မဲခေါင်၊ မတ် ၃၁
ထိုင်းနိုင်ငံ၊ ပတ္တယား ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သော အသက် ၃၀ အရွယ် ဖင်လန်နိုင်ငံသား ကက်နက်ဆိုသူသည် ဟိုတယ်ဘားဆိုင်တွင် ဘီယာသောက်ခဲ့ပြီး ထိုဘားမှ ဝန်ထမ်းမိန်းကလေး ၂ ဦီးအား အခန်းထဲ ခေါ်ပြီး ဘီယာဆက်သောက် ခဲ့ပြီးနောက် အိပ်ရာနိုးလာစဥ် ငွေသား ဘတ် ၅ ထောင်နှင့် နှင့် ဘတ် ၇ သိန်းတန် ရိုးလက်စ်နာရီပါ သွားသဖြင့် ယမန်နေ့နံနက်တွင် ပတ္တယားရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။
ယမန်နေ့ မတ် ၃၀ ရက် နံနက် ဒေသစံတော်ချိန် ၂ နာရီတွင် ကက်နက်က အိပ်ရာမှ နိုးလာရာတွင် အခန်း တွင်း ခေါ်သောက်သည့် မိန်းကလေး ၂ ဦီးလည်း မတွေ့ခဲ့သလို ဘတ်ငွေသားနှင့် ရိုးလက်စ်နာရီပါ မရှိတော့သဖြင့် ပတ္တယားရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းမိန်းကလေးများအား အခန်းထဲခေါ်ကာ ဘီယာအတူ သောက်နေစဉ် ရုတ်တရက် ထူးဆန်းစွာ အိပ်ချင်လာရာမှ အိပ်ပျော်သွားခဲ့ပြီး နိုးလာစဉ် ငွေနှင့် နာရီပါသွားသည်ကို သိရသဖြင့် ကက်နက်က ရဲစခန်းတွင် ရဲစခန်းတွင် ငိုယိုကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရဲတပ်ဖွဲ့က ဟိုတယ် စီစီတီဗီမှတ်တမ်းများ လိုက်ကြည့်ပြီး တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: khaosod
#MeKongNews
#ပတ္တယား
#ဟိုတယ်ခန်း
#ဖင်လန်နိုင်ငံသား
#ရိုးလက်စ်နာရီ








