယ်နေသည့် သဲလွန်စများ ရရှိခဲ့ပြီးနောက်၊ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် မူအန်းခရိုင်၊ မယ်တမ်တိုက်နယ်ရှိ ယင်းနေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဖယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ယင်းစစ်ဆင်ရေးတွင် ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

တာဝန်ရှိသူများသည် ယခုဖြစ်စဉ်တွင် အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုဆိုင်ရာ ဆက်နွှယ်မှုများ ရှိ၊ မရှိကိုပါ အသေးစိတ် စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးရမိသူများထဲတွင် ပအိုဝ်း၊ ရှမ်းနှင့် ကရင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုဝင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး၊ ၎င်းတို့အနက် ၃ ဦးမှာ အသက် ၁၈ နှစ်မပြည့်သေးသည့် အရွယ်မရောက်သေးသူများ ဖြစ်ကြောင်း သိရသည်။

မူလ စစ်ဆေးမေးမြန်းချက်များအရသည် ၎င်းတိုသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ဆမ်နှင့် ပမ်းလ် ဟု အမည်ရသည့် ပွဲစားများက ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဗင်ကားများ၊ ကိုယ်ပိုင်ကားများဖြင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကာ ဘန်ကောက်မြို့နှင့် ဖိစနုလောက်ခရိုင်ရှိ ရထားလမ်းအနီးတစ်ဝိုက်သို့ ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေစဉ်အတွင်း ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဖမ်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၈၅၀၀ မှ တစ်သောင်းအထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းတို့အနက် အချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသော်လည်း ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားဝင် ဝင်ရောက်ခွင့် အထောက်အထားများ ပြည့်စုံခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

၎င်းတို့အား တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် ဖယောင်း ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေး အရာရှိများထံ လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးသူငယ် ၃ ဦးကိုမူ ခရိုင်ကလေးသူငယ်နှင့် မိသားစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ထားသည်။

ကလေးသူငယ်များအား နေရပ်ပြန်မပို့မီ လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ရခြင်း ရှိ၊ မရှိ အကာအကွယ်ပေးရေးဆိုင်ရာ ဆန်းစစ်ချက်များကို တာဝန်ရှိသူများက ဦးစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Khaosod
#MeKongNews
#ထိုင်းမြောက်ပိုင်း
#ပုန်းအောင်း
#မြန်မာ
#ဖမ်းမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now