ကမ္ဘာ့သတင်း

နျူကလီးယား မြေအောက်စက်ရုံကို အီရန် အားဖြည့်နေသည့် ဂြိုဟ်တုဓာတ်ပုံ ထွက်ပေါ်

မဲခေါင် 13 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၃ နျူကလီးယားစခန်းတစ်ခု အနီးမှ မြေအောက်စက်ရုံတစ်ရုံကို တောင့်တင်းခိုင်မာအောင် အီရန်က အားဖြည့်မှုများ လုပ်ဆောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရ သိရသည်။ အီရန်နှင့် အမေရိကန်အရာရှိကြီးများကြား ဆွေးနွေးမှုများ ဆက်လုပ်နေပြီး အီရန်က နျူကလီး ယား အစီအစဉ်အပေါ် သဘောတူညီချက် မယူခဲ့ပါက ထပ်မံ ၍ တိုက်ခိုက်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထား၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် ယင်းဓာတ်ပုံ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အခြေစိုက် သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေး အင်စတီကျူ – ISIS က ဦးစွာ လေ့လာဆန်းစစ်ခဲ့သည့် ဓာတ်ပုံများ၌ Pickaxe Mountain ဟု သိရှိကြသော ကိုလန်းဂတ်စ်လာတောင်ဒေသတွင် မြေအောက်ဥမင်ဝင် ပေါက်များအား

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃

နျူကလီးယားစခန်းတစ်ခု အနီးမှ မြေအောက်စက်ရုံတစ်ရုံကို တောင့်တင်းခိုင်မာအောင် အီရန်က အားဖြည့်မှုများ လုပ်ဆောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရ သိရသည်။

အီရန်နှင့် အမေရိကန်အရာရှိကြီးများကြား ဆွေးနွေးမှုများ ဆက်လုပ်နေပြီး အီရန်က နျူကလီး ယား အစီအစဉ်အပေါ် သဘောတူညီချက် မယူခဲ့ပါက ထပ်မံ ၍ တိုက်ခိုက်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထား၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် ယင်းဓာတ်ပုံ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေး အင်စတီကျူ – ISIS က ဦးစွာ လေ့လာဆန်းစစ်ခဲ့သည့် ဓာတ်ပုံများ၌ Pickaxe Mountain ဟု သိရှိကြသော ကိုလန်းဂတ်စ်လာတောင်ဒေသတွင် မြေအောက်ဥမင်ဝင် ပေါက်များအား အားဖြည့်နေ သည်ကို မြင်တွေ့ရသည်။

ယင်းစခန်းသည် အီရန်၏ ယူရေ နီယံ သန့်စင်လုပ်ငန်းများ၊ သို့မ ဟုတ် အရေးပါသော စက်ပစ္စည်းများကို ကာကွယ်သွားရန် ပုံဖော်ထားခြင်းဖြစ်နိုင်ကြောင်း သို့သော် ၎င်းစခန်း၏ ရည်ရွယ်ချက်အတိအကျနှင့် လည်ပတ်နေသည်လားဆိုခြင်းမှာ ရှင်းလင်းမှုမရှိကြောင်း ကျွမ်း ကျင်ပညာရှင်များက ပြောကြားကြသည်။

Pickaxe Mountain စခန်းသည် အမေရိကန်နှင့် အစ္စရေးတို့၏ ၂၀၂၅ ခုနှစ် ဇွန်လတိုက်ခိုက်မှု၌ ပါဝင်ခဲ့သော နေရာတစ်ခု မဟုတ်သော်လည်း ၎င်းနေရာမှ ၂ ကီလို မီတာအကွာရှိ နာတန့်ဇ် စခန်းမှာမူ တိုက်ခိုက်ခံခဲ့ရသည်။

၎င်းတောင်စခန်း၏ ဝင်ပေါက်တစ်ခု အပေါ်ဘက်တွင် ကွန်က ရစ် ထပ်လောင်းထားသည်ကိုဖေ ဖော်ဝါရီ ၁၀ ရက်က ဂြိုဟ်တုဓာတ်ပုံတစ်ပုံတွင် မြင်တွေ့ရသည်။

ကွန်ကရစ်များ မောင်းတင်ပေးသည့် ယာဉ်တစ်စီးကိုလည်း ထိုနေရာ၌ တွေ့မြင်ရသည်ဟု ISIS နှင့် ဗြိတိန်အခြေစိုက် ထောက် လှမ်း ခွဲခြမ်းစိတ်ဖြာရေး လုပ်ငန်း Maiar တို့က သဘောတူကြသည်။

အခြား ဥမင်ဝင်ပေါက်တစ်ခုတွင်လည်း ကျောက်တုံးနှင့် မြေကြီးများကို တွန်းထုတ်ပြီး ပြားနေအောင်လုပ်ထားသည်ကို တွေ့ရပြီး အနီးအနားတွင်လည်း သံကူကွန် ကရစ်အားဖြည့် အဆောက်အဦသစ်တစ်ခုကို မြင်ရသည်။

ထိုအပြောင်းအလဲများမှာ ဥမင်ဝင်ပေါက်များကို တောင့်တင်းခိုင်မာစေရန်နှင့် လေကြောင်းတိုက်ခိုက်မှု ဖြစ်လာခဲ့ပါက အပိုဆောင်း ကာကွယ်မှုပေးနိုင်ရန် ရည်ရွယ်ထားပုံရကြောင်း ISIS အဖွဲ့မှကျွမ်းကျင်သူများက ပြောကြားကြသည်။

ထို့ပြင် အနီးအနားရှိ နာတန့်ဇ် စ ခန်းနှင့် မြောက်ဘက် ၇၇ မိုင် အ ကွာတွင်ရှိသော အစ္စဖာဟန် နျူ ကလီးယားစခန်းများတွင်လည်း မကြာသေးမီ သီတင်းပတ်များက ပြုပြင်ရေးလုပ်ငန်းများနှင့် ကာ ကွယ်ရေးအတွက် အားဖြည့်မှုများ လုပ်ဆောင်ခဲ့သည်ကို ဂြိုဟ် တုဓါတ်ပုံများတွင် မြင်တွေ့ရသည်။

အေးကျော်
Ref:BBC
#MeKongnews
#နျူကလီးယား
#မြေအောက်စက်ရုံ
#အီရန်
#အားဖြည့်
#ဂြိုဟ်တုဓာတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now