နေ့စဥ်သတင်း

ပင်လောင်းတွင် စစ်မှုထမ်းစရိတ် တိုးပြီးရင်း တိုးလာ၍ ဒေသခံများ အကျပ်ရိုက်

မဲခေါင် 12 Mar - 2026
မဲခေါင်၊ မတ် ၁၂ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် စစ်မှုထမ်းစရိတ်အတွက် လစဉ် ငွေကြေးကောက်ခံမှုများ ပိုမိုတိုးလာနေခြင်းကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်မှ စတင်ကာ စစ်ကောင်စီက စစ်မှုထမ်းစရိတ်အဖြစ် လစဉ် ငွေကောက်ခံလာခဲ့ပြီး အစပိုင်းတွင် တစ်အိမ်ထောင်လျှင် တစ်သောင်းခွဲမှ ၂ သောင်းကျပ်အထိသာ ကောက်ခံခဲ့သော်လည်း လက်ရှိတွင် တစ်အိမ်ထောင်လျှင် ၅ သောင်းကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။ “အခုဆို လတိုင်း ၅ သောင်းထိ ပေးရတယ်။ အရင်ကတော့ နည်းနည်းပဲ ကောက်တာ၊ အခုက တဖြည်းဖြည်း တိုးလာပြီး ပြည်သူတွေ မခံနိုင်တော့တဲ့

မဲခေါင်၊ မတ် ၁၂

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် စစ်မှုထမ်းစရိတ်အတွက် လစဉ် ငွေကြေးကောက်ခံမှုများ ပိုမိုတိုးလာနေခြင်းကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်မှ စတင်ကာ စစ်ကောင်စီက စစ်မှုထမ်းစရိတ်အဖြစ် လစဉ် ငွေကောက်ခံလာခဲ့ပြီး အစပိုင်းတွင် တစ်အိမ်ထောင်လျှင် တစ်သောင်းခွဲမှ ၂ သောင်းကျပ်အထိသာ ကောက်ခံခဲ့သော်လည်း လက်ရှိတွင် တစ်အိမ်ထောင်လျှင် ၅ သောင်းကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။

“အခုဆို လတိုင်း ၅ သောင်းထိ ပေးရတယ်။ အရင်ကတော့ နည်းနည်းပဲ ကောက်တာ၊ အခုက တဖြည်းဖြည်း တိုးလာပြီး ပြည်သူတွေ မခံနိုင်တော့တဲ့ အခြေအနေ ဖြစ်လာတယ်။ ဝင်ငွေက မတိုးဘူး၊ ကုန်ဈေးနှုန်းကပဲ တက်နေတော့ တော်တော် ခက်ခဲနေကြတယ်” ဟု ပေါင်းလောင်းမြို့ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းငွေများကို ဒေသခံ အုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် လစဉ်ကောက်ခံနေပြီး လကုန်ချိန်တိုင်း တစ်လစာအပြီး ပေးဆောင်ရကြောင်း ဒေသခံများက ဆိုသည်။

“တချို့အိမ်တွေဆို ဝင်ငွေမလောက်တော့လို့ အကြွေးယူပြီး ပေးနေရတယ်။ မပေးရင်လည်း အဆင်မပြေတော့ မဖြစ်မနေ ထည့်နေရတဲ့ အခြေအနေပါ” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောသည်။

ပေါင်းလောင်းမြို့သည် ကျေးရွာအုပ်စု ၂ ခုနှင့် မြို့ပေါ်ရပ်ကွက် ၆ ခုဖြင့် ဖွဲ့စည်းထားပြီး ဒေသခံများသည် စပါး၊ သရက်သီးနှင့် ငှက်ပျောသီး စိုက်ပျိုးခြင်း၊ ငါးဖမ်းလုပ်ငန်းများနှင့် အမဲလိုက်ခြင်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြကြောင်း သိရသည်။

လက်ရှိတွင် စီးပွားရေးအခြေအနေ မကောင်းသည့်ကြားမှ စစ်မှုထမ်းစရိတ်အတွက် လစဉ် ငွေကောက်ခံမှုများ တိုးလာခြင်းကြောင့် ဒေသခံ အိမ်ထောင်စုများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေကြောင်း ဒေသခံများက ပြောကြသည်။

#MeKongNews
#ပင်လောင်း
#စစ်မှုထမ်းစရိတ်
#ဒေသခံများ
#အကျပ်ရိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now