နေ့စဥ်သတင်း

ထိုင်းမြောက်ပိုင်းအတွက် နွေရာသီမုန်တိုင်း သတိပေးချက် ထုတ်ပြန်

မဲခေါင် 22 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လာမည့် သီတင်းပတ် တနင်္လာနေ့မှ ဗုဒ္ဒဟူးနေ့အထိ ပြင်းထန်သော ရာသီဥတု အခြေအနေများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးကာ ထိုင်းမိုးလေဝသဌာနက နွေရာသီမုန်တိုင်းများနှင့် ပတ်သက်၍ ဒုတိယ သတိပေးချက် ထုတ်ပြန်လိုက်သည်။ မိုးသက်မုန်တိုင်းများ၊ လေပြင်း တိုက်ခတ်မှုများ၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများကို အရှေ့မြောက်ပိုင်း ဒေသများတွင် ပထမဦးဆုံး ကြုံတွေ့ရနိုင်ကာ နောက်ပိုင်းတွင် မြို့တော်ဘန်ကောက် နှင့် အနီးဝန်းကျင် ပြည်နယ်များ အပါအဝင် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ အရှေ့ပိုင်းတွင်ပါ ဆက်လက်၍ ရာသီဥတု ပြင်းထန်နိုင်ကြောင်း သိရသည်။ ထို့ပြင် မိုးကြိုးပစ်ခြင်းများလည်း ကြုံတွေ့ရနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက အသိပေးသည်။ တရုတ်နိုင်ငံမှ လေဖိအားများရပ်ဝန်းနှင့် လေအေးများ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လာမည့် သီတင်းပတ် တနင်္လာနေ့မှ ဗုဒ္ဒဟူးနေ့အထိ ပြင်းထန်သော ရာသီဥတု အခြေအနေများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးကာ ထိုင်းမိုးလေဝသဌာနက နွေရာသီမုန်တိုင်းများနှင့် ပတ်သက်၍ ဒုတိယ သတိပေးချက် ထုတ်ပြန်လိုက်သည်။

မိုးသက်မုန်တိုင်းများ၊ လေပြင်း တိုက်ခတ်မှုများ၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများကို အရှေ့မြောက်ပိုင်း ဒေသများတွင် ပထမဦးဆုံး ကြုံတွေ့ရနိုင်ကာ နောက်ပိုင်းတွင် မြို့တော်ဘန်ကောက် နှင့် အနီးဝန်းကျင် ပြည်နယ်များ အပါအဝင် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ အရှေ့ပိုင်းတွင်ပါ ဆက်လက်၍ ရာသီဥတု ပြင်းထန်နိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးကြိုးပစ်ခြင်းများလည်း ကြုံတွေ့ရနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက အသိပေးသည်။

တရုတ်နိုင်ငံမှ လေဖိအားများရပ်ဝန်းနှင့် လေအေးများ နိုင်ငံအရှေ့မြောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ဆီသို့ ရွေ့လျားလာသောကြောင့် ရာသီဥတုမတည်ငြိမ်မှု ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းနှင့် အရှေ့တောင်လေများသည် နိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် ထိုင်းပင်လယ်ကွေ့တွင် အားကောင်းလာနေကြောင်း၊ အနောက်ဘက် လေစီးကြောင်းတစ်ခုကလည်း မြောက်ပိုင်းနှင့် အရှေ့မြောက်ကို ဖြတ်သန်းနေကြောင်း ထိုင်းမိုးလေဝသဌာနက ပြောကြား သည်။

နိုင်ငံအထက်ပိုင်းမှ ပူပြင်းသော အခြေအနေများကလည်း မုန်တိုင်းကို ပို၍ ပြင်းထန်လာစေနိုင်သည်ဟုလည်း ဆိုသည်။

ထိုအတောအတွင်းမှာပင် နိုင်ငံမြောက်ပိုင်း၊ ဒုတိယမြို့တော် ချင်းမိုင်တွင် ဖေဖော်ဝါရီ ၂၀ နှင့် ၂၁ ရက်တွင် လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကို ခရိုင်ဒေသ အများအပြား၌ ခံစားခဲ့ရပြီး ချွမ်သောင် နှင့် ဒွိုင်လို ခရိုင် ၂ ခုတည်းမှာပင် နေအိမ်ပေါင်း အနည်းဆုံး ၄၉၀ ထိခိုက်ခဲ့ကြောင်း The Nation သတင်းအရ သိရသည်။

အေးကျော်
Ref: Bangkok Post
#MeKongNews
#ထိုင်းမြောက်ပိုင်း
#နွေရာသီမုန်တိုင်း
#သတိပေးချက်
#ထုတ်ပြန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now