နေ့စဥ်သတင်း

ကျောက်တစ်လုံးကြီးမြို့တွင် ခေါင်းစဉ်မျိုးစုံဖြင့် PNO ဆက်ကြေးကောက်မှု ၆ လအတွင်း တစ်အိမ်ထောင် ၇ သိန်းကျော်အထိရှိ

မဲခေါင် 21 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့တွင် PNO ပြည်သူ့စစ်အဖွဲ့က စစ်အသုံးစရိတ်များ အပါအဝင် လူမှုရေးပွဲများအတွက် ကောက်ခံငွေများသည် ၆ လအတွင်း တစ်အိမ်ထောင် ၇ သိန်းကျော်အထိ ရှိလာပြီး ဒေသခံများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ကောက်ခံသည့်ငွေများတွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် စစ်ရေးအသုံးစရိတ်များအပြင် နောင်ကားဘောလုံးပွဲနှင့် ပအိုဝ်းအမျိုးသားနေ့ကဲ့သို့ လူမှုရေးပွဲများ ကျင်းပရန်အတွက်လည်း ပါဝင်နေသည်။ ထိုကဲ့သို့ ဆက်တိုက် ကောက်ခံမှုများကြောင့် ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် နေထိုင်ရေးနှင့် နေ့စဉ်အသုံးစရိတ်များကို ဖြည့်ဆည်းရန် ပိုမိုခက်ခဲလာကြောင်း ဒေသခံများက ဆိုသည်။ “၆ လအတွင်း ၇ သိန်းကျော် ပေးထားရတယ်။ အလုပ်မပြေလို့ ဝင်ငွေလည်းနည်းတဲ့အချိန်မှာ

မဲခေါင်၊ ဧပြီ ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့တွင် PNO ပြည်သူ့စစ်အဖွဲ့က စစ်အသုံးစရိတ်များ အပါအဝင် လူမှုရေးပွဲများအတွက် ကောက်ခံငွေများသည် ၆ လအတွင်း တစ်အိမ်ထောင် ၇ သိန်းကျော်အထိ ရှိလာပြီး ဒေသခံများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ကောက်ခံသည့်ငွေများတွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် စစ်ရေးအသုံးစရိတ်များအပြင် နောင်ကားဘောလုံးပွဲနှင့် ပအိုဝ်းအမျိုးသားနေ့ကဲ့သို့ လူမှုရေးပွဲများ ကျင်းပရန်အတွက်လည်း ပါဝင်နေသည်။

ထိုကဲ့သို့ ဆက်တိုက် ကောက်ခံမှုများကြောင့် ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် နေထိုင်ရေးနှင့် နေ့စဉ်အသုံးစရိတ်များကို ဖြည့်ဆည်းရန် ပိုမိုခက်ခဲလာကြောင်း ဒေသခံများက ဆိုသည်။

“၆ လအတွင်း ၇ သိန်းကျော် ပေးထားရတယ်။ အလုပ်မပြေလို့ ဝင်ငွေလည်းနည်းတဲ့အချိန်မှာ အတော်လေးပင်ပန်းတယ်။ အကြောင်းအမျိုးမျိုးနဲ့ ကောက်ခံတာတွေ များလာတော့ မခံနိုင်တော့ဘူး။ ခုက စစ်ကောင်စီအတွက် စစ်အသုံးစရိတ်ကိုပါ PNO က ကောက်ပေးနေတာကြောင့် အခက်အခဲ အရမ်းဖြစ်စေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဒေသခံများက ထိုကဲ့သို့ ကောက်ခံသည့် ဆက်ကြေးများကို မထည့်ပါက အကြမ်းဖက်အားပေးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ရွာမှ နှင်ထုတ်ခြင်းနှင့် သာရေးနာရေး မကူညီမှုများ ပြုလုပ်မည်ဟု PNO ဘက်မှ ခြိမ်းခြောက်မှုများ ရှိနေသဖြင့် မဖြစ်မနေ ပေးဆောင်နေရကြောင်းလည်း ဆိုသည်။

ထို့ပြင် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုအတွင်းတွင်လည်း အိမ်ခွန် တစ်အိမ်လျှင် ၅ သောင်းကျပ်နှင့် ပြည်သူ့စစ်စရိတ် တစ်အိမ်လျှင် ၂ သောင်းကျပ်ကို ဆက်လက် ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် – PNO သည် ရှမ်းပြည်တောင်ပိုင်းဒေသများတွင် လှုပ်ရှားခဲ့သော နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အင်အားတစ်ရပ်ဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ဒေသတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်လာကာ ပြည်သူ့စစ်အဖြစ် ဆက်လက် ရပ်တည်နေသည်။

#MeKongNews
#ကျောက်တစ်လုံးကြီးမြို့
#PNO
#ဆက်ကြေးကောက်
#တစ်အိမ်ထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now