မဲခေါင်၊ မတ် ၁၇
မတ် ၁၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပါကစ္စတန်ဖိုက်တာဂျက်လေယာဉ်များ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်ရှိ မူးယစ်ဆေးဖြတ်စင်တာကို တည့်တည့်ထိမှန်ကာ အနည်းဆုံး အယောက် ၄၀၀ သေဆုံးခဲ့သည်ဟု အာဖဂန်တာလီဘန်အစိုးရတာဝန်ရှိသူများက AFP သို့ ပြောဆိုသွားသည်။
အောက်တိုဘာလကတည်းက ပါကစ္စတန်နိုင်ငံအတွင်း ခွဲထွက်ရေးလိုလားသော အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာရာ တာလီဘန်အစိုးရက လက်ခံထားပြီး ထောက် ပံ့နေသည်ဟုဆိုကာ ပါကစ္စတန်ဘက်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တာလီဘန်ကို စစ်ကြေညာပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။
နယ်စပ်ဒေသတွင် ဖြစ်ပွားသောတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၇၅ ယောက်သေဆုံးခဲ့ပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာလီဘန် စစ်သားအိုမစ်စတန်နစ် ဇစ်က ဖိုက်တာဂျက်လေယာဉ်များကို မြင်ရပြီးနောက် တာလီဘန်တပ်များဘက်က ပစ်ခတ်မှုလုပ်ဆောင်ကြစဉ် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ကာဘူးလ်မြို့ရှိ မူးယစ်ဆေးစွဲနေသူ ၃၀၀၀ ကျော် ဆေးဖြတ်ရာ စင်တာကြီးအား အလုံးစုံ ပျက်စီးသွားစေသဖြင့် အနည်းဆုံး ၄၀၀ သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့ သည်ဟု တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က ပြောဆိုကာ လူသားမဆန်သော အကြမ်းဖက်မှုဟု ထုတ်ပြန်သွားခဲ့သည်။
ပါကစ္စတန်ကမူ နယ်စပ်ဒေသ အကြမ်းဖက်နေခြင်းအား ဖုံးကွယ်နိုင်စေရန် တာလီဘန်များသည် မဟုတ်မမှန်သတင်းကို ထုတ်ပြန်ခြင်းဖြစ်ကာ မိမိတို့တိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်အရှေ့ပိုင်း တာလီဘန် စစ်ရေးပစ်မှတ်များကိုသာ ပစ်မှတ်ထားတိုက်ခိုက်ကာ ပြည်သူနေရာများကို မပစ်ခတ်ခဲ့ဟု ငြင်းချက်ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပါကစ္စတန်
#အာဖဂန်နစ္စတန်
#ကာဘူးလ်
#တာလီဘန်
#မူးယစ်ဆေးဖြတ်စခန်း








