မဲခေါင်၊ ဖေဖော်ဝါရီ ၆
ကရင်နီပြည်နယ်အတွင်းရှိ ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးနှင့် ယင်းလမ်းပေါ်သို့ ဖြတ်သန်းသွားလာသည့် လမ်းသွယ်များအားလုံးကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်မှ စ၍ အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် – KNDF က အရေးပေါ် ထုတ်ပြန်လိုက်သည်။
မြေပြင်စစ်ရေး အခြေအနေအရ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကာ လမ်းများကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီယနေ့မှစ၍ အများပြည်သူများအ နေဖြင့် ယင်းလမ်းများကို လုံးဝအ သုံးပြု သွားလာခြင်း မပြုရန် ကြေညာချက်တွင် ဖော်ပြထား သည်။
စစ်ကောင်စီ စစ်ကြောင်းများ သည် ဖရူဆို – ထားလဲ လမ်း မကြီးပေါ်နှင့် နန်းဖဲကျေးရွာဘက်သို့ ယမန်နေ့မှစ၍ စစ် ကြောင်းထိုး လှုပ်ရှားလာသော ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာများသည် အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများနှင့် နီးကပ်နေသဖြင့် ပြည်သူ လူထု၏ လုံခြုံရေးကို ငဲ့ညှာသောအားဖြင့် အထက်ပါလမ်းများကို လုံးဝ အသုံးမပြုကြရန် KNDF က အထူးမေတ္တာရပ်ခံထားသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက် အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တို့သည်စစ် ကြောင်း ၅ ကြောင်းထက်မနည်း အသုံးပြုကာ ကရင်နီပြည်သို့ စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခြင်းနှင့် လေ ကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ် ဆောင်နေသော ကြောင့် ပြည်သူလူထု ထိခိုက်မှုများရှိနေကြောင်း သိရသည်။
#MeKongnews
#ဒီးမော့ဆို
#ဖရူဆို
#ဘောလခဲ
#KNDF
#သတိပေး








