ကမ္ဘာ့သတင်း

အီရန်စစ်သင်္ဘော ၃၀ ကျော်ကို ဖျက်ဆီးပစ်လိုက်သည်ဟု အမေရိကန်ပြော

မဲခေါင် 6 Mar - 2026
မဲခေါင်၊ မတ် ၆ အီရန်အပေါ် စစ်ဆင်ရေးများ စတင်ပြီးနောက်ပိုင်း အီရန်၏ စစ်သင်္ဘော ၃၀ ကျော်ကို အမေရိကန်စစ်ဘက်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းတွင် လတ်တလော မီးလောင်နေသော ဒရုန်းတင်သင်္ဘောကြီးလည်း ပါဝင်သည်ဟု အရှေ့အလယ်ပိုင်းစစ်ဆင်ရေးကို ကြီးကြပ်နေသော အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM မှ ထိပ်တန်းဗိုလ်ချုပ်ကြီးက ပြောသည်။ “ယခုအချိန်ထိ အမေရိကန်စစ်တပ်က အီရန်သင်္ဘော ၃၀ ကျော်ကို နှစ်မြုပ်ပစ်ခဲ့ပါတယ်” ဟု CENTCOM အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက သတင်းထောက်များအား ပြောကြားပြီး ၎င်းတို့အနက် လောလောဆယ် တိုက်ခိုက်မှုကြောင့် မီးလောင်နေသော အီရန် ဒရုန်းတင်စစ်သင်္ဘောကြီးလည်း ပါဝင်ကာ ၎င်းက ဒုတိယကမ္ဘာစစ်က လေယာဉ်တင်သင်္ဘော အရွယ်အစားရှိကြောင်း ကူးပါးက

မဲခေါင်၊ မတ် ၆

အီရန်အပေါ် စစ်ဆင်ရေးများ စတင်ပြီးနောက်ပိုင်း အီရန်၏ စစ်သင်္ဘော ၃၀ ကျော်ကို အမေရိကန်စစ်ဘက်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းတွင် လတ်တလော မီးလောင်နေသော ဒရုန်းတင်သင်္ဘောကြီးလည်း ပါဝင်သည်ဟု အရှေ့အလယ်ပိုင်းစစ်ဆင်ရေးကို ကြီးကြပ်နေသော အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM မှ ထိပ်တန်းဗိုလ်ချုပ်ကြီးက ပြောသည်။

“ယခုအချိန်ထိ အမေရိကန်စစ်တပ်က အီရန်သင်္ဘော ၃၀ ကျော်ကို နှစ်မြုပ်ပစ်ခဲ့ပါတယ်” ဟု CENTCOM အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက သတင်းထောက်များအား ပြောကြားပြီး ၎င်းတို့အနက် လောလောဆယ် တိုက်ခိုက်မှုကြောင့် မီးလောင်နေသော အီရန် ဒရုန်းတင်စစ်သင်္ဘောကြီးလည်း ပါဝင်ကာ ၎င်းက ဒုတိယကမ္ဘာစစ်က လေယာဉ်တင်သင်္ဘော အရွယ်အစားရှိကြောင်း ကူးပါးက ဆက်ပြောသည်။

အခုကျနော်တို့ ပြောနေချိန်မှာပဲ အဲဒီသင်္ဘောကြီး မီးလောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းလည်း သိသိသာသာ ကျဆင်းသွားပြီဖြစ်ကြောင်းနှင့် စစ်ပွဲပထမဆုံးရက်နှင့် နှိုင်းယှဉ်ပါက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီဟု ၎င်းက ပြောသည်။

အီရန်စစ်ဆင်ရေးတွင် အမေရိကန်က စွမ်းဆောင်ရည်သစ်များကို အသုံးပြုနေပြီး ယင်းတွင် အီရန်ထံမှ ကြီးမားသော ဒရုန်းခြိမ်းခြောက်မှုကို တန်ပြန်နိုင်သည့် စနစ်သစ်များလည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။

ထိုစနစ်တစ်ခုမှာ အီရန်ဒရုန်းများကို တစ်စစီဖြုတ်၍ လေ့လာပြီး အမေရိကန်က တည်ဆောက်ထားသည့် LUCAS တိုက်ခိုက်ရေးဒရုန်းများဖြစ်ကာ ယင်းစနစ်မှာ အီရန်နှင့် စစ်ပွဲတွင် လက်မလွှတ်နိုင်သော စနစ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အီရန်က နက်ရှိူင်းသော မြေအောက်တွင်ထားရှိသော ဒုံးကျည်ပစ်စင်များနှင့် ဒုံးကျည်ထုတ်လုပ်ရေးစခန်းများအား ပစ်မှတ်ထား၍ အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်ကြီးများက မြေအောက်သို့ ဖောက်ထွင်းနိုင်သည့် ပေါင် ၂၀၀၀ ဗုံးများဖြင့် ပြီးခဲ့သည့် နာရီပိုင်းကပင် တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ကူးပါးက သတင်းထောက်များကို ပြောကြားသည်။

အီရန်ဘက်က ဒရုန်းများဖြင့် တိုက်ခိုက်မှုများလည်း ၈၃ ရာခိုင်နှုန်း လျော့ကျသွားပြီဟုလည်း ၎င်းက ဆက်ပြောသည်။

အေးကျော်
Ref: indiatoday /Reuters
#MeKongNews
#အီရန်စစ်သင်္ဘော
#ဖျက်ဆီး
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now