မဲခေါင်၊ မတ် ၁၅
ဖေဖော်ဝါရီလကတည်းက မိုးရာသီဝင်ပြီးနောက် ထူးကဲမိုးရေချိန်များဖြင့် အဆက်မပြတ် မိုးရွာသွန်းနေသည့်အတွက် အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းဒေသများတွင် မြေပြိုမှုများကြောင့် သေဆုံးသူ အနည်းဆုံး ၈၀ ရှိပြီဟု အစိုးရက ကြေညာကာ ယ ယမန်နေ့မှစပြီး တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်ကျင်းပမည်ဟု ဆိုသည်။
ဂါချီဘာဘာ၊ ကမ်ဘာ၊ ဂါမိုဇုန်ရှိ ဘွန်ကီခရိုင်ဒေသများတွင် အဆိုးရွားဆုံးအနေအထားဖြင့် ရွှံ့စေးမြေများ ပြိုပိသဖြင့် လူပေါင်း ၃၄၆၁ ယောက် နေအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရပြီး အ နည်းဆုံး ၈၀ သေဆုံးကာ အများအပြားလည်း ပျောက်ဆုံးနေသေးသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ် ဆောင်နေသည်။
လက်ရှိ ကယ်ဆယ်နေမှုတွင် တစ်ဦးအား မြေစာပိနေသည့်အောက်မှ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည်ဟု အီသီယိုးပီးယားလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန် သည်။
မိုးသည်းထန်လွန်းမှုကြောင့် အ ရှေ့အာဖရိကနိုင်ငံများဖြစ်သော အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ တန်ဇန်းနီးယား၊ တောင်ဆူဒန်၊ ဆိုမာလီယာမြောက်ပိုင်းနှင့် ဒီဂျီဘူတီနိုင်ငံတို့တွင်လည်း ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်နေသည်။
ကင်ညာတွင် ရုတ်တရက် ရေကြီးမှုကြောင့် အနည်းဆုံး ၆၂ ယောက်သေဆုံးခဲ့သေးပြီး လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပိုမို မိုးရွာသွန်းဦးမည်ဟု ခန့်မှန်းထားသဖြင့် အထူး စိုးရိမ်နေကြရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီသီယိုးပီးယား
#မိုးကြီးမြေပြို
#သေဆုံး








