ကမ္ဘာ့သတင်း

အီရန်စစ်ပွဲတွင် သုံးရန် ပက်ထရီယော့ဒုံးခွင်းစနစ်များ ရွှေ့ပြောင်းရေး တောင်ကိုရီးယားနှင့် အမေရိကန် ဆွေးနွေး

မဲခေါင် 6 Mar - 2026
မဲခေါင်၊ မတ် ၆ အီရန်စစ်ပွဲတွင် အသုံးပြုနိုင်ရန် တောင်ကိုရီးယားနိုင်ငံတွင် ထားရှိသော အမေရိကန်ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်များအား ရွှေ့ပြောင်းချထားနိုင်ရေးကို အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်တို့က ဆွေးနွေးနေသည်ဟု တောင်ကိုရီးယား နိုင်ငံခြား‌ရေးဝန်ကြီး ချိုဟွန်းက ပြောကြားသည်။ ရွှေ့ပြောင်းနိုင်သော အမေရိကန်ဒုံးခွင်းဒုံးစနစ်များအား နိုင်ငံ၏ အခြားနေရာများမှ အိုဆန်လေ တပ်စခန်းသို့ ပြောင်းရွှေ့ထားသည်ဟု မီဒီယာသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပါလီမန်၌ မေးမြန်းမှုတွင် ချိုဟွန်းက ယင်းကဲ့သို့ ပြန်ကြားခြင်းဖြစ်သည်။ အီရန်ပဋိပက္ခတွင် အသုံးပြုနိုင်ရန် ပက်ထရီယော့ ဒုံးကျည်များကို အမြန်ရွှေ့ပြောင်းရေး အမေရိကန်က စီစဉ်နေသလားဟု မေးမြန်းရာတွင် ၎င်းအနေဖြင့် မှတ်ချက်မပေးနိုင်ကြောင်း ဝန်ကြီးက ပြောသည်။ အီရန်အရေးတွင် မည်သည့်နိုင်ငံမှ မည်သည့် အကူအညီကိုမဆို အမေရိကန်က လက်ခံသွားမည်ဖြစ်ကြောင်း ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က

မဲခေါင်၊ မတ် ၆

အီရန်စစ်ပွဲတွင် အသုံးပြုနိုင်ရန် တောင်ကိုရီးယားနိုင်ငံတွင် ထားရှိသော အမေရိကန်ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်များအား ရွှေ့ပြောင်းချထားနိုင်ရေးကို အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်တို့က ဆွေးနွေးနေသည်ဟု တောင်ကိုရီးယား နိုင်ငံခြား‌ရေးဝန်ကြီး ချိုဟွန်းက ပြောကြားသည်။

ရွှေ့ပြောင်းနိုင်သော အမေရိကန်ဒုံးခွင်းဒုံးစနစ်များအား နိုင်ငံ၏ အခြားနေရာများမှ အိုဆန်လေ တပ်စခန်းသို့ ပြောင်းရွှေ့ထားသည်ဟု မီဒီယာသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပါလီမန်၌ မေးမြန်းမှုတွင် ချိုဟွန်းက ယင်းကဲ့သို့ ပြန်ကြားခြင်းဖြစ်သည်။

အီရန်ပဋိပက္ခတွင် အသုံးပြုနိုင်ရန် ပက်ထရီယော့ ဒုံးကျည်များကို အမြန်ရွှေ့ပြောင်းရေး အမေရိကန်က စီစဉ်နေသလားဟု မေးမြန်းရာတွင် ၎င်းအနေဖြင့် မှတ်ချက်မပေးနိုင်ကြောင်း ဝန်ကြီးက ပြောသည်။

အီရန်အရေးတွင် မည်သည့်နိုင်ငံမှ မည်သည့် အကူအညီကိုမဆို အမေရိကန်က လက်ခံသွားမည်ဖြစ်ကြောင်း ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသော်လည်း ဝါရှင်တန်ထံမှ စစ်ရေးအကူအညီတောင်းခံမှုကို ဆိုးလ်က လက်ခံရရှိထားခြင်း မရှိကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

စစ်ဆင်ရေးပိုင်းဆိုင်ရာ လုံခြုံရေး အကြောင်းပြချက်များကြောင့် စစ်လက်နက်ပစ္စည်းများ၊ စွမ်းဆောင်မှုများ ပြောင်းရွှေ့နေရာချထားနိုင်ခြေ၊ နေရာချထားခြင်း၊ ပြောင်းရွှေ့ခြင်းများကို မှတ်ချက်မပေးကြောင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်တပ်က ပြောကြားသည်။

ပက်ထရီယော့စနစ်များကို အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ချထားရန် အသင့်ပြင်ဆင်နေကြောင်းနှင့် ၎င်းတို့အား သယ်ဆောင်ရန် အမေရိကန်စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများ အိုဆန်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ မီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားကြောင့် တောင်ကိုရီးယားနိုင်ငံသည် ပူးတွဲကာကွယ်ရေးအတွက် ကြီးမား‌သော အမေရိကန်တပ်ဖွဲ့ကို လက်ခံထားကာ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ အပြင် ပက်ထရီယော့ဒုံးခွင်းဒုံးစနစ်များ အပါအဝင် မြေပြင်မှ ဝေဟင်ပစ် ကာကွယ်ရေးစနစ်များကိုလည်း လက်ခံထားရှိသည်။

အေးကျော်
Ref: Reuters
#MeKongNews
#အီရန်စစ်ပွဲ
#ပက်ထရီယော့
#ရွှေ့ပြောင်းရေး
#တောင်ကိုရီးယား
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now