နေ့စဥ်သတင်း

တာချီလိတ် FIN KTV မှ ဆူညံသံကြောင့် အနီးဝန်းကျင်နေထိုင်သူများ စိတ်နှလုံးဒုက္ခခံနေရ

မဲခေါင် 20 Mar - 2026
မဲခေါင်၊ မတ်လ ၁၉ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်းရှိ FIN KTV ဆိုင်မှ ထွက်ပေါ်နေသော ဆူညံသံများကြောင့် အနီးဝန်းကျင်တွင် နေထိုင်သူများ အချိန်ရှည်ကြာစွာ ဆင်းရဲဒုက္ခ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယင်း KTV မှ ဆူညံသံများသည် နေ့ညမပြတ် ထွက်ပေါ်နေပြီး အထူးသဖြင့် အဆောက်အဦအမိုးကို သွပ်ဖြင့် ဆောက်လုပ်ထားခြင်းကြောင့် အသံမလုံဘဲ အနီးဝန်းကျင်နေထိုင်သူများ ဆူညံသံများကို ခံစားနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တစ်နေ့မှ မရပ်ဘူး၊ ၅နှစ် ၆ နှစ်လောက်ရှိနေပြီ။ နေ့တိုင်း စိတ်ဆင်းရဲရတယ်။ အသက်ကြီးသူတွေလည်းရှိ၊ လေဖြတ်လူနာတွေပါရှိတော့ နေထိုင်ရတာအဆင်မပြေဘူး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

မဲခေါင်၊ မတ်လ ၁၉

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်းရှိ FIN KTV ဆိုင်မှ ထွက်ပေါ်နေသော ဆူညံသံများကြောင့် အနီးဝန်းကျင်တွင် နေထိုင်သူများ အချိန်ရှည်ကြာစွာ ဆင်းရဲဒုက္ခ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယင်း KTV မှ ဆူညံသံများသည် နေ့ညမပြတ် ထွက်ပေါ်နေပြီး အထူးသဖြင့် အဆောက်အဦအမိုးကို သွပ်ဖြင့် ဆောက်လုပ်ထားခြင်းကြောင့် အသံမလုံဘဲ အနီးဝန်းကျင်နေထိုင်သူများ ဆူညံသံများကို ခံစားနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တစ်နေ့မှ မရပ်ဘူး၊ ၅နှစ် ၆ နှစ်လောက်ရှိနေပြီ။ နေ့တိုင်း စိတ်ဆင်းရဲရတယ်။ အသက်ကြီးသူတွေလည်းရှိ၊ လေဖြတ်လူနာတွေပါရှိတော့ နေထိုင်ရတာအဆင်မပြေဘူး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ဒေသခံများအနေဖြင့် ၂၀၂၄ ခုနှစ်ကတည်းက ရပ်ကွက်ရုံးနှင့် မြို့နယ်ရုံးများသို့ လက်မှတ်ရေးထိုးကာ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ထိရောက်သော အရေးယူမှုမရှိခဲ့ကြောင်း သိရသည်။

“လာတိုင်တဲ့သူ ၃၀ ကျော်ရှိပြီလို့ ရုံးကပြောတယ်။ ဒါပေမယ့် အဲဆိုင်ကို အရေးမယူနိုင်‌သေးဘူး။ လာတိုင်သူတွေကိုလည်း ရက်ကွက်ရုံးက လျှို့ဝှက်မှတ်တမ်းယူထားပါတယ်။ အဲဒီ KTVက အကြီးအကဲတစ်ယောက်ပါတယ်။ ငှာနဆိုင်ရာလူတွေပါတယ်။ အဆောက်ဦးမြေပိုင်ရှင်ပါတယ်။ ထိုင်းလူမျိုးပါတယ်။ အားလုံးရှယ်ယာ ၈ယောက်လို့သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်ကလည်း တာဝန်ရှိသူများ လာရောက်စစ်ဆေးကာ သတိပေးခဲ့သော်လည်း တစ်ရက်၊ ၂ရက်သာ တိတ်ဆိတ်ပြီး နောက်တွင် ယခင်အတိုင်း ဆူမြဲသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီ KTV က ထိုင်းတွေအများဆုံးလာတယ်။ ထိုင်းတရားခံပြေးတွေ စားကျက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများအဆိုအရ ယင်း KTV လုပ်ငန်းတွင် အာဏာပိုင်များနှင့် ဆက်စပ်သူများ ပါဝင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး ထိုကြောင့် အရေးမယူနိုင်ခြင်း ဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ဆူညံသံပြဿနာ ကြုံတွေ့နေရသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ စစ်ဆေး၍ အသံလုံခြုံရေးစနစ်များ တပ်ဆင်ပေးရန်နှင့် လိုအပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။

#MeKongNews
#တာချီလိတ်
#KTV
#ဆူညံသံ
#အာဏာပိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now