မဲခေါင်၊ ဧပြီ ၄
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့၊ရပ်ကွက် – ၁ ရှိ မူကထ စားသောက်ဆိုင်တစ်ဆိုင်အတွင်း ဓားပြတိုက်မှု ကျူးလွန်သူကို SSPP တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု SSPP Infoက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီ ၂ ရက် ည ၉နာရီ ၃ မိနစ်ခန့်တွင် ဓားနှစ်လက် ယူဆောင်လာသော အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှင်အား ဓားထောက်ကာ ငွေကြေးတောင်းခံခဲ့သည်ဟု ဆိုသည်။
ယင်းသတင်းရရှိပြီးနောက် SSPP တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ချက်ချင်းရောက်လာကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့စဥ် အထိုအမျိုးသားက တပ်ဖွဲ့ဝင်များအား ဓားဖြင့် ပြန်လည်ခုခံခဲ့သဖြင့် SSPP တပ်ဖွဲ့ဝင်များမှ ၎င်း၏ ညာဘက်ပေါင်ကို သေနတ်ဖြင့် ပစ်ခတ်၊ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။
ပြစ်မှုကျူးလွန်၍ ဖမ်းဆီးခံရသူမှာ မိုင်းရယ်မြို့နယ် ရပ်ကွက် – ၁ တွင် နေထိုင်သူ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးမိသူအား ဆက်လက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူကို SSPP/SSA ၏ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု SSPP Info က ဖော်ပြသည်။
#MeKongNews
#မိုင်းရယ်
#စားသောက်ဆိုင်
#ဓားပြတိုက်
#SSPP








