နေ့စဥ်သတင်း

CDM ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်ထားသည့် ကွတ်ခိုင် သူနာပြုကောလိပ် MNDAA ဖျက်ဆီး

မဲခေါင် 23 Mar - 2026
မဲခေါင်၊ မတ် ၂၃ ကိုးကန့်တပ်ဖွဲ့ – MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် CDM ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်ထားသည့် ကွတ်ခိုင် သူနာပြုကောလိပ် – ADN ကျောင်းကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ကွတ်ခိုင် ADN ကျောင်းကို MNDAA က မွှေနှောက်ဖျက်ဆီးပြီးနောက် ကျောင်းအတွင်းရှိ လိုချင်သည့် ပစ္စည်းများကို သွားယူကြရန် ကျောင်းအနီးရှိ ကျေးရွာများကို ပြောဆိုသဖြင့် ရွာခံများကလည်း ယမ​န်နေ့ မတ်၂၂ ရက်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို ထပ်မံယူသွားကြဟု သတင်းရင်းမြစ်များက ပြောသည်။ “ကွတ်ခိုင်ကို သိမ်းပိုက်ခါနီး အချိန်ကတည်းက ကိုးကန့်တပ်တွေက အဲ့ကျောင်းကို ရောက်နေပြီ၊ ကိုးကန့်တပ်တွေက

မဲခေါင်၊ မတ် ၂၃

ကိုးကန့်တပ်ဖွဲ့ – MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် CDM ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်ထားသည့် ကွတ်ခိုင် သူနာပြုကောလိပ် – ADN ကျောင်းကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကွတ်ခိုင် ADN ကျောင်းကို MNDAA က မွှေနှောက်ဖျက်ဆီးပြီးနောက် ကျောင်းအတွင်းရှိ လိုချင်သည့် ပစ္စည်းများကို သွားယူကြရန် ကျောင်းအနီးရှိ ကျေးရွာများကို ပြောဆိုသဖြင့် ရွာခံများကလည်း ယမ​န်နေ့ မတ်၂၂ ရက်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို ထပ်မံယူသွားကြဟု သတင်းရင်းမြစ်များက ပြောသည်။

“ကွတ်ခိုင်ကို သိမ်းပိုက်ခါနီး အချိန်ကတည်းက ကိုးကန့်တပ်တွေက အဲ့ကျောင်းကို ရောက်နေပြီ၊ ကိုးကန့်တပ်တွေက ၁၆၊ ၁၇ ရက်ကတည်းက တစ်ကျောင်းလုံးကို ဝင်မွှေပြီးသွားပြီ။ မနေ့ကမှ ရွာသားတွေကို ကြိုက်တာ လာယူလိုက်ဆိုပြီးတော့ ပြောလို့ ရွာသားတွေကလည်း မနေ့ကမှ သွားယူကြတာ။ လာယူတဲ့အချိန်မှာ ဆရာ ဆရာမတွေကလည်း ကျောင်းကို ပြန်သွားကြည့်လို့ ရပြီဆိုတော့ သွားကြည့်တော့ ရွာသားတွေနဲ့ တွေ့တာ”ဟု ကွတ်ခိုင်မြို့ရှိ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ADN ကျောင်းသည် ပြည်သူအကျိုးပြု ကျောင်းဖြစ်သဖြင့် မြို့ကို သိမ်းပိုက်သည့် မည်သည့်အဖွဲ့အစည်းမဆို ကျောင်းကို ကာကွယ်ပေးရန် လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

“ပြည်သူအကျိုးပြု ကျောင်းတွေမလို့ မြို့ကို သိမ်းလည်း ဒီလိုနေရာကို ဆက်လက် ကာကွယ်ပေးရမှာလေ။ အခုကျ ကျောင်းသူကျောင်းသားရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေရော ကျောင်းပစ္စည်း ဗီဒိုစတာတွေရော တစ်ကျောင်းလုံး အများအပြား ပျက်စီးကုန်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်ကျောင်းကို တအာင်းတပ်ဖွဲ့ – TNLA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် CDM ဆရာဝန်များက ဦးဆောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သူနာပြုဘာသာရပ်ကို သင်ကြားပေးနေသည့်ကျောင်းဖြစ်သည်။

“ကိုးကန့်တပ်က ထိုးစစ်လုပ်တဲ့ အချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လွတ်ရာကို ပြေးနိုင်ကြပေမယ့် ကျန်ခဲ့တဲ့ ပစ္စည်းတွေကတော့ ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရတာ။ အခုတော့ ကျောင်းကိုလည်း ပြန်ဖွင့်ဖို့ မလွယ်တော့ဘူး”ဟု ကွတ်ခိုင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းသူနာပြုကောလိပ်ကို ဖွင့်လှစ်နိုင်ရန် ကျပ်သိန်းထောင်ချီ အကုန်ကျခံ ပြင်ဆင်ထားခဲ့ရသော်လည်း ယခုတွင်မူ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့ – MNDAA သည် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင် သိမ်းပိုက်သည့် အချိန်တွင်လည်း ကွတ်ခိုင်ဒေသခံ ပြည်သူ ၉ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

#MeKongNews
#CDM
#ဆရာဝန်များ
#သူနာပြုကောလိပ်
#MNDAA
#ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now