နေ့စဥ်သတင်း

ကက္ကူတွင် တစ်အိမ် ကျပ်တစ်သိန်းကျော် PNO ဆက်ကြေး တိုးတောင်း

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာတွင် တစ်အိမ်လျှင် ကျပ်တစ်သိန်းကျော် ဆက်ကြေး တောင်းနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် PNO စစ်ဦးစီးချုပ် ခွန်မြင့်အောင် နေထိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ ကက္ကူကျေးရွာတွင် ဖေဖော်ဝါရီလအတွက် စစ်သားရှေ့တန်းကြေးဟုဆိုကာ တအိမ်လျှင် တစ်သိန်းသုံးသောင်းကျပ် ဆက်ကြေး တောင်းနေခြင်း ဖြစ်သည်။ “အရင်လတွေက ပုံမှန် PNOနဲ့ စစ်တပ်အတွက် တစ်လ ၄ သောင်းကျပ် ကောက်တာ၊ ဒီ ၂ လပိုင်းကျမှ တစ်အိမ် တစ်သိန်းသုံးသောင်းကျပ်အထိ စစ်သားရှေ့တန်းကြေးဆိုပြီး တိုးကောက်လာတာ။ စစ်ဦးစီးချုပ် နေတဲ့ရွာလည်း ပြောသေးတယ်၊ ဆက်ကြေးက ပိုတောင် ထည့်ရသေးတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာတွင် တစ်အိမ်လျှင် ကျပ်တစ်သိန်းကျော် ဆက်ကြေး တောင်းနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် PNO စစ်ဦးစီးချုပ် ခွန်မြင့်အောင် နေထိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ ကက္ကူကျေးရွာတွင် ဖေဖော်ဝါရီလအတွက် စစ်သားရှေ့တန်းကြေးဟုဆိုကာ တအိမ်လျှင် တစ်သိန်းသုံးသောင်းကျပ် ဆက်ကြေး တောင်းနေခြင်း ဖြစ်သည်။

“အရင်လတွေက ပုံမှန် PNOနဲ့ စစ်တပ်အတွက် တစ်လ ၄ သောင်းကျပ် ကောက်တာ၊ ဒီ ၂ လပိုင်းကျမှ တစ်အိမ် တစ်သိန်းသုံးသောင်းကျပ်အထိ စစ်သားရှေ့တန်းကြေးဆိုပြီး တိုးကောက်လာတာ။ စစ်ဦးစီးချုပ် နေတဲ့ရွာလည်း ပြောသေးတယ်၊ ဆက်ကြေးက ပိုတောင် ထည့်ရသေးတယ်။ တချို့ ပြည်သူတွေဆို မရှိလို့ မျက်ရည်ပါ ကျနေရတယ်။ ပြည်သူတွေကို အနိုင်ကျင့်လိုက်တာဗျာ”ဟု ကက္ကူကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ကက္ကူကျေးရွာတွင် ယခင်လများက ဆက်ကြေးအဖြစ် တစ်လ ၃ သောင်းမှ ၅ သောင်း ကျပ်အထိသာ ကောက်ခံနေရာမှ ယခု ဖေဖော်ဝါရီလအတွက် ရုတ်တရက် တစ်သိန်းကျော်အထိ ဆက်ကြေး ကောက်ခံလာခြင်းကြောင့် တောင်သူလယ်သမားများသာ ဖြစ်သည့် ကျေးရွာပြည်သူများမှာ ဆက်ကြေး အပြည့်အဝပေးရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“တစ်နေ့လုပ် တစ်နေ့စားသမားတွေက ဘယ်လိုလုပ် ထည့်နိုင်မလဲဗျာ။ အခွန်ဆက်ကြေးကလည်း ဒီ တစ်ခုတည်းရှိတာမှ မဟုတ်တာ၊ အခုက တစ်နှစ်ကို ၁၂ မှုမဟုတ်တော့ဘူး။ တလကို ၁၂မှုဖြစ်နေပြီ”ဟု ကက္ကူ ဒေသခံတစ်ဦးက ပြောသည်။

ကက္ကူကျေးရွာသည် နာမည်ကျော် ကက္ကူမွေတော်ဘုရား တည်ရှိရာနေရာဖြစ်ပြီး ခရီးသွားများ အဓိက လာရောက် လည်ပတ်သည့် နေရာဖြစ်သည်။

ယင်းကျေးရွာတွင် PNO စစ်ဦးစီးချုပ် ခွန်မြင့်အောင် နေထိုင်သကဲ့သို့ PNO အဖွဲ့က ကျေးရွာပိုင်မြေများကို သိမ်းပိုက်ကာ မွေတော်ဘုရားရှေ့တွင် လိုင်ကွန်းဟိုတယ်ကို ဖွင့်လှစ်ထားသည်။

လက်ရှိတွင် PNO ပြည်သူ့စစ်သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေပြီး၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းကာ ရှေ့တန်းတိုက်ခိုက်ရေး တပ်သားများအဖြစ် အသုံးပြုနေကြောင်း သိရသည်။

#MeKongnews
#ကက္ကူ
#တစ်အိမ်
#ကျပ်တစ်သိန်းကျော်
#PNO
#ဆက်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now