မဲခေါင်၊ မတ် ၁၆
အမေရိကန်နှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်မြို့တော် တီဟီရန်ကို Epic Fury စစ်ဆင်ရေးအဖြစ် စတင်တိုက်ခိုက်သည့် ပထမဆုံး စက္ကန့် ၃၀ အတွင်းမှာပင် အီရန်ခေါင်းဆောင် ခါမီနီ သေဆုံးပြီးနောက် ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်သည့် သားဖြစ်သူ မော့ဂျ်တဘာခါမီနီ သည်လည်း ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုစဉ်ကတည်းက ပျောက်ဆုံးနေရာ ရုရှားသမ္မတ ပူတင်ကိုယ်တိုင်က မော့ဂျ်တာဘာကို ပုဂ္ဂိုလ်ရေးအရ မော်စကိုတွင် လာရောက်ကုသရန် ကမ်းလှမ်းခဲ့ကြောင်း ကူဝိတ်သတင်းစာ Al-Jarida က ထုတ်ဖော်ရေးသားခဲ့သည်။
သတင်းများစွာတွင် မော့ဂျ်တဘာသည် ဒဏ်ရာများပြင်းထန်သဖြင့် ကိုမာဝေဒနာပင် ခံစားနေရသည်ဟု ဖော်ပြကြသော်လည်း Al-Jarida က ဖော်ပြမှု၌ ပူတင်သည် အလွန်လျှို့ဝှက်သော အစီအစဉ်ဖြင့် ရုရှား စစ်လေယာဉ်ကို အသုံးပြုကာ မော်စကိုသို့ ခေါ်ဆောင်ခဲ့ပြီး ခွဲစိတ်မှုများစွာပြုလုပ်ပြီးနောက် အောင်မြင်ခဲ့ကြောင်း မော့ဂျ်တဘာနှင့် အလွန်ရင်းနှီးသော အီရန်ဗိုလ်ချုပ်တစ်ဦး ပြောဆိုမှုအရ သိရသည်ဟု ဖော်ပြသွားခဲ့သည်။
ပူတင်သည် ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့က မော့ဂျ်တဘာကို မော်စကို အထူးကုဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် ပူတင်၏ နန်းတော်များထဲမှ တစ်ခုတွင် လျှို့ဝှက် ဆက်လက်ထားရှိသည်ဟုလည်း Al-Jarida က ဖော်ပြသွားခဲ့သည်။
The Sun ၏ ဖော်ပြမှုတွင်မူ မော့ဂျ်တဘာသည် အဆိုပါ တိုက်ခိုက်ခံရမှုတွင် ခြေထောက်တစ်ချောင်း ပြတ်သွားခဲ့ပြီး ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာများစွာရသလို အသည်းပါ ထိခိုက်ပျက်စီးခဲ့သည်ဟု ပါရှိခဲ့သည်။
ရုရှားသို့မသွားမီ ပြီးခဲ့သည့် တစ်ပတ်ကအထိ မော့ဂျ်တဘာသည် အီရန်ရှိ ဆီနာတက္ကသိုလ်ဆေးရုံတွင် တက်ရောက်နေသည်ဟုလည်း The Sun က ဆိုသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#မော်စကိုမြို့
#အီရန်ခေါင်းဆောင်
#မော့ဂျ်တဘာခါမီနီ
#ပူတင်








