ကမ္ဘာ့သတင်း

လာမည့် ၅ နှစ်တွင် ထိုင်ဝမ်အနီး၌ ဂျပန် ဒုံးကျည်များ ဖြန့်ကြက်မည်

မဲခေါင် 26 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ ဒေသတွင်းတင်းမာမှုများ တအုံနွေးနွေးဖြစ်နေစဉ် ၂၀၃၁ ခုနှစ်တွင် နိုင်ငံအနောက်ဘက် ဝေးလံသော ထိုင်ဝမ် အနီးမှကျွန်း၌ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကြက်သွားရန် ဂျပန်က စီစဉ်ထားသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ၂၀၂၂ ခုနှစ်က အစီအစဉ်ကို ဖော်ဆောင်ခဲ့ပြီး နောက်ပိုင်း ယိုနာဂူနီကျွန်း၌ ဒုံးကျည်ချထားမည့် အစီအစဉ်ကို ဂျပန်က ပထမဆုံးအကြိမ် အချိန်နှင့်တကွ ထုတ်ပြောလာခြင်းဖြစ်သည်။ ၆၈ မိုင်သာကွာဝေးသော ယိုနာဂူနီကျွန်းကို ရာသီဥတုသာယာပါက ထိုင်ဝမ်မှပင် လှမ်းမြင်နိုင်သည်။ အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ ဂျပန်ကုမ္ပဏီ ၂၀ အပေါ် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်၍ တရုတ်က အရေးယူခဲ့ပြီး နောက်တစ်ရက်တွင် ဂျပန်၏ ဒုံးကျည်ချထားမည့်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ဒေသတွင်းတင်းမာမှုများ တအုံနွေးနွေးဖြစ်နေစဉ် ၂၀၃၁ ခုနှစ်တွင် နိုင်ငံအနောက်ဘက် ဝေးလံသော ထိုင်ဝမ် အနီးမှကျွန်း၌ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကြက်သွားရန် ဂျပန်က စီစဉ်ထားသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။

၂၀၂၂ ခုနှစ်က အစီအစဉ်ကို ဖော်ဆောင်ခဲ့ပြီး နောက်ပိုင်း ယိုနာဂူနီကျွန်း၌ ဒုံးကျည်ချထားမည့် အစီအစဉ်ကို ဂျပန်က ပထမဆုံးအကြိမ် အချိန်နှင့်တကွ ထုတ်ပြောလာခြင်းဖြစ်သည်။

၆၈ မိုင်သာကွာဝေးသော ယိုနာဂူနီကျွန်းကို ရာသီဥတုသာယာပါက ထိုင်ဝမ်မှပင် လှမ်းမြင်နိုင်သည်။

အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ ဂျပန်ကုမ္ပဏီ ၂၀ အပေါ် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်၍ တရုတ်က အရေးယူခဲ့ပြီး နောက်တစ်ရက်တွင် ဂျပန်၏ ဒုံးကျည်ချထားမည့် အချိန်ကို ကာကွယ်‌ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမိက ထုတ်ပြောလာခြင်း ဖြစ်သည်။

ယိုနာဂူနီတွင် မြေပြင်မှဝေဟင်ပစ် တာလတ်ပစ် ဒုံးကျည်များကို ချထားမည်ဖြစ်ကာ ၎င်းတို့က ဝင်ရောက်လာသော ဒုံးကျည်များ၊ လေယာဉ်များကို ကြားဖြတ် ပစ်ချနိုင်သည်ဟု ကိုအိဇုမိက ပြောသည်။

၎င်း၏ ကြေညာချက်နှင့် ပတ်သက်၍ တရုတ်က တုံ့ပြန်မှုမလုပ်‌သေး‌‌‌ပေ။

သို့ရာတွင် နိုဝင်ဘာလက ယင်းကျွန်းသို့ ကိုအိဇုမိ သွားရောက်ချိန်တွင် ဂျပန်သည် ဒေသတွင်းတင်းမာမှု ဖန်တီးပြီး စစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ရေး လှုံ့ဆော်ရန် လုပ်ဆောင်နေသည်ဟု ပေကျင်းက ပြောကြားခဲ့သည်။

ထို့နောက်တွင် ဂျပန်ကျွန်းအနီးသို့ တရုတ်က ဒရုန်းများ ပျံသန်းခဲ့ရာတွင် ဂျပန်ကလည်း တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

လောလောဆယ်တွင် ယိုနာဂူနီကျွန်းပေါ်၌ ကမ်းရိုးတန်း စောင့်ကြည့်လေ့လာရေးစခန်းကို ဂျပန်ကို ထားရှိပြီး ဂျပန်တပ်ဖွဲ့ဝင် ၁၆၀ ကိုလည်း တပ်စွဲထားကြောင်း သိရသည်။

ရန်သူ့ဆက်သွယ်ရေးနှင့် ရေဒါများကို နှောင့်ယှက်နိုင်သော အီလက်ထရွန်းနစ် စစ်ဆင်‌ရေးအဖွဲ့ကိုလည်း ၂၀၂၆ ခုနှစ်တွင် ထူထောင်သွားရန်လည်း ဂျပန်က စီစဉ်ထားသည်။

ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်းပိုင်နယ်မြေ အဖြစ် တရုတ်က ပြောကြားပြီး ပြန်လည်ပေါင်းစည်းရန် အင်အားသုံးမည့် အရေးကိုလည်း ပယ်ချမထားပေ။

ထိုင်ဝမ်ကို တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပါက ဂျပန်က စစ်ရေးအရ တုံ့ပြန်နိုင်သည့်သဘော ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက နိုဝင်ဘာလတွင် ပြောကြားခဲ့ပြီးနောက် တိုကျိုနှင့် ပေကျင်းကြား တင်းမာမှုများ မြင့်တက်နေသည်။

အေးကျော်
Ref: BBC
#MeKongNews
#ထိုင်ဝမ်
#ဂျပန်
#ဒုံးကျည်များ
#ဖြန့်ကြက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now