နေ့စဥ်သတင်း

မိုင်းလားတွင် ဖရဲနှင့် သခွားကားစီးရေ ရာချီ သောင်တင်နေသဖြင့် ကုန်သည်များ အရှုံးပေါ်

မဲခေါင် 12 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် ဖရဲနှင့် သခွားသီးကားများမှာ စစ်ဆေးမှု တင်းကျပ်နေခြင်းကြောင့် စီးရေ ရာနှင့်ချီ၍ သောင်တင်နေကြောင်း မိုင်းလား – တာလော့ အသီးအနှံဈေးကွက်အတွင်းမှ သိရသည်။ တရုတ်နိုင်ငံဘက်မှ အထူးစိစစ်၍ တစ်ရက်လျှင် ကားအစီးရေ အနည်းငယ်သာ ဝင်ခွင့်ပြုသော်လည်း တရုတ်ဘက်တွင် ဝယ်လက်နည်းပါးနေခြင်းကြောင့် ယခုကဲ့သို့ သောင်တင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။ “လမ်းခရီးကြန့်ကြာတာ၊ တာလော့အတွင်းဝင်ဖို့ ရက်ရှည် စောင့်ဆိုင်းရတာတွေကြောင့် အသီးတွေ အပုပ်အနာများတာအပြင် ဝယ်လက်မရှိတော့ အရှုံးကတော့ များနေပြီ” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ ယခင် မူဆယ် – ကျင်စန်းကျော့ လမ်းကြောင်း ပွင့်စဉ်ကာလ တရုတ်နှစ်သစ်ကူး နီးကပ်ချိန်များတွင်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် ဖရဲနှင့် သခွားသီးကားများမှာ စစ်ဆေးမှု တင်းကျပ်နေခြင်းကြောင့် စီးရေ ရာနှင့်ချီ၍ သောင်တင်နေကြောင်း မိုင်းလား – တာလော့ အသီးအနှံဈေးကွက်အတွင်းမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ အထူးစိစစ်၍ တစ်ရက်လျှင် ကားအစီးရေ အနည်းငယ်သာ ဝင်ခွင့်ပြုသော်လည်း တရုတ်ဘက်တွင် ဝယ်လက်နည်းပါးနေခြင်းကြောင့် ယခုကဲ့သို့ သောင်တင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

“လမ်းခရီးကြန့်ကြာတာ၊ တာလော့အတွင်းဝင်ဖို့ ရက်ရှည် စောင့်ဆိုင်းရတာတွေကြောင့် အသီးတွေ အပုပ်အနာများတာအပြင် ဝယ်လက်မရှိတော့ အရှုံးကတော့ များနေပြီ” ဟု ကုန်သည်တစ်ဦးက ဆိုသည်။

ယခင် မူဆယ် – ကျင်စန်းကျော့ လမ်းကြောင်း ပွင့်စဉ်ကာလ တရုတ်နှစ်သစ်ကူး နီးကပ်ချိန်များတွင် ဝယ်လက် အများအပြားရှိခဲ့သော်လည်း ယခု မိုင်းလား – တာလော့ ဈေးကွက်တွင်မူ ဝယ်သူမရှိသလောက် ဖြစ်နေသဖြင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေခြင်း ဖြစ်သည်။

ဖရဲကားတစ်စီးလျှင် အသီးဖိုးမပါဝင်ဘဲ ကုန်ကျစရိတ်မှာ ယွမ် ၃ သောင်း (မြန်မာငွေ ကျပ်သိန်း ၁၈၀ ခန့်) ရှိနေသော်လည်း လက်ရှိဈေးကွက်တွင် အသီးအရည်အသွေး ကောင်းမှသာ တစ်စီးလုံးအပြတ်ကို ယွမ် ၃ သောင်းမှ ၄ သောင်း ကြားသာ ရရှိနေသောကြောင့် တောင်သူနှင့် လုပ်ငန်းရှင်များ အမြောက်အမြား ဆုံးရှုံးနေကြရကြောင်း သိရသည်။

“အမှန်က ဒီလို တရုတ်နှစ်သစ်ကူး အကြိုမှာ ဖရဲ၊ သခွား ဈေးတက်ရမှာ၊သဘောသဘာဝနဲ့ မကိုက်ညီစွာဘဲ ဈေးအေးသွားတာပါ။ အဝင်များတယ် ဆိုတာလည်း အစီးရေ ၂၀၊ ၃၀တဲ့၊ ကျင်စန်းကျော့ခေတ်က ပွဲရုံတစ်ရုံစာ အဝင်လောက်လေး၊ အားလုံးအဝင် ရာဂဏန်းရဲ့ အစွန်းလေးဆိုတော့ကာ တရုတ်နိုင်ငံတော်ကြီးရဲ့ ပြည်သူတွေရဲ့ စားသုံးမှုကို ပြန်သုံးသပ်ရတော့မယ်။ ဈေးကွက် တည်နေရာနဲ့လည်း ပတ်သက်မှုရှိတယ်”ဟု ဖရဲပွဲရုံတစ်ရုံက သုံးသပ်သည်။

လက်ရှိတွင် မိုင်းလားမြို့၊ တာလော့ကွင်းအတွင်း၌ သစ်သီးကားစီးရေ ရာနှင့်ချီ၍ ရှိနေကြောင်း သိရသည်။

ပြည်တွင်းလမ်းခရီး ကြန့်ကြာမှု၊ ကုန်ကျစရိတ် မြင့်မားမှု၊ တရုတ်နိုင်ငံ၏ နယ်စပ်ရေးရာ မူဝါဒနှင့် စားသုံးသူလိုအပ်ချက် ပြောင်းလဲမှုတို့အပြင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ တရုတ်သို့ တင်ပို့နေသည့် ဖရဲသီးများကြောင့်လည်း မြန်မာ့ဖရဲဈေးကွက် အထိနာနေခြင်းဖြစ်ကြောင်း သစ်သီးဝလံဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ခွာညိုသစ်သီးပွဲရုံ
#MeKongnews
#မိုင်းလား
#ဖရဲ
#သခွား
#သောင်တင်
#ကုန်သည်များ
#အရှုံးပေါ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now