နေ့စဥ်သတင်း

ကွတ်ခိုင်စစ်မီး နမ့်ခမ်းဘက်သို့ ကူးစက်လာပြီး ၁၂ မိုင်ကုန်းတွင် တိုက်ပွဲများဖြစ်ပွား

မဲခေါင် 16 Mar - 2026
မဲခေါင်၊ မတ် ၁၆ ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် – MNDAA က တအာင်းတပ် – TNLA စခန်းများကို စတင်တိုက်ခိုက်လာရာ ယနေ့နံနက်ပိုင်းတွင် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ ၁၂ မိုင်ကုန်းကို ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ မတ်လ ၁၅ ရက် ညနေပိုင်းက ကွတ်ခိုင်မြို့ကို MNDAA က အလုံးစုံနီးပါး ထိန်းချုပ်လိုက်ပြီးနောက် ယခုအခါ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ဘက်သို့ စစ်မီးဖြန့်ကျက်လာနေခြင်း ဖြစ်သည်။ “မနက်အစောကြီးကတည်းက ၁၂ မိုင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်။ နမ့်ခမ်းကို ကိုးကန့်တွေ တိုက်လာနိုင်တယ်။ နမ့်ခမ်းက TNLA ရဲ့

မဲခေါင်၊ မတ် ၁၆

ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် – MNDAA က တအာင်းတပ် – TNLA စခန်းများကို စတင်တိုက်ခိုက်လာရာ ယနေ့နံနက်ပိုင်းတွင် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ ၁၂ မိုင်ကုန်းကို ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၅ ရက် ညနေပိုင်းက ကွတ်ခိုင်မြို့ကို MNDAA က အလုံးစုံနီးပါး ထိန်းချုပ်လိုက်ပြီးနောက် ယခုအခါ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ဘက်သို့ စစ်မီးဖြန့်ကျက်လာနေခြင်း ဖြစ်သည်။

“မနက်အစောကြီးကတည်းက ၁၂ မိုင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်။ နမ့်ခမ်းကို ကိုးကန့်တွေ တိုက်လာနိုင်တယ်။ နမ့်ခမ်းက TNLA ရဲ့ နယ်စပ်အသက်ရှူပေါက်ဖြစ်နေတော့ အဲဒီနေရာကို ကိုးကန့်က ရသွားရင် TNLA အတွက် အခြေအနေ မကောင်းနိုင်ဘူး” ဟု မူဆယ်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ကွတ်ခိုင်မြို့တွင် ယမန်နေ့ ညနေ ၇ နာရီဝန်းကျင်အထိ TNLA တပ်ဧရိယာနှင့် တပ်အနောက်ဘက်သို့ ဒရုန်းဗုံးများ ပစ်ချတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ရပ်ကွက်နေပြည်သူများမှာမူ လက်ရှိအချိန်အထိ ထိခိုက်မှု မရှိကြောင်း သိရသည်။

ညပိုင်းတွင် TNLA ၏ ကွတ်ခိုင်ကွပ်ကဲရေးဌာနချုပ်ကို MNDAA က သိမ်းယူနိုင်ခဲ့သဖြင့် TNLA တပ်ဖွဲ့ဝင်များသည် ဂါလိုင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယင်းတိုက်ပွဲများကြောင့် လားရှိုးမြို့သို့ ခရီးသည်တင်ယာဉ် ပြေးဆွဲမှုများ ရပ်တန့်နေသော်လည်း တရုတ်ကုန်တင်တွဲကားကြီးများမှာမူ သီပေါ ၉ မိုင်လမ်းခွဲမှတစ်ဆင့် ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ကြောင်း ခရီးသွားများက ပြောသည်။

“ကားတွေ အားလုံး ရပ်ထားရတယ်။ တိုက်ပွဲကြား ပိတ်မိနေတဲ့ကားတွေကို ကိုးကန့်ဘက်က ပြန်လွှတ်ပေးပေမဲ့ လမ်းကြောင်းအတက်အဆင်းကိုတော့ ခွင့်မပြုသေးဘူး။ ထိခိုက်မှာစိုးလို့ မလွှတ်သေးတာလို့ ပြောတယ်။ အခြေအနေငြိမ်မှဆိုရင် တစ်ပတ်လောက်တော့ ကြာနိုင်တယ်” ဟု ကားဂိတ်မှူးတစ်ဦးက ဆိုသည်။

TNLA ဘက်ကမူ ယမန်နေ့အထိ MNDAA ၏ တိုက်ခိုက်မှုများအပေါ် ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် အမိန့်မပေးသေးဘဲ စေ့စပ်ညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်းသွားမည်ဟု ပြောကြားထားပါသည်။

#MeKongNews
#ကွတ်ခိုင်
#နမ့်ခမ်း
#MNDAA
#TNLA
#စစ်မီး
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now