နေ့စဥ်သတင်း

မိုင်းဒဏ်ကြောင့် အရပ်သား ထိခိုက်မှုတွင် မြန်မာ စံချိန်တင်

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၇ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အကြွင်းအကျန်များကြောင့် အရပ်သားများ အဓိက ထိခိုက်သေဆုံးနေရပြီး ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာခဲ့ကြောင်း သိရသည်။ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ – Landmine and Cluster Munition Monitor ၏ အစီရင်ခံစာအရ ယခု ထိခိုက်မှုများအနက် အများဆုံး ဖြစ်ပွားသည့်ဒေသမှာ ရှမ်းပြည်ဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်း ထိခိုက်သေဆုံးမှု၏ ၁၉ ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်တစ်ခုတည်းက ကိုယ်စားပြုနေသည်။ ယင်းအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် အကြွင်းအကျန်များကြောင့်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အကြွင်းအကျန်များကြောင့် အရပ်သားများ အဓိက ထိခိုက်သေဆုံးနေရပြီး ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာခဲ့ကြောင်း သိရသည်။

ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ – Landmine and Cluster Munition Monitor ၏ အစီရင်ခံစာအရ ယခု ထိခိုက်မှုများအနက် အများဆုံး ဖြစ်ပွားသည့်ဒေသမှာ ရှမ်းပြည်ဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်း ထိခိုက်သေဆုံးမှု၏ ၁၉ ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်တစ်ခုတည်းက ကိုယ်စားပြုနေသည်။

ယင်းအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ စုစုပေါင်း ၂၀၂၉ ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားပြီး ယင်းအရေအတွက်မှာ ကမ္ဘာတစ်ဝှမ်းတွင် အမြင့်ဆုံးဖြစ်သည်ဟု ဆိုသည်။

ထိခိုက်နစ်နာသူများ၏ အများစုမှာ လယ်ယာလုပ်ကိုင်ရင်း၊ သစ်တောထွက်ပစ္စည်းရှာဖွေရင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရင်း သို့မဟုတ် နေရပ်ပြန်လာစဉ် မိုင်းနင်းမိခဲ့သူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ခရီးသွားလာခြင်း၊ ဆိုင်ကယ်မောင်းနှင်ခြင်းနှင့် ပဋိပက္ခကြောင့် အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်းများကလည်း မိုင်းထိခိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းများ အဖြစ် ဖော်ပြထားသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူစုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၈၂ ရာခိုင်နှုန်းမှာ လူသတ်မိုင်းများကြောင့် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ထိုပြင် ယခင်နှစ်များတွင် အရွယ်ရောက်ပြီးသား အမျိုးသားများ အများဆုံး ထိခိုက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ ကလေးသူငယ် ထိခိုက်သေဆုံးမှု ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စုစည်းထားသည့် စာရင်းများအရ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် မြို့နယ် ၂၁၁ ခုတွင် မြေမြှုပ်မိုင်းအန္တရာယ် ဆက်လက် ရှိနေဆဲဖြစ်ပြီး မိုင်းရှင်းလင်းရေးနှင့် အရပ်သား ကာကွယ်ရေး အရေးပေါ် လိုအပ်နေကြောင်း အစီရင်ခံစာက သတိပေးထားသည်။

ထိုသို့ မိုင်းအန္တရာယ် ကျယ်ပြန့်နေသော်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းတားမြစ်ရေး စာချုပ် – Mine Ban Treaty တွင် ယခုအချိန်အထိ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားသည်။

#MeKongNews
#မိုင်းဒဏ်
#အရပ်သား
#ထိခိုက်မှု
#မြန်မာ
#စံချိန်တင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now