ကမ္ဘာ့သတင်း

ရုရှားတွင် ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မကျင့်ပြီး ဝက်ခြံထဲပစ်ခဲ့ရာ ဝက်များ ကိုက်ဖြတ်၍ သေဆုံးမှု တရားခံအား ထောင်ဒဏ် ၂၃ နှစ် ချမှတ်

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ ရုရှားနိုင်ငံ၊ ခရက်စ်နိုယက်ဗ် ဒေသရှိ မွေးမြူရေးခြံတစ်ခုတွင် အလုပ်ရှင်၏ ၁၇ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကျင့်ကာ သတိလစ်သွားသည်အထိ ထိုးကြိတ် ရိုက်နှက်ပြီးနောက် ဝက်ခြံအတွင်း ပစ်ထားခဲ့သဖြင့် ဝက်များ ကိုက်ဖြတ် စားသောက်ခြင်း ခံခဲ့ရသည့်အမှုမှ တရားခံကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက် သည်။ အသက် ၄၂ နှစ်အရွယ် တရားခံ အီဂေါ ဇိုင်ကော့ဗ် ဆိုသူသည် ယခင်က ၎င်း၏ ညီအရင်းကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသူ ဖြစ်သည်။ ၎င်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် မွေးမြူရေးခြံပိုင်ရှင်က ဒုတိယအကြိမ် အခွင့်အရေး ပေးသည့်အနေဖြင့် အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်သော်လည်း ဇိုင်ကော့ဗ်နှင့်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရုရှားနိုင်ငံ၊ ခရက်စ်နိုယက်ဗ် ဒေသရှိ မွေးမြူရေးခြံတစ်ခုတွင် အလုပ်ရှင်၏ ၁၇ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကျင့်ကာ သတိလစ်သွားသည်အထိ ထိုးကြိတ် ရိုက်နှက်ပြီးနောက် ဝက်ခြံအတွင်း ပစ်ထားခဲ့သဖြင့် ဝက်များ ကိုက်ဖြတ် စားသောက်ခြင်း ခံခဲ့ရသည့်အမှုမှ တရားခံကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက် သည်။

အသက် ၄၂ နှစ်အရွယ် တရားခံ အီဂေါ ဇိုင်ကော့ဗ် ဆိုသူသည် ယခင်က ၎င်း၏ ညီအရင်းကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသူ ဖြစ်သည်။

၎င်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် မွေးမြူရေးခြံပိုင်ရှင်က ဒုတိယအကြိမ် အခွင့်အရေး ပေးသည့်အနေဖြင့် အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်သော်လည်း ဇိုင်ကော့ဗ်နှင့် အလုပ်ရှင်တို့အကြား ကာလရှည် အငြိုးအတေးများ ရှိခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့တွင် ဇိုင်ကော့ဗ်သည် အလုပ်ရှင်နှင့် စကားများခဲ့ပြီးနောက် တိရစ္ဆာန်များကို သတ်ဖြတ်ကာ မွေးမြူရေးတဲများကို မီးရှို့ပစ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အရက်မူးကာ ဝက်ခြံအတွင်း ဝင်လာခဲ့သည်။

ထိုစဉ် ပိုင်ရှင်၏ သမီးဖြစ်သူ မီလီနာရှီဗယ်ယိုဗာက ဝက်စာကျွေးနေသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကို တုတ်ဖြင့်ရိုက်၊ လက်သီးဖြင့် ခေါင်းကို အဆက်မပြတ် ထိုးကြိတ်ခဲ့ရာမှ မီလီနာမှာ သတိလစ် မေ့မျောသွားခဲ့ခြင်း ဖြစ်သည်။

၎င်းနောက် တရားခံသည် မီလီနာ၏ လက်ကိုင်ဖုန်းကို ယူဆောင်ကာ ထွက်ပြေးခဲ့ပြီး ရိုက်နှက်ခဲ့သည့် တုတ်နှင့် ဖုန်းကို မီးဖိုအတွင်း ထည့်ကာ သက်သေ ဖျောက်ဖျက်ခဲ့သည်။

မေ့မျောနေသည့် မီလီနာကို သွေးနံ့ရရှိသည့် ဝက်များက ကိုက်ဖဲ့စားသောက်ရာမှ ပေါင်ရှိ သွေးလွှတ်ကြောကြီး ပေါက်ထွက်သွားသည်အထိ ဒဏ်ရာရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

မွေးမြူရေးခြံပိုင်ရှင် ဇနီးမောင်နှံမှာ ထိုအချိန်တွင် စျေးဝယ်ထွက်နေသဖြင့် သမီးဖြစ်သူထံ ဖုန်းဆက်ရာတွင် ဆက်သွယ်၍ မရသောကြောင့် မီလီနာ၏ ရည်စားဖြစ်သူအား သွားရောက် ကြည့်ရှုခိုင်းခဲ့သည်။

မီလီနာ၏ ရည်စားက ဝက်တဲအတွင်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းကို တွေ့ရှိခဲ့ရသဖြင့် ထိတ်လန့်တကြား အော်ဟစ် အော့အန်ခဲ့ရပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့က ဇိုင်ကော့ဗ်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းက အဓမ္မကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ဆေးစစ်ချက်များအရ ပြုကျင့်ထားသည့် အထောက်အထားများ တွေ့ရှိခဲ့ရသဖြင့် တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုကလင်း
Ref:The Sun
#MeKongnews
#ရုရှား
#ဆယ်ကျော်သက်
#မိန်းကလေး
#အဓမ္မကျင့်
#သေဆုံးမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now