ကမ္ဘာ့သတင်း

ကမ်းတက်ရေယာဉ်အုပ်စုနှင့် မရိန်းတပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းသို့ အမေရိကန် ထပ်ပို့

မဲခေါင် 22 Mar - 2026
မဲခေါင်၊ မတ် ၂၂ အရှေ့အလယ်ပိုင်းသို့ မရိမ်းတပ်ဖွဲ့များကို အမေရိကန်စစ်တပ်က ထပ်မံစေလွှတ်နေသည်ဟု အမေရိကန် အရာရှိကြီးများက ရိုက်တာသတင်းဌာနကို ပြောကြားချိန်မှာပင် အီရန်နိုင်ငံအပေါ် လေကြောင်းထိုးစစ်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စ‌ရေးက ဆိုသည်။ ကမ်းတက်တိုက်ခိုက်ရေး‌ရေယာဉ် USS Boxer နှင့်အတူလိုက်ပါမည့် စစ်သင်္ဘောများနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိကြီး ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသော်လည်း ၎င်းတပ်ဖွဲ့များ၏ အခန်းကဏ္ဍကိုမူ မဖွင့်ဟပေ။ မရိန်းတပ်ဖွဲ့များအား အီရန်နိုင်ငံထဲသို့ စေလွှတ်သွားမည်လားဆိုခြင်းကို မဆုံးဖြတ်ရသေးကြောင်း အရာရှိကြီး ၂ ဦးက ပြောကြားပြီး ဖြစ်နိုင်ခြေရှိသော ပစ်မှတ်များတွင် အီရန်ရေနံလုပ်ငန်း၏ အချက်အခြာနေရာ ခါ့ဂ်ကျွန်းလည်း ပါဝင်နိုင်ကြောင်းသိရသည်။ ကြီးမားသော

မဲခေါင်၊ မတ် ၂၂

အရှေ့အလယ်ပိုင်းသို့ မရိမ်းတပ်ဖွဲ့များကို အမေရိကန်စစ်တပ်က ထပ်မံစေလွှတ်နေသည်ဟု အမေရိကန် အရာရှိကြီးများက ရိုက်တာသတင်းဌာနကို ပြောကြားချိန်မှာပင် အီရန်နိုင်ငံအပေါ် လေကြောင်းထိုးစစ်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စ‌ရေးက ဆိုသည်။

ကမ်းတက်တိုက်ခိုက်ရေး‌ရေယာဉ် USS Boxer နှင့်အတူလိုက်ပါမည့် စစ်သင်္ဘောများနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိကြီး ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသော်လည်း ၎င်းတပ်ဖွဲ့များ၏ အခန်းကဏ္ဍကိုမူ မဖွင့်ဟပေ။

မရိန်းတပ်ဖွဲ့များအား အီရန်နိုင်ငံထဲသို့ စေလွှတ်သွားမည်လားဆိုခြင်းကို မဆုံးဖြတ်ရသေးကြောင်း အရာရှိကြီး ၂ ဦးက ပြောကြားပြီး ဖြစ်နိုင်ခြေရှိသော ပစ်မှတ်များတွင် အီရန်ရေနံလုပ်ငန်း၏ အချက်အခြာနေရာ ခါ့ဂ်ကျွန်းလည်း ပါဝင်နိုင်ကြောင်းသိရသည်။

ကြီးမားသော မြေပြင်ထိုးစစ် ဆင်နွှဲရန် အမေရိကန်တပ်ဖွဲ့များကို ဒေါ်နယ်ထရမ့်က အမိန့်ပေးသွားနိုင်သည်ဟု အမေရိကန်နိုင်ငံသား ၃ ပုံ၊ ၂ ပုံ က ယုံကြည်နေကြကြောင်း Reuters/Ipsos စစ်တမ်းသစ်တစ်ခုက ပြသခဲ့ပြီး ထိုသို့ မြေပြင်စစ်ဆင်နွဲရေးကို လူ ၇ ရာခိုင်နှုန်းကသာ ထောက်ခံကြောင်းလည်း တွေ့ရှိခဲ့သည်။

ထိုအတောအတွင်းမှာပင် အီရန်မြို့တော် တီဟီရန်နှင့် နိုင်ငံအလယ်ပိုင်းမှ လက်နက်ထုတ်လုပ်ရေးစခန်းများ၊ ဒုံးပစ်စင်သိုလှောင်‌သော စခန်းများအား ပစ်မှတ်ထား၍ ကြီးမားသော လေကြောင်း စစ်ဆင်ရေး ၂ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က မတ်လ ၂၀ ရက်နေ့က ပြောသည်။

တစ်ဖက်တွင်လည်း အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တဲလ်အဗစ်နှင့် ဂျေရုဆလင်မြို့တို့တွင် လေကြောင်းတိုက်ခိုက်မှု ဥဩသံများ ဆူညံသွားခဲ့ကာ ကြားဖြတ်ပစ်ချမှုမှ ပေါက်ကွဲသံများကိုလည်း ကြားခဲ့ရသည်။

ကူဝိတ်နိုင်ငံမှ မီနာအယ်လ်အာမက်ဒီ ရေနံချက်စက်ရုံလည်း မကြာမီရက်ပိုင်းက အီရန်၏ ဒရုန်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ကြုံခဲ့ရပြီး မီးလောင်မှုများကြောင့် အချို့ အစိတ်အပိုင်းများ မီးလောင်ခဲ့ကြောင်း ကူဝိတ်အစိုးရ ရေနံကုမ္ပဏီက ပြောကြားသည်။

အီရန်နှင့် အိမ်နီးချင်းနိုင်ငံများမှ အရေးပါသော ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ၊ စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ရေနံစိမ်းဈေးနှုန်းများသည် စစ်ပွဲစတင်ပြီးနောက် ၅၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်သွားခဲ့သည်။

အေးကျော်
Ref: Reuters
#MeKongNews
#ကမ်းတက်ရေယာဉ်အုပ်စု
#မရိန်းတပ်ဖွဲ့
#အရှေ့အလယ်ပိုင်း
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now