နိုင်ငံတကာသတင်း

အရှေ့တောင်အာရှတွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောပိုင်နိုင်ငံ အင်ဒိုနီးရှားဖြစ်လာ

မဲခေါင် 24 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာတော့မည်ဖြစ်ကာ အောက်တိုဘာ ၅ ရက် အင်ဒိုနီးရှား တပ်မတော်နေ့၌ သင်္ဘောကြီး စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးတာဝန်ယူချိန်ကတည်းက ပရာဝိုဘီသည် တပ်မတော်အား အဆင့်မြှင့်တင်နိုင်ရေး ဖိုက်တာဂျက်လေယာဉ်များ၊ ဒုံးကျည်စနစ်နှင့် စစ်သင်္ဘောများဝယ်ယူအားဖြည့်ရေး ရည်မှန်းခဲ့ပြီး ယခုဝန်ကြီးချုပ်ဖြစ်လာချိန်တွင် ပထမဆုံး အီတလီ ရေတပ်ပိုင် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောအား ဝယ်ယူရန် ကမ်းလှမ်းရာတွင် အီတလီအစိုးရက ရောင်းချရန် ကတိပြုခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်တင်သင်္ဘောသည် ၁၉၈၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တပ်တော်ဝင်တာဝန်ထမ်းဆောင်ခဲ့ပြီး လေ့လာသူများက အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာကျသော

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာတော့မည်ဖြစ်ကာ အောက်တိုဘာ ၅ ရက် အင်ဒိုနီးရှား တပ်မတော်နေ့၌ သင်္ဘောကြီး စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးတာဝန်ယူချိန်ကတည်းက ပရာဝိုဘီသည် တပ်မတော်အား အဆင့်မြှင့်တင်နိုင်ရေး ဖိုက်တာဂျက်လေယာဉ်များ၊ ဒုံးကျည်စနစ်နှင့် စစ်သင်္ဘောများဝယ်ယူအားဖြည့်ရေး ရည်မှန်းခဲ့ပြီး ယခုဝန်ကြီးချုပ်ဖြစ်လာချိန်တွင် ပထမဆုံး အီတလီ ရေတပ်ပိုင် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောအား ဝယ်ယူရန် ကမ်းလှမ်းရာတွင် အီတလီအစိုးရက ရောင်းချရန် ကတိပြုခဲ့ခြင်းဖြစ်သည်။

ယင်းလေယာဉ်တင်သင်္ဘောသည် ၁၉၈၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တပ်တော်ဝင်တာဝန်ထမ်းဆောင်ခဲ့ပြီး လေ့လာသူများက အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာကျသော ရေလမ်းကြောင်းများ၊ ကျယ်ပြန့်သော ကျွန်းစုနိုင်ငံများအနေဖြင့် ပထဝီဝင်အနေအထားအရသော်လည်းကောင်း တရုတ်၏ တောင်တရုတ် ပင်လယ်တွင် စိုးမိုးလာမှုများကြောင့် လေယာဉ်တင်သင်္ဘော လိုအပ်သည်ဟု သုံးသပ်ခဲ့ကြသည်။

သို့သော် အခြားသော ကျွမ်းကျင်သူများက လေယာဉ်တင်သင်္ဘောတစ်စီး၏ လည်ပတ်မှုကုန်ကျ စားရိတ်သည် တစ်နှစ် ဒေါ်လာ သန်း ၅၀ မှ ၈၀ အထိ ရှိမည်ဖြစ်သောကြောင့် လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေးအစီအစဉ်များတွင် ရည်မှန်းချက်ကြီးမားစွာ မြှင့်တင်မည့် စီမံကိန်းများကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်နိုင်မည်ဟု သုံးသပ်နေကြသည်။

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံက ၁၉၉၇ ခုနှစ်ကတည်းက စပိန်တွင် တည်ဆောက်ခဲ့သော လေယာဉ်တင်သင်္ဘော HTMS Chakri Naruebet (CVH-911) ကို ဝယ်ယူခဲ့သဖြင့် ပထမဆုံး အရှေ့တောင်အာရှ၏ လေယာဉ် တင်သင်္ဘောပိုင်နိုင်ငံဖြစ်လာသော်လည်း ထိုသင်္ဘောသည် ကမ္ဘာ့အသေးဆုံးလေယာဉ်တင်သင်္ဘော အဖြစ် တန်ချိန် ၁၁၄၀၀ သာရှိသဖြင့် သဘာ၀ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရဟတ်ယာဉ် တင်ဆောင်မှုများ၊ ဒရုန်းများတင်ဆောင်မှုများသာလုပ်နိုင်ပြီး လေယာဉ်တင်ဆောင်ဆင်းသက်နိုင်ခြင်း မရှိပေ။

Defence Security Asia ၏ ဖော်ပြမှုတွင် အင်ဒိုနီးရှားဝယ်မည့် ဒေါ်လာ ၁ ဘီလီယံတန် Giuseppe Garibaldi လေယာဉ်တင် သင်္ဘောမှာမူ ဖိုက်တာဂျက်လေယာဉ်များတင်ဆောင်နိုင်သော်လည်း အင်ဒိုနီးရှားတွင် ဒေါင်လိုက် ဆင်းသက်နိုင်သော လေယာဉ်များမရှိခြင်း၊ သာမန်ဂျက်လေယာဉ် ဆင်းသက်ရန် ပြေးလမ်းတိုနေခြင်း တို့ကြောင့် အင်ဒိုနီးရှားသည်လည်း ရဟတ်ယာဉ်များသာ အဓိကတင်ဆောင်သွားနိုင်ဖွယ်ရှိသည်။

ကိုကလင်း
Ref: channelnewsasia
#MeKongNews
#အင်ဒိုနီးရှား
#အရှေ့တောင်အာရှ
#လေယာဉ်တင်သင်္ဘော
#အီတလီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now