နိုင်ငံတကာသတင်း

မဲခေါင်မြစ်ရေ နည်းလွန်း၍ ကျွန်းများသို့ လမ်းလျှောက်သွားပြီး ရွှေကျင်နေကြ

မဲခေါင် 25 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ နွေရာသီ ရောက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက တရားဝင် ကြေညာလိုက်ချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း နောင်ခိုင်းပြည်နယ်၊ နောင်ခိုင်းမြို့တွင် ရေအရင်းအမြစ်များ သိသိသာသာ လျော့ကျသွားခဲ့ကာ အထူးသဖြင့် မဲခေါင်မြစ်တွင် ရေအလွန် နည်းပါးနေကြောင်း ဒေသခံ ရေအရင်းအမြစ် အရာရှိများက ပြောကြားကြသည်။ မဲခေါင်မြစ်ရေ ခန်းနေသည်ကို အခွင့်ကောင်းယူ၍ ဆန်ခွမ်ခရိုင် ဘန်မွမ်းကျေးရွာတွင် နေထိုင်သူများက ရာစုနှစ်နှင့်ချီ၍ လုပ်ကိုင်ခဲ့ကြသော ရွှေကျင်သည့် ဓလေ့ကို ပြန်လည်အသက်သွင်းကာ တစ်နေ့လျှင် ဘတ်ငွေ ၈၀၀ မှ ၂ ထောင်ကြား စီနေကြကြောင်း သိရသည်။ မဲခေါင်မြစ်ရေအမြင့်သည် ဖေဖော်ဝါရီ ၂၂ ရက်ကထက် တစ်စင်တီမီတာ ပို၍ နိမ့်ကျသွားခဲ့ကာ ၁ ဒ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

နွေရာသီ ရောက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက တရားဝင် ကြေညာလိုက်ချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း နောင်ခိုင်းပြည်နယ်၊ နောင်ခိုင်းမြို့တွင် ရေအရင်းအမြစ်များ သိသိသာသာ လျော့ကျသွားခဲ့ကာ အထူးသဖြင့် မဲခေါင်မြစ်တွင် ရေအလွန် နည်းပါးနေကြောင်း ဒေသခံ ရေအရင်းအမြစ် အရာရှိများက ပြောကြားကြသည်။

မဲခေါင်မြစ်ရေ ခန်းနေသည်ကို အခွင့်ကောင်းယူ၍ ဆန်ခွမ်ခရိုင် ဘန်မွမ်းကျေးရွာတွင် နေထိုင်သူများက ရာစုနှစ်နှင့်ချီ၍ လုပ်ကိုင်ခဲ့ကြသော ရွှေကျင်သည့် ဓလေ့ကို ပြန်လည်အသက်သွင်းကာ တစ်နေ့လျှင် ဘတ်ငွေ ၈၀၀ မှ ၂ ထောင်ကြား စီနေကြကြောင်း သိရသည်။

မဲခေါင်မြစ်ရေအမြင့်သည် ဖေဖော်ဝါရီ ၂၂ ရက်ကထက် တစ်စင်တီမီတာ ပို၍ နိမ့်ကျသွားခဲ့ကာ ၁ ဒ သမ ၃၇ မီတာ ( ၄ ဒသမ ၄၉ ပေ) ခန့်သာရှိပြီး မြစ်အတွက် အရေးပါသော ၉ ဒသမ ၁၆ မီတာမှ များစွာ လျော့နည်းနေ သည်ဟု နောင်ခိုင်းရေအရင်း အ မြစ်ဌာနမှ ရေအရင်းအမြစ် သိပ္ပံဌာ နက ပြောကြားသည်။

မြစ်ရေ နည်းပါးသွားခြင်းကြောင့် ထိုင်း -လာအိုနယ် စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ကျောက်ဆောင်များ၊ သဲ‌သောင်ခုံများနှင့် ကမ်းခြေပုံစံ ကျယ်ပြန့်သောင်ပြင်များ ပေါ်ထွက်လာခဲ့ပြီး နောင်ခိုင်းပြည်နယ်၏ မဲခေါင်မြစ်တစ်လျှောက်မှ ခရိုင် ၆ ခုစလုံးတွင် သက်ရောက်နေသည်။

ယင်းခရိုင်များမှာ ဆန်ခွမ်၊ စီချင်းမိုင်၊ သာဘို၊ မွမ်နောင်ခိုင်၊ ဖွန်ဖီဆိုင်းနှင့် ရက်နာနာဝါပီ တို့ဖြစ်ကြောင်း သိရသည်။

အချို့နေရာများတွင် သဲသောင်ပြင်များကို လမ်းလျှောက်၍ လာအိုနိုင်ငံဘက်ခြမ်းမှ ကျွန်း‌လေးများဆီ လမ်းလျှောက်သွား၍ပင် ရသည်။

ထိုသို့ လမ်းလျှောက်သွားနိုင်သော နေရာတစ်ခုမှာ စီချင်းမိုင်ခရိုင်၊ ဘန်မိုခရိုင်ခွဲ၊ ဘန်မိုဒေသတွင် တည်ရှိပြီး ဒေသခံများသည် ထိုင်းကမ်းပါးနှင့် လာအိုနိုင်ငံသားများ စိုက်ပျိုးရေး လုပ်ကိုင်နေကြသော လာအိုပိုင် ဒွန်ချင်ချူးကျွန်းဆီသို့ လမ်းလျှောက်၍ အသွားအပြန် လုပ်နိုင်ကြောင်း သိရသည်။

အချို့နေရာများတွင် ထိုင်းနှင့် လာအို နှစ်ဖက်စလုံးမှ ဒေသခံများသည် လှေကို အသုံးပြုစရာမလိုဘဲ မဲခေါင်မြစ်ထဲ ငါးဆင်းဖမ်းနိုင်သည်။

အချို့သော သဲသောင်ပြင်များကိုလည်း အားကစားလုပ်ရန် နေရာများအဖြစ် ပြောင်းလဲထားသည်ကို တွေ့ရသည်။

အေးကျော်
Ref: The Nation
#MeKongNews
#မဲခေါင်မြစ်
#ရေနည်း
#ရွှေကျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now