မဲခေါင်၊ မတ် ၈
ယနေ့ နံနက်အစောပိုင်းတွင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုရှိ အမေရိကန်သံရုံး၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကာ ပျက်စီးမှုအနည်းငယ် ရှိခဲ့သော်လည်း ဒဏ်ရာရရှိခြင်းများ မရှိဟု နော်ဝေးရဲတပ်ဖွဲ့က ပြောကြားသည်။
နံနက် ၁ နာရီခန့်တွင် အော်စလိုအနောက်ပိုင်းရှိ သံရုံးဝင်းအတွင်းမှ ပေါက်ကွဲသံ ကြားရပြီး မီးခိုးလုံးများ တက်လာသည်ကိုလည်း မြင်တွေ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။
“လမ်းပေါ်မှာ မီးခိုးလုံးတွေကို မြင်ရတယ်” ဟု ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သံရုံးအနီးမှ ကားမောင်းသွားခဲ့သော အသက် ၁၈ နှစ်အရွယ်ကျောင်းသား ဆီဘက်စတီယန်တိုအားစတက်က ပြောသည်။
သံရုံးအဝင်ဝတွင် အနည်းငယ် ပျက်စီးသွားသည်ဟုလည်း ဆီဘက်စတီယန်က ရိုက်တာသတင်းဌာနကို ပြောသည်။
ကောင်စစ်ဝန်ဌာန အဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အော်စလိုရဲတပ်ဖွဲ့က ပြောသည်။
နောက်ပိုင်းတွင် ရဲတပ်ဖွဲ့နည်းပညာရှင်များက ယင်းနေရာတွင်ရှင်းလင်းရေး လုပ်နေသည်ကို မြင်တွေ့ ရှင်းလင်းနေသည်ကို တွေ့ရပြီး ပေါက်ကွဲစေနိုင်သောပစ္စည်းများ ထပ်မံမတွေ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
“အနံ့ခံခွေးတွေ၊ ဒရုန်းနဲ့ ရဟတ်ယာဉ်တွေ အကူအညီနဲ့ အဲဒီနေရာမှာ စုစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ကျူးလွန်သူတွေကို ရှာဖွေနေပါတယ်” ဟု အော်စလို ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရုံးချိန်ပြင်ပ ဆက်သွယ်မှုများကို သံရုံးက ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
မှတ်ချက်ပေးရန် တောင်းဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
အေးကျော်
Ref: REUTERS
#MeKongNews
#နော်ဝေ
#အမေရိကန်သံရုံး
#ပေါက်ကွဲမှု








