မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်နိုင်မှုတွင် အဓိက အရေးအပါဆုံး နှစ်ပတ်လည် စစ်ရေးအစည်းအဝေးကြီးကိုပင် အီရန်ခေါင်းဆောင် အလီခါမေနီ တက်ရောက်ခြင်း မရှိဘဲ ထူးထူးခြားခြား ပျောက်ဆုံးနေသည်ဟု သတင်းများက ဖော်ပြလာသည်။
၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က အီရန်လေတပ်မှ စစ်ရေးအကြီးအကဲများသည် ခါမေနီမတိုင်မီ အစ္စလာမ္မစ် နိုင်ငံတော် ဦးဆောင်ထူထောင်သူ ရူဟိုလာခိုမေနီထံသို့ လာရောက်ကာ မဟာမိတ်ဖွဲ့ပြီး နိုင်ငံအာဏာအား အလွှဲအပြောင်း ဖြစ်စေခဲ့သည်။
ထို့ကြောင့် နှစ်စဉ် ထိုနေ့ရောက်တိုင်း လေတပ် အကြီးအကဲများနှင့် နိုင်ငံခေါင်းဆောင်တို့ အစည်းအဝေး လုပ်နေကျဖြစ်ရာ ၁၉၈၉ ခုနှစ်တွင် ခေါင်းဆောင် အရိုက်အရာ ဆက်ခံပြီးနောက် အလီခါမီနီသည် စစ်ပွဲကာလအတွင်း ကိုဗစ် ကပ်ဆိုးကာများအတွင်းမှာပင် မပျက်မကွက် တက်ရောက်ခဲ့သည်။
သို့သော် လက်ရှိတွင် အမေရိကန် ရေတပ်နှင့် လေတပ်များ အီရန်ကို အချိန်မရွေး ဝင်တိုက်နိုင်သည့် အနေအထားဖြင့် အနီးကပ် နေရာယူထားရာ ခါမေနီသည် ထိုအစည်းအဝေးသို့ပင် မတက်ဘဲ ယခင်ခေါင်းဆောင် ခိုမေနီ၏ မြေးဖြစ်သူ ၅၃ နှစ်အရွယ် ဟက်ဆန်ခိုမေနီကိုသာ ကိုယ်စားစေလွှတ်ပြီး နိုင်ငံအုပ်ချုပ်ရေး ယန္တရားကိစ္စရပ်များကိုပါ လွှဲပေးထားသည်။
သတင်းများအရ ၎င်းသည် တီဟီရန်မြို့ အောက်ဘက်ရှိ အလွန်လျှို့ဝှက် တည်ဆောက်ထားသော မြေအောက် ဘန်ကာအတွင်း ပုန်းနေသည်ဟု သိရှိရကာ အမေရိကန်က ယခုရက်အတွင်း နျူကလီးယား စွန့်လွှတ်ရေးနှင့် ဆန္ဒပြ ပြည်သူများကို မသတ်ရန် ညှိနှိုင်းဆွေးနွေးရေး တိုက်တွန်းမှုကိုလည်း မည်သည့်အခါမျှ နျူကလီးယား ပိုင်ဆိုင်ရေးကို မစွန့်လွှတ်နိုင်ဟုဆိုကာ တွေ့ဆုံဆွေးနွေးမှုကိုပါ ခါမေနီက လက်မခံဘဲ ငြင်းဆန်ခဲ့သဖြင့် အမေရိကန်ဘက်မှ အချိန်မရွေး ဝင်တိုက်ခိုက်ဖွယ်လည်း ရှိနေသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အစဉ်အလာမပျက်
#တက်နေကျ
#စစ်ရေးအစည်းအဝေး
#ခါမေနီ
#ပျောက်ကွယ်








