ကမ္ဘာ့သတင်း

ယူကရိန်းစစ်ပွဲရပ်တန့်ရန် ပူတင်၏ သမီးတော်ဟု ထင်ရှားသည့် ပလေးဘွိုင်းမော်ဒယ် တောင်းဆို

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈ ယူကရိန်းကျူးကျော်စစ် ၄ နှစ်တင်းတင်းပြည့်ချိန်တွင် နှစ်ဖက်စလုံးမှ သန်းချီသေဆုံးနေရသည့် စစ်ပွဲကြီး ရပ်တန့်သင့်ပြီဟု ပူတင်၏ သမီးတော်ဟု လူသိများသော ပလေးဘွိုင်းမော်ဒယ် ကေစီနီယာဆော့ဘ်ချက်က ရဲရဲတင်းတင်း တိုက်တွန်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်သည် ယူကရိန်းအား ရုရှားကျူးကျော်မှု ၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ရာ စစ်ပွဲရပ်တန့်မှ ဖြစ်မည်ဟု ယခင်တွင် ပလေးဘွိုင်းမော်ဒယ် လုပ်ခဲ့သလို လက်ရှိ မီဒီယာထူထောင်သူ အဖြစ်နှင့် ဆိုရှယ်ဆယ်လီ အဖြစ်ပါ လုပ်နေသည့် ၄၄ နှစ်အရွယ် ကေစီနီယာဆော့ဘ်ချက်က ပူတင်အား လူသိရှင်ကြား ရည်ရွယ် တိုက်တွန်ခဲ့ခြင်း ဖြစ်သည်။ ကေစီနီယာဆော့ဘ်ချက်၏ ဖခင်သည် စိန့်ပီတာစဘာ့ဂ် မြို့တော်ဝန်လည်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းကျူးကျော်စစ် ၄ နှစ်တင်းတင်းပြည့်ချိန်တွင် နှစ်ဖက်စလုံးမှ သန်းချီသေဆုံးနေရသည့် စစ်ပွဲကြီး ရပ်တန့်သင့်ပြီဟု ပူတင်၏ သမီးတော်ဟု လူသိများသော ပလေးဘွိုင်းမော်ဒယ် ကေစီနီယာဆော့ဘ်ချက်က ရဲရဲတင်းတင်း တိုက်တွန်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်သည် ယူကရိန်းအား ရုရှားကျူးကျော်မှု ၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ရာ စစ်ပွဲရပ်တန့်မှ ဖြစ်မည်ဟု ယခင်တွင် ပလေးဘွိုင်းမော်ဒယ် လုပ်ခဲ့သလို လက်ရှိ မီဒီယာထူထောင်သူ အဖြစ်နှင့် ဆိုရှယ်ဆယ်လီ အဖြစ်ပါ လုပ်နေသည့် ၄၄ နှစ်အရွယ် ကေစီနီယာဆော့ဘ်ချက်က ပူတင်အား လူသိရှင်ကြား ရည်ရွယ် တိုက်တွန်ခဲ့ခြင်း ဖြစ်သည်။

ကေစီနီယာဆော့ဘ်ချက်၏ ဖခင်သည် စိန့်ပီတာစဘာ့ဂ် မြို့တော်ဝန်လည်း ဖြစ်ပြီး ပူတင်၏ နိုင်ငံရေး အကြံပေးတစ်ဦးလည်း ဖြစ်ကာ ဆော့ဘ်ချက်က အော်သိုဒေါ့ ခရစ်ယာန်ဘာသာ နှစ်ခြင်းခံခဲ့သောကြောင့် ပူတင်၏ သမီးတော် (Putin’s goddaughter) ဟု လူသိများခဲ့သည်။

ယူကရိန်းနှင့် ၎င်းအား အထောက်အပံ့ပေးသည့် နိုင်ငံများမှ အဓိက ပစ်မှတ်များကို နျူကလီးယားဒုံးကျည်ဖြင့် ပစ်ခတ်သင့်ပြီဟု ရုရှားသမ္မတဟောင်း မက်ဗီဒက်က ကြိမ်းမောင်း ပြောဆိုလာပြီးနောက် ဆော့ဘ်ချက်၏ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ရုရှားတွေ သေဆုံးနေရတယ်။ ယူကရိန်းသားတွေလည်း သေဆုံးနေရတယ်။ တစ်ခါတရံ မျက်စိတစ်မှိတ်အတွင်း သေဆုံးနေကြပြီး တချို့က နာကျင်မှုတွေခံစားနေရပြီးမှ သေဆုံးကြရတယ်။ ၂ နိုင်ငံစလုံးရဲ့ မြို့တွေဟာ အပူပေးနိုင်စွမ်း၊ အလင်းပေးနိုင်စွမ်း မရှိဘဲ အေးခဲနေကြတယ်။ ဒါကြောင့် လုံး၀ ရပ်တန့်သင့်ပါပြီ။ ၂ နိုင်ငံစလုံး ဒီစစ်ပွဲကြောင့် နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးတွေကို ခံစားရဦးမယ်” ဟု ၎င်းက ဆိုသည်။

၄ နှစ်တာကျူးကျော်စစ်အတွင်း ရုရှားစစ်သား သေဆုံးမှုသည် ၁ ဒသမ ၂၅ သန်းရှိခဲ့ပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သား အရေအတွက်ထက်ပင် များနေပြီဖြစ်ကာ အနောက်နိုင်ငံ အကြီးအကဲများ အကဲဖြတ်မှုအရ နိုဝင်ဘာလနောက်ပိုင်း ရုရှားစစ်သားများ လစဉ် ၄ သောင်းဝန်းကျင် သေဆုံးနေသည်ဟု ယုံကြည်ရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်းစစ်ပွဲ
#ရပ်တန့်
#ပူတင်
#ပလေးဘွိုင်းမော်ဒယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now