မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင် မိုင်းငေါ့မြို့နယ်တွင် မူးယစ်ဆေဝါး ရောင်းဝယ်သုံးစွဲသူ ၂၁ ဦးကို ဖမ်းဆီးမိသည်ဟု တအာင်းတပ်ဖွဲ့- TNLA က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းဖမ်းဆီးမိသည့်သူများအနက် ၁၉ ဦးသည် မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ပြီး ၂ ဦးသည် ရောင်းဝယ်သူများ ဖြစ်သည်ဟု TNLA က ဆိုသည်။
ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးသည် ယာမဆေးပြားကို ရောင်းဝယ်နေသူများဖြစ်ကာ ဖမ်းဆီးချိန်တွင်လည်း ယာမဆေးပြား ၄၇၅ ပြားကို သိမ်းဆီးရမိခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။
ယခုဖမ်းမိသူများသည် မတ်လအတွင်း ဖမ်းဆီးရမိမှုများဖြစ်ပြီး သုံးစွဲသူများအား အကျင့်စာရိတ္တ ပြုပြင်ပေးသွားမည်ဖြစ်ကာ ရောင်းဝယ်သူများကိုမူ TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်သည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း လူငယ်များ၏ အနာဂတ်ကို ကာကွယ် ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA က ထုတ်ပြန်ချက်တွင် ဆိုသည်။
#MeKongNews
#မိုင်းငေါ့
#မူးယစ်ဆေးဝါး
#ရောင်းဝယ်သုံးစွဲ
#TNLA
#ဖမ်းဆီး








