နိုင်ငံတကာသတင်း

စစ်ရှိန်မြှင့်တင်ကြောင်း ထိုင်းမီဒီယာများ ဖော်ပြချက် ကမ္ဘောဒီးယား ငြင်းဆို

မဲခေါင် 9 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၉ စစ်ရေးတည်ဆောက်မှုများ ရှိနေပြီး နယ်စပ်ပဋိပက္ခ ထပ်မံ ဖြစ်ပွားနိုင်ခြေရှိကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်ကို ကမ္ဘောဒီးယား လုံခြုံရေး တာဝန်ရှိသူများက ပယ်ချလိုက်ပြီး ထိုပြောဆိုချက်များမှာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်လိုက်သည်။ ထိုင်း ရွေးကောက်ပွဲကာလအတွင်း ဖနွမ်းပင်က အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးလက်နက်များ ဝယ်ယူခဲ့သဖြင့် တတိယအကြိမ် နယ်စပ်စစ်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း သတိပေးထားသည်ဟု အမည်မဖော်လိုသော လုံခြုံရေး ရင်းမြစ်များကို ကိုးကား၍ ထိုင်းသတင်းဌာန အများအပြားက မကြာသေးမီက ဖော်ပြခဲ့သည်။ ၎င်းဖြစ်ပေါ်မှုများသည် ထိုင်းနိုင်ငံက ရေရှည်ရယူထားသည့် လေကြောင်း အသာစီးရမှုကို အားနည်းသွားစေနိုင်ပြီး နယ်စပ်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ခြေရှိကြောင်း သတင်းများက ဆိုသည်။ သို့ရာတွင် ကမ္ဘောဒီးယား လုံခြုံရေးအရာရှိတစ်ဦးက

မဲခေါင်၊ ဖေဖော်ဝါရီ ၉

စစ်ရေးတည်ဆောက်မှုများ ရှိနေပြီး နယ်စပ်ပဋိပက္ခ ထပ်မံ ဖြစ်ပွားနိုင်ခြေရှိကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်ကို ကမ္ဘောဒီးယား လုံခြုံရေး တာဝန်ရှိသူများက ပယ်ချလိုက်ပြီး ထိုပြောဆိုချက်များမှာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်လိုက်သည်။

ထိုင်း ရွေးကောက်ပွဲကာလအတွင်း ဖနွမ်းပင်က အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးလက်နက်များ ဝယ်ယူခဲ့သဖြင့် တတိယအကြိမ် နယ်စပ်စစ်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း သတိပေးထားသည်ဟု အမည်မဖော်လိုသော လုံခြုံရေး ရင်းမြစ်များကို ကိုးကား၍ ထိုင်းသတင်းဌာန အများအပြားက မကြာသေးမီက ဖော်ပြခဲ့သည်။

၎င်းဖြစ်ပေါ်မှုများသည် ထိုင်းနိုင်ငံက ရေရှည်ရယူထားသည့် လေကြောင်း အသာစီးရမှုကို အားနည်းသွားစေနိုင်ပြီး နယ်စပ်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ခြေရှိကြောင်း သတင်းများက ဆိုသည်။

သို့ရာတွင် ကမ္ဘောဒီးယား လုံခြုံရေးအရာရှိတစ်ဦးက ထိုင်းသတင်းများကို ပယ်ချလိုက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပါအဝင် လက်ရှိ တည်ရှိနေသော ၂ နိုင်ငံ ငြိမ်းချမ်းရေး ယန္တရားများအပေါ် ကမ္ဘောဒီးယားက ဆက်လက်လိုက်နာနေကြောင်း ပြောကြားခဲ့သည်။

“နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ အပစ်အခတ် ရပ်စဲမှုကို ယုံကြည်ချက်အပြည့်နဲ့ တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နေပါတယ်” ဟု ကမ္ဘောဒီးယား အရာရှိကြီးက ဆိုသည်။

ကမ္ဘောဒီးယားအနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းကို ဆက်လက် ဦးစားပေးနေသလို တစ်ဖက်တွင်လည်း မိမိတို့၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေကို ကျူးကျော်တိုက်ခိုက်မှု မှန်သမျှမှ ကာကွယ်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

အေးကျော်
Ref:Khmer Tlmes
#MeKongnews
#စစ်ရှိန်
#မြှင့်တင်
#ထိုင်းမီဒီယာ
#ကမ္ဘောဒီးယား
#ငြင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now