မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိူးမြို့၊ ရပ်ကွက် – ၈ တွင် မတ် ၂၆ ရက်က အိမ်ဖောက်ထွင်းသူ ၂ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိပြီးနောက် ထပ်မံစစ်ကြောချက်အရ ၎င်းတို့ခိုးယူခဲ့သည့် ဆိုင်ကယ် ၉ စီးကိုပါ ထပ်မံဖော်ထုတ် သိမ်းဆည်းရမိကြောင်း သိရသည်။
အိမ်ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူ ကျော်ဦးနှင့်မင်းမင်း (ခ) ရခိုင် တို့ ၂ ဦး၏ အစစ်ခံချက်အရလားရှိုးမြို့၊ရပ်ကွက် – ၇ အတွင်းမှ ဆိုင်ကယ် ၄ စီး၊ ရပ်ကွက် – ၈ အတွင်းမှဆိုင်ကယ်၂ စီးနှင့်ရပ်ကွက် – ၁ အတွင်းမှ ဆိုင်ကယ် ၃ စီးစုစု ပေါင်း ၉ စီးကိုခိုးယူခဲ့သည်ဟု သိရသည်။
ပိုင်ရှင်များအနေဖြင် မိမိတို့၏ဆိုင်ကယ် ဟုတ်၊မဟုတ်ကို ခိုးယူခံရသည့်နေရာ နေ့ရက်များသက်သေ အထောက်အထားများပြသကာ လာရောက် ကြည့်ရှူနိုင်ပြီး အမှန်တကယ် ပျောက်ဆုံးခဲ့သူများကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
တရုတ်ကြားဝင်မှုဖြင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ပြီးနောက် လားရှိုးတွင် မူးယစ်ဆေးနှင့် လောင်းကစားလုပ်ငန်းများ ကြီးထွားလာသလို ခိုးဆိုးလုယက်မှုများလည်း အများအပြား ဖြစ်ပေါ်နေသည်။
#MeKongNews
#ဖမ်းမိ
#ဖောက်ထွင်းသမား
#ခိုးရာပါ
#ဆိုင်ကယ်








