နေ့စဥ်သတင်း

ကားသွားပြသည့် အေးသာယာမှ ပွဲစား ညီအကို လုယက် သတ်ဖြတ်ခံရပြီး ညီသေဆုံး

မဲခေါင် 15 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ကားပွဲစားညီအကို ၂ ဦးကို ဝယ်လက်က လုယက်ရန်ကြိုးစားရာမှ ညီဖြစ်သူ အသတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ နံနက်ပိုင်းက ကားပွဲစား ကိုသက်ကိုဖြိုးနှင့် ကိုသက်မော်ထူးတို့ ညီအစ်ကို ၂ ဦးက လူမှုကွန်ရက်ပေါ် အရောင်းတင်ထားသည့် ကားအား ဝယ်ယူရန်စိတ်ဝင်စားသဖြင့် ကြည့်ချင်သည်ဟုဆိုကာ ချိန်းဆိုထားသော ဝယ်လက်အား အောင်ပန်းမြို့တွင် ကားသွားပြရာ ဝယ်လက်ဘက်မှ တစ်ဦးက ၎င်းတို့ကို လုယက်ရန်ကြိုးစားပြီး ညီဖြစ်သူ ကိုသက်မော်ထူးအား ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။ “အောင်ပန်းကို ညီအကို ၂ယောက်ထဲ ကားသွားပြလိုက်တာ၊ ကားစကြည့်မယ်လုပ်တော့ ကားကြည့်တဲ့ဘက်က ဒေါင်ကောင်းကောင်း၊ အသက်နည်းနည်းကြီး (၄၀ကျော်ခန့်)

မဲခေါင်၊ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ကားပွဲစားညီအကို ၂ ဦးကို ဝယ်လက်က လုယက်ရန်ကြိုးစားရာမှ ညီဖြစ်သူ အသတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ကားပွဲစား ကိုသက်ကိုဖြိုးနှင့် ကိုသက်မော်ထူးတို့ ညီအစ်ကို ၂ ဦးက လူမှုကွန်ရက်ပေါ် အရောင်းတင်ထားသည့် ကားအား ဝယ်ယူရန်စိတ်ဝင်စားသဖြင့် ကြည့်ချင်သည်ဟုဆိုကာ ချိန်းဆိုထားသော ဝယ်လက်အား အောင်ပန်းမြို့တွင် ကားသွားပြရာ ဝယ်လက်ဘက်မှ တစ်ဦးက ၎င်းတို့ကို လုယက်ရန်ကြိုးစားပြီး ညီဖြစ်သူ ကိုသက်မော်ထူးအား ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

“အောင်ပန်းကို ညီအကို ၂ယောက်ထဲ ကားသွားပြလိုက်တာ၊ ကားစကြည့်မယ်လုပ်တော့ ကားကြည့်တဲ့ဘက်က ဒေါင်ကောင်းကောင်း၊ အသက်နည်းနည်းကြီး (၄၀ကျော်ခန့်) လူက စလုပ်တော့ သူတို့ ညီအစ်ကို၂ယောက်က လူကောင်သေးတော့ သူချကိုယ်ချ ပြန်ချပေမယ့် လူအားမမျှဘူးတဲ့။ အဲ့ချိန်မှာ အဲ့လူက ဓားထုတ်လာပြီး အငယ်ကောင်လေးကို ထိုးလိုက်တာ။ အကြီးတစ်ယောက်ကလည်း တော်တော် ဒဏ်ရာရသွားတယ် ပြောတယ်” ဟု တောင်ကြီး ကားပွဲစား အသိုင်းဝိုင်းမှ လူတစ်ဦးက မဲခေါင်ကို ပြောသည်။

၎င်းတို့ ညီအစ်ကို ၂ ဦးသည် ပအိုဝ်းတိုင်းရင်းသား လူငယ်များ ဖြစ်ကြပြီး သေဆုံးသူ ကိုသက်မော်ထူးသည် အသက် ၂၁ နှစ်သာ ရှိသေးကြောင်း သိရသည်။

၎င်းတို့သည် ကား၊ ဆိုင်ကယ်၊ ဖုန်းအရောင်းအဝယ်လုပ်ငန်းကို သူငယ်ချင်းများနှင့် အကျိုးတူလုပ်ကိုင်နေကြခြင်း ဖြစ်သည်။

လူသတ်မှု ကျူးလွန်ခဲ့သည့် ကားဝယ်လက်ဘက်မှ အနည်းဆုံး လူ ၂ ဦးခန့်ပါကြောင်း အစ်ကိုသက်ကိုဖြိုး၏ အပြောအရ သိရပြီး တရားခံများကို ဖမ်းမိထားပြီဟု အောင်ပန်းရဲစခန်းကဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း နစ်နာသူမိသားစုများအား မပြောသေးသလို ဘယ်နှဦးမိထားကြောင်းကိုလည်း အသိမ​ပေးသေးကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ယခုလပိုင်းအတွင်း လိုင်စင်မဲ့ယာဉ်များအား တင်းကြပ်စွာ ဖမ်းဆီးမှုများကြောင့် ကား၊ ဆိုင်ကယ် အရောင်းအဝယ် ပါးလျက်ရှိသလို ပွဲစားအချင်းချင်း ပြိုင်ဆိုင်မှုများလာကြောင်း ပွဲစားများကဆိုသည်။

#MeKongNews
#ပွဲစား
#လူသတ်မှု
#ကားဝယ်လက်
#အောင်ပန်း
#အေးသာယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now