ကမ္ဘာ့သတင်း

အီရန်တိုက်ခိုက်ရန် အမေရိကန် ဗိုလ်ချုပ်ကြီးဆန့်ကျင်မှု ထရမ့် ငြင်းဆို

မဲခေါင် 25 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ အမေရိကန်စစ်ဘက်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးက အီရန်အပေါ် ကြီးမားသောစစ်ပွဲဆင်နွှဲခြင်း၏ အန္တရာယ်များအား သတိပေးခဲ့သည် ဆိုသော သတင်းများကို သမ္မတ ဒေါ်နယ်ထရမ်က ငြင်းဆိုခဲ့ပြီး စစ်ဖြစ်ခဲ့လျှင် ဝါရှင်တန်က တီဟီရန်ကို အလွယ်တကူ အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ရေရှည် ပါဝင်ပတ်သက်ရမှု အပါအဝင် အီရန်အပေါ် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်အမျိုးမျိုးကို စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက သတိပေးခဲ့ကြောင်း အမေရိကန်မီဒီယာများက ရေးသား ဖော်ပြခဲ့ကြကြောင်း သိရသည်။ အီရန်အား တိုက်ခိုက်မှုတွင် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက မိမိတို့နှင့် ဆန့်ကျင်နေသည် ဆိုခြင်းမှာ ရာနှုန်းပြည့် မှန်ကန်မှု မရှိကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

အမေရိကန်စစ်ဘက်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးက အီရန်အပေါ် ကြီးမားသောစစ်ပွဲဆင်နွှဲခြင်း၏ အန္တရာယ်များအား သတိပေးခဲ့သည် ဆိုသော သတင်းများကို သမ္မတ ဒေါ်နယ်ထရမ်က ငြင်းဆိုခဲ့ပြီး စစ်ဖြစ်ခဲ့လျှင် ဝါရှင်တန်က တီဟီရန်ကို အလွယ်တကူ အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရေရှည် ပါဝင်ပတ်သက်ရမှု အပါအဝင် အီရန်အပေါ် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်အမျိုးမျိုးကို စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက သတိပေးခဲ့ကြောင်း အမေရိကန်မီဒီယာများက ရေးသား ဖော်ပြခဲ့ကြကြောင်း သိရသည်။

အီရန်အား တိုက်ခိုက်မှုတွင် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက မိမိတို့နှင့် ဆန့်ကျင်နေသည် ဆိုခြင်းမှာ ရာနှုန်းပြည့် မှန်ကန်မှု မရှိကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social ပေါ်တွင် ပြောသည်။

မိမိတို့ အားလုံးကဲ့သို့ပင် ဗိုလ်ချုပ်ကြီးကိန်းကလည်း စစ်မတိုက်ချင်ကြောင်း သို့သော်လည်း အီရန်အားတိုက်ရန် စစ်ရေးအဆင့်တွင် ဆုံးဖြတ်ခဲ့ပါက အလွယ်တကူ အနိုင်ရရှိမည်ဆိုခြင်းမှာ ၎င်း၏ ထင်မြင်ချက်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

“အီရန်ကို မတိုက်ဖူးလို့ သူမပြောပါဘူး။ ကျနော် ဖတ်ရှုနေရတဲ့ အကန့်အသတ်နဲ့ တိုက်ခိုက်မှု အတုအကြောင်းတောင် သူက မပြောပါဘူး။ သူသိတာ ဘယ်လို အနိုင်ရမလဲဆိုတာ တစ်ခုတည်း ရှိပါတယ်။ သူ့ကို လုပ်ခိုင်းလိုက်ရင်၊ သူကအဖွဲ့ကို ဦးဆောင်သွားပါလိမ့်မယ်” ဟု ထရမ့်က ဆိုသည်။

လက်နက်ခဲယမ်း မလုံလောက်မှုနှင့် မဟာမိတ်များ၏ ထောက်ခံမှု နည်းပါးခြင်းက အမေရိကန်စစ်သားများအပေါ် အန္တရာယ်များစေနိုင်ကြောင်းကို ဗိုလ်ချုပ်ကြီးက အိမ်ဖြူတော်နှင့် ပင်တဂွန်တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားခဲ့သည်။

အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ပါက အမေရိကန်နှင့် မဟာမိတ်တပ်များ ထိခိုက်ပျက်စီးနိုင်ခြေနှင့်အတူ အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပျက်သုဉ်းသွားမည့် အန္တရာယ်များနှင့်ပတ်သက်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးနှင့် အခြား ပင်တဂွန်အရာရှိများကလည်း သတိပေး ပြောကြားခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်က ဖော်ပြသည်။

အမေရိကန်သည် အီရန်တွင် တာရှည်မည့် ပဋိပက္ခထဲတွင် ပါဝင်ပတ်သက်ရနိုင်ကြောင်း ဗိုလ်ချုပ်ကြီးကိန်းက သတိပေးခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် အီရန်နှင့် စုန်ချီဆန်ချီ ညှိ နှိုင်းမှုများ လုပ်ဆောင်နေသော စတိဗ်ဝစ်ကော့ဗ်နှင့် သားမက်ဖြစ်သူ ဂျာရက်ကုရှ်နာတို့ကလည်း စစ်ဆင်နွှဲခြင်းကို ဆိုင်းထားပြီး သံတမန်ရေးကို အခွင့်အရေးပေးရန် သမ္မတကို တိုက်တွန်းနေကြောင်း Axios သတင်းက ဆက်လက်ဖော်ပြသည်။

သို့သော်လည်း အမေရိကန် မီဒီယာများက ရည်ရွယ်ချက်ရှိရှိဖြင့် မမှန်မကန် ရေးသားနေ​ကြောင်း ထရမ့်က စွပ်စွဲ ပြောကြားသည်။

“ကျနော်က ဆုံးဖြတ်ချက်ချတဲ့သူပါ။ ကျွန်တော်က သဘောတူညီချက်ရဖို့ကို ပိုပြီး လိုလားပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက် မရခဲ့ရင်တော့ ဒါဟာ အဲဒီနိုင်ငံနဲ့ သူ့ရဲ့ ပြည်သူတွေအတွက် ဆိုးရွားတဲ့နေ့ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အေးကျော်
Ref: AFP
#MeKongNews
#အီရန်
#တိုက်ခိုက်
#အမေရိကန်
#ဗိုလ်ချုပ်ကြီး
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now