နေ့စဥ်သတင်း

ကွတ်ခိုင်မြို့တိုက်ပွဲအတွင်း အရှင်ဖမ်းမိ TNLA တပ်ဖွဲ့ဝင် ၃ ဦးကို MNDAA သတ်ဖြတ်၊ မြေမြုပ်သည့်ရုပ်သံ ထွက်ပေါ်

မဲခေါင် 30 Mar - 2026
မဲခေါင်၊ မတ် ၃၀ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ပဋိပက္ခအတွင်းအသက်ရှင်လျက်ဖမ်းမိသည့် TNLA တပ်ဖွဲ့ဝင် ၃ ဦးကို MNDAA က ပစ်သတ်ပြီး မြေမြှုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဘန်ကာထဲ မြုပ်နှံခဲ့သည့် ယင်းရုပ်အလောင်းများကို တူးဖော်ရရှိသည့် ရုပ်သံဖိုင်အား သတင်းရင်းမြစ်တစ်ဦးက ယနေ့ မတ် ၃၀ရက်တွင် မဲခေါင်သို့ ပေးပို့လာသည်။ ယင်း TNLA တပ်ဖွဲ့ဝင် ၃ ဦးကို မတ် ၁၅ ရက်က ကွတ်ခိုင်မြို့အရှေ့ဘက်၊ တာမိုးညဲ၏ အရှေ့မြောက်ဘက်၊ နမ့်ဟူးရွာအရှေ့ဘက် စခန်း၌ MNDAA များက ဖမ်းဆီးရမိသည့် ရုပ်သံတွင် ကြိုးတုတ်ခံထားရပြီး အသက်ရှင်လျက် တွေ့ရသည်။ သို့ရာတွင် သေဆုံးသူများ၏ မိတ်ဆွေ၊ မိသားစုများက

မဲခေါင်၊ မတ် ၃၀

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ပဋိပက္ခအတွင်းအသက်ရှင်လျက်ဖမ်းမိသည့် TNLA တပ်ဖွဲ့ဝင် ၃ ဦးကို MNDAA က ပစ်သတ်ပြီး မြေမြှုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဘန်ကာထဲ မြုပ်နှံခဲ့သည့် ယင်းရုပ်အလောင်းများကို တူးဖော်ရရှိသည့် ရုပ်သံဖိုင်အား သတင်းရင်းမြစ်တစ်ဦးက ယနေ့ မတ် ၃၀ရက်တွင် မဲခေါင်သို့ ပေးပို့လာသည်။

ယင်း TNLA တပ်ဖွဲ့ဝင် ၃ ဦးကို မတ် ၁၅ ရက်က ကွတ်ခိုင်မြို့အရှေ့ဘက်၊ တာမိုးညဲ၏ အရှေ့မြောက်ဘက်၊ နမ့်ဟူးရွာအရှေ့ဘက် စခန်း၌ MNDAA များက ဖမ်းဆီးရမိသည့် ရုပ်သံတွင် ကြိုးတုတ်ခံထားရပြီး အသက်ရှင်လျက် တွေ့ရသည်။

သို့ရာတွင် သေဆုံးသူများ၏ မိတ်ဆွေ၊ မိသားစုများက အစုလိုက် မြုပ်နှံထားသည့် ဘန်ကာကျင်းအတွင်းမှ ၎င်းတို့ရုပ်အလောင်းများကို မတ်၂၈ ရက်က ပြန်လည်တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။

“သူတို့မိသားစုတွေက မူဆယ်နားက ဆိုက်ခေါင်ရွာကလို့ သိရတယ်၊ သူတို့အလောင်းတွေကို ပထမရက်တွေထဲကရှာတာ မတွေ့ရဘူး။ တနေ့ကမှ တွေ့ရတာ၊ ခုလို ဖြစ်သလို မြုပ်နှံထားတဲ့အစား ကောင်း ကောင်းမွန်မွန် ပြန်သင်္ဂြိုဟ်ဖို့ မိသားစုတွေက လိုက်ရှာသယ်ယူတာပါ” ဟု ကွတ်ခိုင် ဂရုဏာအသင်းမှ လူမှုကူညီသူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ MNDAA ရော TNLA ကပါ မည့်သို့မျှ ပြောဆိုခြင်း ယခုချိန်ထိ မတွေ့ရသေးပေ။

“လက်နက်ချဖမ်းမိ သုံ့ပန်းကို သတ်တာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ၊ ပြီးတော့ သူတို့က အထက်အမိန့်အရ မတိုက်ပဲ လက်နက်ချတာလို့ ကြားတယ်။ ဒီအတိုင်း မှန်ရင်တော့ စစ်ရာဇဝတ်မှုပဲ၊ MNDAA က စစ်ကောင်စီသုံ့ပန်းတွေကျတော့ ထောင်ချီ လွှတ်ပေးခဲ့ပြီး ခုဘယ်လို ဖြစ်တာလည်းမသိ။ အောက်ခြေတပ်ဖွဲ့က လုပ်တာဆိုရင်လည်း အထက်က တာဝန်ယူပေးရမှာပဲ” ဟု စစ်ရေးလေ့လာသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ကွတ်ခိုင်မြို့ကို MNDAA တပ်မဟာ ၅၁၁ နှင့် ကျောက်မဲခရိုင် တပ်မဟာတို့က မတ် ၁၅ ရက်တွင် TNLA ထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#ကွတ်ခိုင်မြို့
#တိုက်ပွဲအတွင်း
#အရှင်ဖမ်းမိ
#TNLA
#MNDAA
#သတ်ဖြတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now