မဲခေါင်၊ ဧပြီ ၁၂
ထိုင်းဆုန်ခရမ်ပွဲတော် အားလပ်ရက် ပထမ ၂ ရက်တွင် လမ်းပေါ် ယာဥ်မတော်တဆမှုများအတွင်း လူ ၇၁ ဦးသေဆုံးခဲ့ကာ ၃၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ သောကြာနှင့် စနေ ၂ ရက်တွင် ဖြစ်ခဲ့သည့် ယာဥ်မတော်တဆမှု ၃၄၄ ကြိမ်တွင် ထိခိုက်ခဲ့သူများ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာန ဒုတိယအမြဲတမ်း ဒေါက်တာ ဆိုဖွန် လမ်ဆရီသာဝမ်က ယနေ့ ပြောသည်။
နမ် ပြည်နယ်တွင် ယာဥ်မတော်တဆမှု ၁၇ ကြိမ်ဖြင့် အများဆုံးဖြစ်သည်။
မြောက်ပိုင်း ၂ ပြည်နယ် ဖြစ်သည့် နမ် နှင့် လမ်ပန်းတွင် ဒဏ်ရာရရှိသူ ၁၇ ဦးစီဖြင့် အများဆုံး ဖြစ်သည်။
ပရာချင်ဘူရီ နှင့် ဖစ်ဆန်နူလော့ခ်တို့မှာ သေဆုံးသူ ၄ ဦးစီဖြင့် သေဆုံးမှုအများဆုံး ပြည်နယ်များ ဖြစ်သည်။
စနေနေ့ တစ်ရက်တည်းမှာပင် နိုင်ငံတစ်ဝန်း၌ ယာဥ်တိုက်မှု ၂၀၈ မှုဖြစ်ခဲ့ကာ သေဆုံးသူ ၅၀ ဦးရှိပြီး ၁၈၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ယာဥ်မတော်တဆမှု ဖြစ်ရသော အဓိက အကြောင်းများတွင် မြန်နှုန်းမြင့်ခြင်း( ၄၅%)၊ အရက်သောက် မောင်းနှင်ခြင်း(၂၅%) တို့ ဖြစ်ကာ မတော်တဆမှု ၆၁ % တွင် မော်တော်ဆိုင်ကယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ဆုန်ခရမ် ခရီးသွား အများစုမှာ ၎င်းတို့ သွားမည့်နေရာသို့ ရောက်ရှိသွားကြပြီဖြစ်သည်ဟု ဒေါက်တာ ဆိုဖွန်က ပြောကြားသည်။
ဆုန်ခရမ် ဘေးကင်းရေး အစီအစဥ်ကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။
အေးကျော်
Ref: Bangkok Post
#MeKongNews
#ဆုန်ခရမ်ပွဲတော်
#ယာဥ်မတော်ဆမှု
#သေဆုံး








