နေ့စဥ်သတင်း

ဟိုပုံး တပ်မတော်ကွန်ပျူတာသိပ္ပံတွင် ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံအရာရှိများ လိုင်စင်မဲ့ကား မှောင်ခိုသယ်နေ

မဲခေါင် 20 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံအတွင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံအရာရှိများ ပါဝင်ပတ်သက်သည့် လိုင်စင်မဲ့ကားများ မှောင်ခိုသယ်ယူ ပို့ဆောင်မှုများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။ ယင်းလုပ်ငန်းများတွင် ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံဖြစ်သည့် တပ်ထောက် ဗိုလ်ကြီး စိုးထက်အောင် ကိုယ်တိုင် ပါဝင်သယ်ယူ ပို့ဆောင်နေပြီး ၎င်းတစ်ဦးတည်းသာမက တပ်တွင်းရှိ ဗိုလ်ကြီးအဆင့် အရာရှိအများစု ပါဝင်နေကြပြီး အချို့အရာရှိများမှာ လိုင်စင်မဲ့ကား လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။ တပ်စည်းကမ်းအရ အရာရှိများကို ကိုယ်တိုင် ကားမောင်းခွင့် မရှိသော်လည်း လက်တွေ့တွင် လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

မဲခေါင်၊ ဧပြီ ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံအတွင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံအရာရှိများ ပါဝင်ပတ်သက်သည့် လိုင်စင်မဲ့ကားများ မှောင်ခိုသယ်ယူ ပို့ဆောင်မှုများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

ယင်းလုပ်ငန်းများတွင် ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံဖြစ်သည့် တပ်ထောက် ဗိုလ်ကြီး စိုးထက်အောင် ကိုယ်တိုင် ပါဝင်သယ်ယူ ပို့ဆောင်နေပြီး ၎င်းတစ်ဦးတည်းသာမက တပ်တွင်းရှိ ဗိုလ်ကြီးအဆင့် အရာရှိအများစု ပါဝင်နေကြပြီး အချို့အရာရှိများမှာ လိုင်စင်မဲ့ကား လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

တပ်စည်းကမ်းအရ အရာရှိများကို ကိုယ်တိုင် ကားမောင်းခွင့် မရှိသော်လည်း လက်တွေ့တွင် လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး အနေဖြင့် တပ်တွင်း လိုင်စင်မဲ့ကား စီးနင်းမှုများ တွေ့ရှိပါက ဖမ်းဆီးရန် ညွှန်ကြားထားသော်လည်း အရာရှိများ ပါဝင်နေမှုကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက မဖမ်းဆီးရဲကြကြောင်း သတင်းထွက်ပေါ်နေသည်။

ထို့ပြင် ဗိုလ်မှူးချုပ် သန့်ထင်စိုး အနေဖြင့် တပ်တွင်းအရာရှိများ လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်နေမှုကို သိရှိထားသော်လည်း မျက်ကွယ်ပြုထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ကျောင်းအုပ်ကြီး သင်တန်းတက်ရောက်နေသည့် ကာလအတွင်း လိုင်စင်မဲ့ကား သယ်ယူမှုများ ပိုမိုပြုလုပ်လာကြကြောင်းလည်း သိရသည်။

လိုင်စင်မဲ့ကားများကို မြဝတီ၊ နမ့်စန်နှင့် ပင်လုံဘက်များမှ သွင်းယူနေကြောင်း သိရပြီး နမ့်စန် – ပင်လုံဘက်မှ သယ်ယူပါက တစ်စီးလျှင် ကျပ် ၄ သိန်းမှ ၈ သိန်းခန့် ပေးရကြောင်းနှင့် မြဝတီဘက်မှ သယ်ယူပါက တစ်စီးလျှင် သိန်း ၆၀ သိန်းခန့် ပေးရကြောင်းလည်း သိရသည်။

ထို့ပြင် ဟိုပုံးမြို့တွင် ပြည်သူများ ဓာတ်ဆီ ဝယ်ယူရန် အခက်အခဲများ ရှိနေချိန်တွင် တပ်တွင်း အရာရှိများက လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်ရန် ဆီဆိုင်များ ပိတ်ထားသော်လည်း ဖွင့်ခိုင်း၍ ပုံးများဖြင့် အများအပြား ဝယ်ယူနေကြကြောင်းလည်း သိရသည်။

စစ်မှုထမ်းများနှင့် အောက်ခြေစစ်သားများက အသက်စွန့် တာဝန်ထမ်းဆောင်နေချိန်တွင် တပ်တွင်း အရာရှိအချို့နှင့် ၎င်းတို့၏ မိသားစုဝင်များမှာ လိုင်စင်မဲ့ကား လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြခြင်းကြောင့် တပ်တွင်း အဆင့်များအကြား မကျေနပ်မှုများ ရှိနေကြောင်းလည်း တပ်အသိုင်းဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

မဲခေါင်သတင်းဌာန၏ ယခင် သတင်းဖော်ပြချက်များအရလည်း ဗိုလ်မှူးချုပ် သန့်ထင်စိုး ဦးဆောင်ကာ ဟိုပုံး – မိုင်းပွန်လမ်း တပ်ရှေ့တွင် ကုန်ကားများအား စစ်ဆေးရန် သီးသန့်ဂိတ်များ ဖွင့်လှစ်ခဲ့ပြီး ကုန်ကားများထံမှ ငွေကောက်ခံမှုများ ပြုလုပ်ခဲ့သည့် သတင်းကြောင့် နေပြည်တော်မှ စစ်တပ်အရာရှိများက အဂတိမှုဖြင့် လာရောက် စစ်ဆေးချိန်တွင် ဗိုလ်မှူးချုပ် သန့်ထင်စိုးက ၎င်းလုပ်သည်ကို ဝန်မခံဘဲ တပည့်ရင်းဖြစ်သူ ဗိုလ်မှုး အေးမင်းထွန်းကို ထိုးကျွေးခဲ့သည်ဟုသည့် သတင်းများလည်း ယခင်က ထွက်ပေါ်ခဲ့ဖူးသည်။

#MeKongNews
#ဟိုပုံး
#လိုင်စင်မဲ့ကား
#မှောင်ခို
#ဗိုလ်မှူးသန့်ထင်စိုး
#ကွန်ပျူတာသိပ္ပံ
ပုံ – လိုင်စင်မဲ့ကားတင်သွင်းခြင်း အဓိက ဦးဆောင်လုပ်ကိုင်သူ တပ်ထောက် ဗိုလ်ကြီး စိုးထက်အောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now