မဲခေါင်၊ မတ် ၂၀
အိမ်နီးချင်းနိုင်ငံများမှ ရေနံနှင့် သဘာ၀ဓာတ်ငွေ့များကို အတားအဆီးမရှိ ဖျက်ဆီးမည်ဟု အီရန်ဘက်မှ ဆိုသဖြင့် မိမိနိုင်ငံ၊ အကျိုးစီးပွား၊ စီးပွားရေးရင်းမြစ်များကို ရန်ပြုလာပါက စစ်ရေးအရ ပြန်လည်တိုက်ခိုက်သွားရန်သာရှိသည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်က ယနေ့တွင် သတိပေးလိုက်သည်။
အစ္စရေးက အီရန်ရှိ အကြီးဆုံး သဘာ၀ဓာတ်ငွေ့သိုလှောင်ရာ South Pars ကို ဖောက်ခွဲတိုက်ခိုက်လိုက်ပြီးနောက် ရန်သူ အနောက်မဟာမိတ်နိုင်ငံများစီးပွားရေး ပြိုလဲစေလိုသည့် ရည်ရွယ်ချက်ဖြင့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ သိုလှောင်ရာ သိုက်များကို ဒုံးကျည်များဖြင့် ပစ်ခတ်ဖောက်ခွဲဖျက်ဆီးရမည်ဟု နိုင်ငံခြားရေးဝန်ကြီး အဘက်အရက်ဂျ်ချီက ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့စျေးကွက် ပျက်စီးစေရေး လက်တုံ့ပြန်သည့် စစ်ဆင်ရေးအဖြစ် Dark Age စစ်ဆင်ရေး ဖော်ဆောင်ကာ အိမ်နီးချင်းနိုင်ငံတချို့မှ စစ်ရေးပစ်မှတ်များအပြင် လောင်စာသိုလှောင်ရုံများကိုပါ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်နေသည်။
၎င်း၏ ကျောထောက်နောက်ခံအဖွဲ့များ ဖြစ်သည့် ဟစ်ဇ်ဘိုလာ၊ ဟူသီတပ်များကလည်း ထိုရည်ရွယ်ချက်ဖြင့် ပါဝင်တိုက်ခိုက်နေရာ အီရန်မြေထဲ စစ်သည်များဖြင့် ထိုးစစ်ဆင် ဝင်ရောက်ခြင်းမရှိပါက စစ်နိုင်ရန် မလွယ်သဖြင့် ဗီယက်နမ်စစ်ကဲ့သို့ စစ်ကြောင်း ဝင်ရောက်နိုင်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ရမ့်က ပြောဆိုထားသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အိမ်နီးချင်း
#ရေနံ
#ဓာတ်ငွေသိုက်
#အီရန်ကို
#ဆော်ဒီ








