နေ့စဥ်သတင်း

UWSA ဌာနချုပ် ပန်ဆန်းမြို့အနီးတွင် ယမ်းချက်စက်ရုံ ပေါက်ကွဲပြီး လူ ၁၀၀ ကျော်သေဆုံး

မဲခေါင် 8 Apr - 2026
မဲခေါင်၊ ဧပြီ ၈ “ဝ”တပ်ဖွဲ့ – UWSA ဌာနချုပ် ပန်ဆန်းမြို့အနီး ယောင်ဘန်းကျေးရွာတွင်ရှိသည့် ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၁၀၀ ကျော်သေဆုံးသည်ဟု သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ ၇ ရက် ညနေ ၃ နာရီတွင် ယင်းယမ်းချက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြီးမားသဖြင့် အလုပ်သမား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး အချို့မှာ အပိုင်းပိုင်းပြတ်ထွက် သေဆုံးသွားကြသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။ ထို့ပြင် ယင်းယမ်းချက်စက်ရုံကို ဦးဆောင်လုပ်နေသည့် တရုတ်နိုင်ငံသားကိုလည်း “ဝ”တပ်ဖွဲ့က အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီး ထိန်းသိမ်းသွားသည်ဟုလည်း သတင်းရင်းမြစ်တစ်ဦးက.ပြောသည်။ “မနေ့ ၃ နာရီလောက်မှာ ပေါက်ကွဲမှု ကြီးကြီးမားမားဖြစ်သွားတယ်၊

မဲခေါင်၊ ဧပြီ ၈

“ဝ”တပ်ဖွဲ့ – UWSA ဌာနချုပ် ပန်ဆန်းမြို့အနီး ယောင်ဘန်းကျေးရွာတွင်ရှိသည့် ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၁၀၀ ကျော်သေဆုံးသည်ဟု သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ၇ ရက် ညနေ ၃ နာရီတွင် ယင်းယမ်းချက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြီးမားသဖြင့် အလုပ်သမား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး အချို့မှာ အပိုင်းပိုင်းပြတ်ထွက် သေဆုံးသွားကြသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် ယင်းယမ်းချက်စက်ရုံကို ဦးဆောင်လုပ်နေသည့် တရုတ်နိုင်ငံသားကိုလည်း “ဝ”တပ်ဖွဲ့က အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီး ထိန်းသိမ်းသွားသည်ဟုလည်း သတင်းရင်းမြစ်တစ်ဦးက.ပြောသည်။

“မနေ့ ၃ နာရီလောက်မှာ ပေါက်ကွဲမှု ကြီးကြီးမားမားဖြစ်သွားတယ်၊ ပန်ဆန်းအနီးက ယောင်ဘန်းရွာမှာဖြစ်တာ။ သူက စက်ရုံအကြီးလိုမျိုးတော့ မဟုတ်ဘူး၊ ရွာထဲမှာ တစ်ပိုင်တနိုင်စက်ရုံပဲ တရုတ်တွေက ဦးဆောင်ပြီးလုပ်နေတာ ။ ယမ်းတွေအမျိုးက နဂိုကတည်းက အန္တရာယ်ရှိတဲ့အမျိုးပါဆိုမှ ပေါက်ကွဲတဲ့နေရာက ဆီဆိုင်အနီးမှာဆိုတော့ ပေါက်ကွဲမှုက ပိုပြင်းသွားတာ။ လူသေတာ စာရင်းအတိအကျ မရနိုင်သေးဘူး၊ တချို့က ခြေလက်တွေ ပြတ်ထွက်ကုန်တာ ခန့်မှန်းတာက သေတာ ၁၀၀ ကျော် ထိခိုက်တာနဲ့ပေါင်းရင် ၁၆၀ ကျော်လောက်ရှိတယ်။ အဲလောက်ထိ အခြေအနေဆိုးတာ” ဟု သတင်းရင်းမြစ်ကပြောသည်။

ယင်းယမ်းချက်စက်ရုံ ပေါက်ကွဲမှုသည် ဆီဆိုင်အနီးတွင်ရှိသဖြင့် ပေါက်ကွဲမှုများ ကူးစက်ကုန်ကာ ထိခိုက်မှု ပိုများသွားခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။

“ယမ်းချက်ရုံက အဖွဲ့အစည်းပိုင်တော့ မဟုတ်ဘူးလို့သိရတယ်ပေါ့နော်၊ အဖွဲ့ခွင့်ပြုချက်နဲ့ လုပ်တာလို့တော့ သိရတယ်။ ဒါပေမယ့် ယမ်းဆိုတာမျိုးက ဘယ်လိုပဲ လုပ်လုပ် အန္တရာယ်ကအနည်းနဲ့အများ ရှိတာပဲ။ အခုပေါက်ကွဲမှုမှာလည်း ဦးဆောင်တဲ့တရုတ်ကို “ဝ”တပ်က လာဖမ်းသွားတယ်”ဟု ၎င်းကပြောသည်။

ယင်းယမ်းချက်စက်ရုံသည် တရုတ်နိုင်ငံသားများ ဦးဆောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယမ်းမဟုတ်ဘဲ သတ္တုမိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းများကို ထုတ်လုပ်နေခြင်း ဖြစ်သည်ဟုလည်း သတင်းရင်းမြစ်ထံမှ သိရသည်။

ယောင်ဘန်းရွာတွင်ရှိသည့် ယမ်းချက်စက်ရုံပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ရန် “ဝ”တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ် မေးမြန်းထားဆဲဖြစ်ကာ လက်ရှိသတင်းဖော်ပြချိန်အထိ ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။

#MeKongNew
#UWSA
#ပန်ဆန်းမြို့
#ရုံခမ်းရွာ
#ယမ်းချက်စက်ရုံ
#ပေါက်ကွဲ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now